တာချီလိတ်သို့ ပြန်လာလိုသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများအား ကျယ်ကျယ်ပြန့်ပြန့်ကူညီပေးနိုင်ရေး ဆွေးနွေး

တာချီလိတ်သို့ ပြန်လာလိုသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများအား ကျယ်ကျယ်ပြန့်ပြန့်ကူညီပေးနိုင်ရေး ဆွေးနွေး
ဇူလိုငျ 4, 2017
By Tachileik News Agency

ထိုင်းနိုင်ငံမှ နေရပ်သို့ ပြန်ဝင်လာကြသည့် ရွှေ့ပြောင်းမြန်မာလုပ်သမားများအား မြန်မာဘက်တွင် လိုအပ်သည်များကို ကူညီပေးနိုင်ရေး နှင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့မှ  အစည်းအဝေးအား ဇူလိုင်လ(၄)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ကြောင်း သိရသည်။

ချင်းရိုင်းခရိုင် အတွင်းမှ တာချီလိတ်သို့ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများမှာ ဇွန်လနောက်ဆုံးပတ်က စ၍ သိသိသာသာ ၀င်ရောက်မှုများရှိလာခဲ့ပြီး မြန်မာဘက်အရောက်တွင် တာချီလိတ်မြို့နယ်အတွင်းနေသူများ ပါဝင်ပါက အိမ်အရောက်ပို့ဆောင်ပေးနိုင်ရေး၊ နယ်ဝေးမှ ဖြစ်ပါက သက်ဆိုင်ရာ ကားဂိတ်များသို့ ပို့ဆောင်ပေးနိုင်ရေး၊ နာမကျန်းသူများ ပါလာပါက ကျန်းမာရေး စောင့်ရှောက်မှုများ ပးနိုင်ရေး နှင့် လိုအပ်သည့် ကူညီမှုများပေးနိုင်ရန် ဆွေးနွေးကြခြင်း ဖြစ်ကြောင်း သိရသည်။




ဓာတ်ပုံ - ရဲထွဋ်ခေါင်


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံမှ နေရပ်သို့ ပြန်ဝင်လာကြသည့် ရွှေ့ပြောင်းမြန်မာလုပ်သမားများအား မြန်မာဘက်တွင် လိုအပ်သည်များကို ကူညီပေးနိုင်ရေး နှင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့မှ အစည်းအေဝးအား ဇူလိုင်လ(၄)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ကြောင်း သိရသည်။

ချင်းရိုင်းခရိုင် အတွင်းမှ တာချီလိတ်သို့ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများမှာ ဇွန်လနောက်ဆုံးပတ်က စ၍ သိသိသာသာ ဝင်ရောက်မှုများရှိလာခဲ့ပြီး မြန်မာဘက်အရောက်တွင် တာချီလိတ်မြို့နယ်အတွင်းနေသူများ ပါဝင်ပါက အိမ်အရောက်ပို့ဆောင်ပေးနိုင်ရေး၊ နယေ်ဝးမှ ဖြစ်ပါက သက်ဆိုင်ရာ ကားဂိတ်များသို့ ပို့ဆောင်ပေးနိုင်ရေး၊ နာမကျန်းသူများ ပါလာပါက ကျန်းမာရေး စောင့်ရှောက်မှုများ ပးနိုင်ရေး နှင့် လိုအပ်သည့် ကူညီမှုများပေးနိုင်ရန် ဆွေးနွေးကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးကျော်မော်ထွန်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေး နှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ ကော်မတီဝင်များ တက်ရောက်ကြောင်း သိရသည်။

နေရပ်ပြန်ရွှေ့ပြောင်းမြန်မာလုပ်သားများအား တာချီလိတ်ဘက်တွင် ဌာနဆိုင်ရာများမှ လိုအပ်သည်များကို ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးနေလျက်ရှိသည်မှာ ဇွန်လ နောက်ဆုံးပတ် ကတည်းကဖြစ်ပြီး TBC နှင့် CNCMC ကော်မတီတို့မှာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်းရှိ ရွှေ့ပြောင်းမြန်မာလုပ်သားများ နေရပ် ပြန်လာ နိုင်ရေး နှင့် ဖမ်းဆီးမှုများရှိပါက ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက် တာဝန် အသီးသီး ရယူကာ ပူးပေါင်းဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်းမှ တာချီလိတ်သို့ ပြန်ဝင်လာကြသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများမှ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ TBC နှင့် CNCMC တို့၏ အကူအညီဖြင့် ဝင်လာရာတွင် လူကြီးနှင့်ရင်ခွင်ပိုက်များ အပါအဝင် (၁၇၈)ဦးရှိပြီး ပွဲစားများဖြင့် ဝင်ရောက်လာသူများလည်းရှိကြောင်း သိရသည်။

ဓာတ်ပုံ - ရဲထွဋ်ခေါင် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~