စာပေဟောပြောပွဲများနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ဥပဒေရေးဆွဲထုတ်ပြန်ရန် အစီအစဉ်မရှိသေး

စာပေဟောပြောပွဲများနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ဥပဒေရေးဆွဲထုတ်ပြန်ရန် အစီအစဉ်မရှိသေး
ဇူလိုငျ 13, 2017
By Tachileik News Agency

စာပေဟောပြောပွဲများနှင့် ပတ်သက်၍ စည်းကမ်းတကျရှိစေရေးနှင့် ပါတီအချို့၏ လက်ကိုင်တုတ် ယန္တရား မဖြစ်စေရေးအတွက် ဥပဒေအတစ်ရပ် ထုတ်ပြန်ရန် အစီအစဉ်ရှိ မရှိ ပြည်သူ့လွှတ်တော်တွင် မေးမြန်းရာ စာပေဟောပြောပွဲ ဥပဒေ ရေးဆွဲထုတ်ပြန်ရန် ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် လက်ရှိအချိန်ထိ ဆောင်ရွက်ရန် အစီအစဉ်မရှိသေးကြောင်း  ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြန်လည်ဖြေကြားလိုက်ကြောင်း သိရသည်။

၂၀၁၇ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး၏ (၃၀) ရက်မြောက်နေ့ အစည်းအဝေးတွင် မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ယင်းသို့ မေးမြန်းလိုက်ခြင်းအပေါ် ပြည်ထောင်စုဝန်ကြီးမှ ဖြေကြား လိုက်ခြင်း ဖြစ်သည်။

၎င်း၏ မေးခွန်းနှင့် ပတ်သက်၍  ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က စာပေဟောပြောပွဲများ စနစ်တကျရှိစေရေးအတွက် လက်ရှိတွင် ၂၀၁၂ ခုနှစ်၊ ရပ်/ကျေး ဥပဒေ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ စာပေဟောပြောပွဲ ကျင်းပခြင်းနှင့် ဟောပြော ဆွေးနွေးခြင်းများသည် တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းပါက ငြိစွန်းသည့်အလျောက် ထိခိုက်နစ်နာသူမှ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ပါကြောင်း၊ နိုင်ငံသူနိုင်ငံသားအားလုံးသည် ပြဋ္ဌာန်းထားပြီးဖြစ်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ၊ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ပုဒ်မ ၃၅၄ တွင်ပါရှိသည့် အခွင့်အရေးကို လွတ်လပ်စွာ သုံးစွဲခွင့်ရှိပါကြောင်း၊ သို့သော်လွတ်လပ်မှုကို ကျင့်သုံးရာတွင် လွန်ကျွံမှု မရှိစေရန်အတွက် ဥပဒေ စည်းမျဉ်းစည်းကမ်းများ ချမှတ် ထားရှိပါကြောင်း နှင့် စာပေဟောပြောပွဲဥပဒေ ရေးဆွဲထုတ်ပြန်ရန် ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် လက်ရှိအချိန်ထိ ဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်းကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

မြန်မာစာပေဖွံ့ဖြိုးတိုးတက်စေရန် စာပေဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ ပြုလုပ်ခွင့်နှင့် ပတ်သက်၍ ခရိုင်အဆင့်အထိ တင်ပြရန် မလိုတော့ဘဲ မြို့နယ်အဆင့်ထိသာ တင်ပြနိုင်ရန် ဖြေလျော့မှုများ ပြုလုပ်ပေးထားပြီး ၂၀၁၂ ခုနှစ်၊ ရပ်/ကျေး ဥပဒေ၏ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (စ) တွင်လည်း “အများပြည်သူသို့ ဖျော်ဖြေသည့်ပွဲများ၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ရိုးရာဓလေ့အရပွဲများ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးထံ အသိပေး တင်ပြပြီး တာဝန်ယူတာဝန်ခံ ကျင်းပစေခြင်း” ဟူ၍ ဖော်ပြထားကြောင်း ၀န်ကြီးမှ ပြောကြားသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

စာပေဟောပြောပွဲများနှင့် ပတ်သက်၍ စည်းကမ်းတကျရှိစေရေးနှင့် ပါတီအချို့၏ လက်ကိုင်တုတ် ယန္တရား မဖြစ်စေရေးအတွက် ဥပဒေအတစ်ရပ် ထုတ်ပြန်ရန် အစီအစဉ်ရှိ မရှိ ပြည်သူ့လွှတ်တော်တွင် မေးမြန်းရာ စာပေဟောပြောပွဲ ဥပဒေ ရေးဆွဲထုတ်ပြန်ရန် ပြန်ကြားရေးဝန်ကြီး ဌာနအနဖြေင့် လက်ရှိအချိန်ထိ ဆောင်ရွက်ရန် အစီအစဉ်မရှိသေးကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖမြေင့်က ပြန်လည်ဖြကြေားလိုက်ကြောင်း သိရသည်။

၂၀၁၇ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး၏ (၃၀) ရက်မြောက်နေ့ အစည်းအေဝးတွင် မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ယင်းသို့ မေးမြန်းလိုက်ခြင်းအပေါ် ပြည်ထောင်စုဝန်ကြီးမှ ဖြကြေား လိုက်ခြင်း ဖြစ်သည်။

၎င်း၏ မေးခွန်းနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖမြေင့်က စာပေဟောပြောပွဲများ စနစ်တကျရှိစေရေးအတွက် လက်ရှိတွင် ၂၀၁၂ ခုနှစ်၊ ရပ်/ကျေး ဥပဒေ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ စာပေဟောပြောပွဲ ကျင်းပခြင်းနှင့် ဟောပြော ဆွေးနွေးခြင်းများသည် တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းပါက ငြိစွန်းသည့်အလျောက် ထိခိုက်နစ်နာသူမှ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ပါကြောင်း၊ နိုင်ငံသူနိုင်ငံသားအားလုံးသည် ပြဋ္ဌာန်းထားပြီးဖြစ်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၊ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ပုဒ်မ ၃၅၄ တွင်ပါရှိသည့် အခွင့်အရေးကို လွတ်လပ်စွာ သုံးစွဲခွင့်ရှိပါကြောင်း၊ သို့သော်လွတ်လပ်မှုကို ကျင့်သုံးရာတွင် လွန်ကျွံမှု မရှိစေရန်အတွက် ဥပဒေ စည်းမျဉ်းစည်းကမ်းများ ချမှတ် ထားရှိပါကြောင်း နှင့် စာပေဟောပြောပွဲဥပဒေ ရေးဆွဲထုတ်ပြန်ရန် ပြန်ကြားရေးဝန်ကြီး ဌာနအနဖြေင့် လက်ရှိအချိန်ထိ ဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်းကို ပြန်လည်ဖြကြေားခဲ့ကြောင်း သိရသည်။

မြန်မာစာပေဖွံ့ဖြိုးတိုးတက်စေရန် စာပေဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ ပြုလုပ်ခွင့်နှင့် ပတ်သက်၍ ခရိုင်အဆင့်အထိ တင်ပြရန် မလိုတော့ဘဲ မြို့နယ်အဆင့်ထိသာ တင်ပြနိုင်ရန် ဖြေလျော့မှုများ ပြုလုပ်ပေးထားပြီး ၂၀၁၂ ခုနှစ်၊ ရပ်/ကျေး ဥပဒေ၏ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (စ) တွင်လည်း “အများပြည်သူသို့ ဖျော်ဖြေသည့်ပွဲများ၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ရိုးရာဓလေ့အရပွဲများ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးထံ အသိပေး တင်ပြပြီး တာဝန်ယူတာဝန်ခံ ကျင်းပစခြေင်း” ဟူ၍ ဖော်ပြထားကြောင်း ဝန်ကြီးမှ ပြောကြားသည်။ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~