ေရႊ႕ေျပာင္း ျမန္မာလုပ္သား(၁၀)ဦး တာခ်ီလိတ္သို႔ ညပိုင္း၌ ထပ္မံေရာက္ရွိ

ေရႊ႕ေျပာင္း ျမန္မာလုပ္သား(၁၀)ဦး တာခ်ီလိတ္သို႔ ညပိုင္း၌ ထပ္မံေရာက္ရွိ
ဇူလိုင် 3, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံအတြင္း ေရႊ႕ေျပာင္း လုပ္သားမ်ားအား အလုပ္သမားညႊန္ၾကားမွဳ ဦးစီးဌာန၏ ေျပာင္းလဲ လိုက္ေသာ စနစ္အရ စစ္ေဆးဖမ္းဆီးမႈမ်ားကို ရက္ေပါင္း(၁၂၀)ေခတၱဆိုင္းငံ့ထားစဥ္ ေနရပ္ျပန္လာသည့္ ျမန္မာေရႊ႕ေျပာင္း လုပ္သားမ်ားအနက္ ခ်င္းရိုင္းခရိုင္ မယ္က်န္႔ဂိတ္တြင္ ဖမ္းဆီးခံထားရသည့္ (၁၀)ဦးမွာ ဇူလိုင္လ(၃)ရက္ေန႔ ည(၈)နာရီ (၄၀)မိနစ္၀န္းက်င္တြင္ တာခ်ီလိတ္သို႔ ေရာက္ရွိလာၿပီျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - ထိုင္း ႏွစ္ဖက္ TBC ႏွင့္ CNCMC တို႔က ညႇိႏႈိင္းေဆာင္ရြက္မႈမ်ား ျပဳလုပ္ခဲ့ၾကၿပီးေနာက္ မယ္က်န္႔ဂိတ္တြင္ ဖမ္းဆီးခံထားရသည့္ အမ်ဳိးသား(၈)ဦး ႏွင့္ အမ်ဳိးသမီး (၂)ဦး စုစုေပါင္း (၁၀)ဦး ျမန္မာ - ထိုင္း အမွတ္(၁) ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ ေရာက္ရွိလာၾကရာ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ စီမံခန္႔ခြဲမႈေကာ္မတီ၀င္မ်ား၊ တာခ်ီလိတ္ခရိုင္ ၊ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္၀င္းေဌး ႏွင့္ လူ၀င္မႈႀကီးၾကပ္ေရး ဒုတိယဌာနခြဲ တာခ်ီလိတ္မွ ဒုတိယဌာနခြဲမွဴး လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးတင္ေဇာ္၀င္းႏွင့္ တာ၀န္ရွိသူမ်ား၊ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ ဌာနဆိုင္ရာမ်ား အပါအ၀င္ CNCMC အလုပ္အမႈေဆာင္မ်ားက ႀကိဳဆိုခဲ့ၾကၿပီး လိုအပ္သည္မ်ားကို ကူညီေပးခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ ျပန္လည္ဝင္ေရာက္လာသူမ်ားတြင္ ျမန္မာႏိုင္ငံသားမ်ားမဟုတ္သူမ်ား ပါ၀င္လာျခင္းမရွိေစရန္ စိစစ္မႈမ်ား ျပဳလုပ္ၿပီးေနာက္ CNCMC ၏ ဦးေဆာင္မႈျဖင့္ တာခ်ီလိတ္ၿမိဳ႕ရွိ ဗယ္လင္တိုင္းႏွင့္ ႏိုင္းႏိုင္း ကေဖးႏွင့္အေအးမွ ေဒၚႏုႏု၀င္းႏွင့္ မိသားစုတို႔က ေရႊ႕ေျပာင္းလုပ္သားမ်ားအား ဧည့္ခံေကြ်းေမြးခဲ့ေၾကာင္း သိရသည္။

ခ်င္းရိုင္းခရိုင္အတြင္းမွ ေနရပ္ျပန္လိုသည့္ ေရႊ႕ေျပာင္း ျမန္မာလုပ္သားမ်ားမွာ ဇူလိုင္လ(၄)ရက္ေန႔ တြင္လည္း တာခ်ီလိတ္ၿမိဳ႕သို႔ ေရာက္ရိွ လာႏုိင္ဖြယ္ရိွေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံတြင္းမွ ေနရပ္ျပန္လိုသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား ျမန္မာ - ထိုင္း နယ္စပ္တစ္ေလွ်ာက္ရွိ တရား၀င္နယ္စပ္ဂိတ္မ်ားမွ တရား၀င္ ျပန္လာခြင့္ျပဳထားသည့္အျပင္ ေငြေၾကးေကာက္ခံျခင္းမရိွသျဖင့္ ပြဲစားမ်ားႏွင့္ ဆက္သြယ္ေဆာင္ရြက္ျခင္းမျပဳရန္ႏိႈးေဆာ္ထားၿပီး အကူအညီလိုအပ္ပါက ထိုင္းဖုန္း 0850388887 ၊ 0897558729 မ်ားသို႔ ဆက္သြယ္ပါက ကူညီေပးသြားမည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီ ေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ(CNCMC) ထံမွ သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်း လုပ်သားများအား အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၏ ပြောင်းလဲ လိုက်သော စနစ်အရ စစ်ဆေးဖမ်းဆီးမှုများကို ရက်ပေါင်း(၁၂၀)ခေတ္တဆိုင်းငံ့ထားစဉ် နေရပ်ပြန်လာသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအနက် ချင်းရိုင်းခရိုင် မယ်ကျန့်ဂိတ်တွင် ဖမ်းဆီးခံထားရသည့် (၁၀)ဦးမှာ ဇူလိုင်လ(၃)ရက်နေ့ ည(၈)နာရီ (၄၀)မိနစ်ဝန်းကျင်တွင် တာချီလိတ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်း နှစ်ဖက် TBC နှင့် CNCMC တို့က ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြပြီးနောက် မယ်ကျန့်ဂိတ်တွင် ဖမ်းဆီးခံထားရသည့် အမျိုးသား(၈)ဦး နှင့် အမျိုးသမီး (၂)ဦး စုစုပေါင်း (၁၀)ဦး မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ရောက်ရှိလာကြရာ တာချီလိတ်ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်များ၊ တာချီလိတ်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေး နှင့် လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲ တာချီလိတ်မှ ဒုတိယဌာနခွဲမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဇော်ဝင်းနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ အပါအဝင် CNCMC အလုပ်အမှုဆောင်များက ကြိုဆိုခဲ့ကြပြီး လိုအပ်သည်များကို ကူညီပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများတွင် မြန်မာနိုင်ငံသားများမဟုတ်သူများ ပါဝင်လာခြင်းမရှိစေရန် စိစစ်မှုများ ပြုလုပ်ပြီးနောက် CNCMC၏ ဦးဆောင်မှုဖြင့် တာချီလိတ်မြို့ရှိ ဗယ်လင်တိုင်းနှင့် နိုင်းနိုင်း ကဖေးနှင့်အအေးမှ ဒေါ်နုနုဝင်းနှင့် မိသားစုတို့က ရွှေ့ပြောင်းလုပ်သားများအား ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ချင်းရိုင်းခရိုင်အတွင်းမှ နေရပ်ပြန်လိုသည့် ရွှေ့ပြောင်း မြန်မာလုပ်သားများမှာ ဇူလိုင်လ(၄)ရက်နေ့ တွင်လည်း တာချီလိတ်မြို့သို့ ရောက်ရှိ လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်းမှ နေရပ်ပြန်လိုသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများ မြန်မာ - ထိုင်း နယ်စပ်တစ်လျှောက်ရှိ တရားဝင်နယ်စပ်ဂိတ်များမှ တရားဝင် ပြန်လာခွင့်ပြုထားသည့်အပြင် ငွေကြေးကောက်ခံခြင်းမရှိသဖြင့် ပွဲစားများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းမပြုရန်နှိုးဆော်ထားပြီး အကူအညီလိုအပ်ပါက ထိုင်းဖုန်း 0850388887၊ 0897558729 များသို့ ဆက်သွယ်ပါက ကူညီပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီ စောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ(CNCMC) ထံမှ သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~