မူဆယ္ဘက္သို႔သြားမည့္ ေက်ာက္စိမ္းသယ္လာသည့္ ကားတစ္စီး ေရပူစစ္ေဆးေရးစခန္းတြင္ ရပ္ထားခဲ့ၿပီး ယာဥ္ေမာင္း တိမ္းေရွာင္

မူဆယ္ဘက္သို႔သြားမည့္ ေက်ာက္စိမ္းသယ္လာသည့္ ကားတစ္စီး ေရပူစစ္ေဆးေရးစခန္းတြင္ ရပ္ထားခဲ့ၿပီး ယာဥ္ေမာင္း တိမ္းေရွာင္
ဇူလိုင် 16, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း ) သိႏၷီျမိဳ႕နယ္ရွိ ေရပူစစ္ေဆးေရးဂိတ္တြင္ ဇူလိုင္လ(၁၅) ရက္ညပိုင္း စစ္ေဆးေရး လုပ္ငန္းမ်ား လုပ္ေဆာင္ေနစဥ္ စစ္ေဆးေရးနယ္နိမိတ္အတြင္း ရပ္တန္႔၍ပစ္ထားခဲ့သည့္ ခရီးသည္တင္ကား တစ္စီး၏ ေနာက္ခန္းထဲမွ ငွက္ေပ်ာသီးမ်ားျဖင့္ ဖံုးအုပ္သယ္ေဆာင္လာသည့္ ေက်ာက္စိမ္းတံုးမ်ားအား ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

“ည (၁၂)နာရီဝန္းက်င္မွာ စစ္ေဆးေရးလုပ္ေနတဲ့အခ်ိန္ အဲဒီကားက အလယ္မွာ ပိတ္မိေနတာ။ ကြ်န္ေတာ္တို႔က စစ္တဲ့ကားေတြကို စစ္တဲ့အခ်ိန္ အျခားကားေတြကလည္း ရပ္ထားရတာ။ အဲဒီကားရဲ႕ေရွ႕မွာ အစီး(၂၀)ေလာက္ ရပ္ၿပီး ပိတ္မိေနတာျဖစ္တဲ့အတြက္ ကားေမာင္းလာသူက ကားကိုေသာ့ တန္းလန္းန႔ဲပစ္ထားၿပီး ေရွာင္တိမ္း သြားခဲ့တာပါ။ ကားကေတာ့ လိုင္စင္ပါ ပါတယ္။ ခရီးသည္တင္ကား( Crown )တစ္စီးျဖစ္ပါတယ္ “ဟု ေရပူ စစ္ေဆးေရးဂိတ္မွ စစ္ေဆးေရးအဖြဲ႔ေခါင္းေဆာင္ ဦးတက္ထြန္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရပူစစ္ေဆးေရးဂိတ္အတြင္း ယာဥ္မ်ားအားစစ္ေဆးေနစဥ္ မႏၱေလးမွ မူဆယ္သို႔သြားမည့္ အဆိုပါ ယာဥ္အား ရပ္တန္႔၍ ယာဥ္ေမာင္းမွာတိမ္းေရွာင္သြားခဲ့သည့္အတြက္ ပိုင္ရွင္မဲ့ အေနျဖင့္ ဖမ္းဆီးရမိထားျခင္းျဖစ္ၿပီး ေက်ာက္စိမ္းမ်ားအား လားရိႈးၿမိဳ႕ အေကာက္ခြန္ဦးစီးဌာနသို႔ ဇူလိုင္( ၁၆ )ရက္နံနက္ပိုင္းတြင္ ပို႔ေဆာင္၍ တန္ဖိုးမ်ား တြက္ခ်က္ေနဆဲျဖစ္ေၾကာင္း ဦးတက္ထြန္းေအာင္ထံမွ သိရသည္။
စစ္ေဆးေရးစခန္းအား ၿခိမ္းေျခာက္ခံရမႈမ်ားလည္းရိွေနေၾကာင္း သိရသည္။

သတင္း - #ေနၿဖိဳးျမင့္
ဓာတ္ပံု - ေရပူအျမဲတမ္းစစ္ေဆးေရးစခန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း ) သိန္နီမြို့နယ်ရှိ ရေပူစစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ(၁၅) ရက်ညပိုင်း စစ်ဆေးရေး လုပ်ငန်းများ လုပ်ဆောင်နေစဉ် စစ်ဆေးရေးနယ်နိမိတ်အတွင်း ရပ်တန့်၍ပစ်ထားခဲ့သည့် ခရီးသည်တင်ကား တစ်စီး၏ နောက်ခန်းထဲမှ ငှက်ပျောသီးများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများအား ဖမ်းဆီးရမိထားကြောင်း သိရသည်။

“ည (၁၂)နာရီဝန်းကျင်မှာ စစ်ဆေးရေးလုပ်နေတဲ့အချိန် အဲဒီကားက အလယ်မှာ ပိတ်မိနေတာ။ ကျွန်တော်တို့က စစ်တဲ့ကားတွေကို စစ်တဲ့အချိန် အခြားကားတွေကလည်း ရပ်ထားရတာ။ အဲဒီကားရဲ့ရှေ့မှာ အစီး(၂၀)လောက် ရပ်ပြီး ပိတ်မိနေတာဖြစ်တဲ့အတွက် ကားမောင်းလာသူက ကားကိုသော့ တန်းလန်းနဲ့ပစ်ထားပြီး ရှောင်တိမ်း သွားခဲ့တာပါ။ ကားကတော့ လိုင်စင်ပါ ပါတယ်။ ခရီးသည်တင်ကား( Crown )တစ်စီးဖြစ်ပါတယ် “ဟု ရေပူ စစ်ဆေးရေးဂိတ်မှ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးတက်ထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရေပူစစ်ဆေးရေးဂိတ်အတွင်း ယာဉ်များအားစစ်ဆေးနေစဉ် မန္တလေးမှ မူဆယ်သို့သွားမည့် အဆိုပါ ယာဉ်အား ရပ်တန့်၍ ယာဉ်မောင်းမှာတိမ်းရှောင်သွားခဲ့သည့်အတွက် ပိုင်ရှင်မဲ့ အနဖြေင့် ဖမ်းဆီးရမိထားခြင်းဖြစ်ပြီး ကျောက်စိမ်းများအား လားရှိုးမြို့ အကောက်ခွန်ဦးစီးဌာနသို့ ဇူလိုင်( ၁၆ )ရက်နံနက်ပိုင်းတွင် ပို့ဆောင်၍ တန်ဖိုးများ တွက်ချက်နေဆဲဖြစ်ကြောင်း ဦးတက်ထွန်းအောင်ထံမှ သိရသည်။
စစ်ဆေးရေးစခန်းအား ခြိမ်းခြောက်ခံရမှုများလည်းရှိနေကြောင်း သိရသည်။

သတင်း - #နဖြေိုးမြင့်
ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~