တာချီလိတ် - မိုင်းတွမ်းလမ်း သက်ဆိုင်ရာမှ ပြုပြင်ပေးရန် ဒေသခံ နှင့် ခရီးသွားများ မျှော်လင့်နေ

တာချီလိတ် - မိုင်းတွမ်းလမ်း သက်ဆိုင်ရာမှ ပြုပြင်ပေးရန် ဒေသခံ နှင့် ခရီးသွားများ မျှော်လင့်နေ
ဇူလိုငျ 23, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် - မိုင်းတွမ်းသွားလမ်းအား ယနေ့ အချိန်ထိ ကောင်းမွန်စွာ ခင်းကျင်းနိုင်ခြင်း မရှိသေးသည့် အတွက် မိုးတွင်းရောက်တိုင်း ယာဉ်သွား ယာဉ်လာခရီးသွားများ အနေဖြင့် အချိန်ကြန့်ကြာသည့် ခက်ခဲမှုများနှင့် နှစ်စဉ် ရင်ဆိုင်နေရသည့်အတွက် အဆိုပါ လမ်းပိုင်းအား သက်ဆိုင်ရာမှ ပြုပြင်ပေးရန် မျှော်လင့်နေကြကြောင်း သိရသည်။

"တာချီလိတ်လာမယ့် ရေပူစမ်းအတက်နားမှာ 4x2 ကားတွေဆို သွားမရတော့ဘူး၊ ကားငယ်တွေလည်း လူတွေဝိုင်းတွန်းပေးမှ ဗွက်ထဲက ထွက်နိုင်တာ၊ စစ်ကားကြီးတွေ မတက်နိုင်လို့ ထားခဲ့ရတာလည်း တွေ့ခဲ့ရတယ်၊ အရင်က အခုလောက် မဆိုးဘူး၊ အခုက လမ်းချိုင့်တွေဖြစ်လို့ မြေသားတွေပဲ ပြန်ဖို့ရာကနေ လမ်းက မကောင်းတော့တာ၊ ကတ္တရာ မခင်းနိုင်သေးရင်တောင် ကျောက်ခင်းနိုင်ရင် အဆင်ပြေ လောက်တယ်၊ မိုင်းတုံ - မိုင်းဆတ်လမ်းတောင် ကတ္တရာလမ်းခင်းနေပြီ၊ "ဟု ခရီးသွားတစ်ဦးက ပြောသည်။

အဆိုပါ လမ်းအား အဓိက အားပြုကာ တာချီလိတ်သော် လည်းကောင်း၊ မိုင်းဆတ်၊ မိုင်းတုံသို့ သော်လည်းကောင်း သွားရောက်သည့် ကုန်စည်ကားများ၊ နယ်မြေလုံခြုံရေးအတွက် အရေးပေါ် သွားရောက်ရသည့် တပ်မတော်စစ်ယာဉ်တန်းများ၊ တောင်ပေါ်ဒေသနေ တိုင်းရင်းသားများမှ ကျန်းမာရေးအတွက် အရေးပေါ်သွားရောက်ရသည့် အခါမျိုးတွင်  အချိန်မရွေး သွားလာနေရသည်ဖြစ်သည့်အတွက်  မိုးရာသီ ရောက်တိုင်း အဆိုပါ လမ်းပေါ် သွားလာရန် အဆင်မပြေမှုများရှိလာရာ ဒေသခံများနှင့် ခရီးသွားများက သက်ဆိုင်ရာများ အနေဖြင့် ပြုပြင်ပေးသင့်ကြောင်း ဆိုကြသည်။


ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်အတွင်းသို့ လူသုံးကုန်များနှင့် စားသုံးကုန် စသည့် ကုန်စည်များ ပေးပို့ရာတွင် အများအားဖြင့် တာချီလိတ်မှ တစ်ဆင့် သွားရောက် ပို့ဆောင်ရသည်ဖြစ်ရာ အများပြည်သူ သုံး လမ်းမှာ အဆင်ပြေချောမွေ့ခြင်း မရှိသည့်အတွက် ပြုလုပ်ပေးနိုင်ရန် ဒေသခံများက မျှော်လင့်နေခြင်း ဖြစ်ကြောင်း သိရသည်။



သတင်း - ကိုဇောင်း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် - မိုင်းတွမ်းသွားလမ်းအား ယနေ့ အချိန်ထိ ကောင်းမွန်စွာ ခင်းကျင်းနိုင်ခြင်း မရှိသေးသည့် အတွက် မိုးတွင်းရောက်တိုင်း ယာဉ်သွား ယာဉ်လာခရီးသွားများ အနဖြေင့် အချိန်ကြန့်ကြာသည့် ခက်ခဲမှုများနှင့် နှစ်စဉ် ရင်ဆိုင်နေရ သည့်အတွက် အဆိုပါ လမ်းပိုင်းအား သက်ဆိုင်ရာမှ ပြုပြင်ပေးရန် မျှော်လင့်နကြေကြောင်း သိရသည်။

"တာချီလိတ်လာမယ့် ရေပူစမ်းအတက်နားမှာ 4x2 ကားတွေဆို သွားမရတော့ဘူး၊ ကားငယ်တွေလည်း လူတွေဝိုင်းတွန်းပေးမှ ဗွက်ထဲက ထွက်နိုင်တာ၊ စစ်ကားကြီးတွေ မတက်နိုင်လို့ ထားခဲ့ရတာလည်း တွေ့ခဲ့ရတယ်၊ အရင်က အခုလောက် မဆိုးဘူး၊ အခုက လမ်းချိုင့်တွဖြေစ်လို့ မြေသားတွေပဲ ပြန်ဖို့ရာကနေ လမ်းက မကောင်းတော့တာ၊ ကတ္တရာ မခင်းနိုင်သေးရင်တောင် ကျောက်ခင်းနိုင်ရင် အဆင်ပြေ လောက်တယ်၊ မိုင်းတုံ - မိုင်းဆတ်လမ်းတောင် ကတ္တရာလမ်းခင်းနပြေီ၊ "ဟု ခရီးသွားတစ်ဦးက ပြောသည်။

အဆိုပါ လမ်းအား အဓိက အားပြုကာ တာချီလိတ်သော် လည်းကောင်း၊ မိုင်းဆတ်၊ မိုင်းတုံသို့ သော်လည်းကောင်း သွားရောက်သည့် ကုန်စည်ကားများ၊ နယ်မြေလုံခြုံရေးအတွက် အရေးပေါ် သွားရောက်ရသည့် တပ်မတော်စစ်ယာဉ်တန်းများ၊ တောင်ပေါ်ဒေသနေ တိုင်းရင်းသားများမှ ကျန်းမာရေးအတွက် အရေးပေါ်သွားရောက်ရသည့် အခါမျိုးတွင် အချိန်မရွေး သွားလာနေရသည်ဖြစ်သည့်အတွက် မိုးရာသီ ရောက်တိုင်း အဆိုပါ လမ်းပေါ် သွားလာရန် အဆင်မပြေမှုများရှိလာရာ ဒေသခံများနှင့် ခရီးသွားများက သက်ဆိုင်ရာများ အနဖြေင့် ပြုပြင်ပေးသင့်ကြောင်း ဆိုကြသည်။

"ကျွန်တော့် သူငယ်ချင်း (၁၂)ဘီးကား ကြက်သွန်တင်လာတာ၊ ခုထိ မရောက်သေးဘူးတဲ့၊ လမ်းကလည်းဆိုးတဲ့အပြင် ကားမှာ မိုးကာလည်း မလုံတော့ ကြက်သွန်တွေ မိုးရေထိပြီး ရက်ကြာသွားရင်တော့ ပုပ်သွားနိုင်တယ်"ဟု ပုံပါကျင် ဒေသခံတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်အတွင်းသို့ လူသုံးကုန်များနှင့် စားသုံးကုန် စသည့် ကုန်စည်များ ပေးပို့ရာတွင် အများအားဖြင့် တာချီလိတ်မှ တစ်ဆင့် သွားရောက် ပို့ဆောင်ရသည်ဖြစ်ရာ အများပြည်သူ သုံး လမ်းမှာ အဆင်ပြေချောမွေ့ခြင်း မရှိသည့်အတွက် ပြုလုပ်ပေးနိုင်ရန် ဒေသခံများက မျှော်လင့်နခြေင်း ဖြစ်ကြောင်း သိရသည်။

"တာချီလိတ် ကနေ မိုင်းဆတ် သွားမယ်ဆိုရင် မိုင်းတွမ်းအထိက လမ်းက အရမ်းဆိုးနေတယ်၊ မိုင်းတွမ်း ကျော်သွားမှ အဆင်ပြေတယ်၊ အခုက မိုးလည်းရွာ လမ်းကလည်း ဆိုးတော့ ကားသေးတွေ သွားလို့မရတာများတယ်၊ ကားကြီးတွေပဲရတယ်၊ အားလုံး ဖြစ်စေချင်တာက သက်ဆိုင်ရာများ အနေနဲ့ တာချီလိတ် - မိုင်းတွမ်းလမ်းတစ်လျှောက်လုံးကို မပြင်ပေးရင်တောင်မှ အတက်အဆင်းလမ်းကိုတော့ ပြင်ပေးစေချင်ပါတယ်"ဟု တာချီလိတ် - မိုင်းဆတ် ယာဉ်လိုင်းပြေးဆွဲနေသူ ကိုနေမျိုးသူရက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းတွမ်းဒေသသည် မိုင်းဆတ်ခရိုင်ထဲတွင် ပါဝင်ပြီး ရှမ်း၊ "ဝ" နှင့် လားဟူတိုင်းရင်းသားများ အများဆုံး နေထိုင်ကြောင်း သိရသည်။

သတင်း - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~