နေရပ်ပြန် ရွှေ့ပြောင်းမြန်မာလုပ်သားများအပေါ် ချင်းရိုင်းခရိုင်ရှိ မယ်ကျန့်ဂိတ်တွင် ငွေကြေးတောင်းခံမှုနှင့်အတူ ဖမ်းဆီးမှုများ မပြုလုပ်ရန် တာချီလိတ် - မယ်ဆိုင် တာဝန်ရှိသူများ အလွှတ်သဘောတွေ့ဆုံ ဆွေးနွေး

နေရပ်ပြန် ရွှေ့ပြောင်းမြန်မာလုပ်သားများအပေါ် ချင်းရိုင်းခရိုင်ရှိ မယ်ကျန့်ဂိတ်တွင် ငွေကြေးတောင်းခံမှုနှင့်အတူ ဖမ်းဆီးမှုများ မပြုလုပ်ရန် တာချီလိတ် - မယ်ဆိုင် တာဝန်ရှိသူများ အလွှတ်သဘောတွေ့ဆုံ ဆွေးနွေး
ဇူလိုငျ 4, 2017
By Tachileik News Agency



ထိုင်းနိုင်ငံ မြောက်ပိုင်း ၊ ချင်းရိုင်းခရိုင်အတွင်းမှ နေရပ်ပြန်လာသော ရွှေ့ပြောင်းမြန်မာနိုင်ငံသားအချို့အား မယ်ကျန့်ဂိတ်တွင် ဖမ်းဆီး စစ်ဆေးမှုများနှင့်အတူ ငွေတောင်းခံမှုများမှာ ဇူလိုင်လ(၃)ရက်နေ့ နံနက်ပိုင်း အချိန်အထိ ရှိနေသည်ဟု  ရွှေ့ပြောင်းလုပ်သားများထံမှ ဖုန်းဆက်သတင်းပေးချက်အရ သိရသည်။


ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားများ စစ်ဆေးဖမ်းဆီးမှု ဆိုင်းငံ့ ကာလအတွင်း နေရပ်ပြန်လာသည့် ရွှေ့ပြောင်းမြန်မာ လုပ်သားများအား ချင်းရိုင်းခရိုင် မယ်ကျန့်ဂိတ်တွင် ဖမ်းဆီးစစ်ဆေးခြင်းနှင့် ငွေကြေး တောင်းခံခြင်း၊ အချုပ်ခန်းတွင် ထည့်ထားခြင်းများ လုပ်ဆောင်နေခြင်းကို ထိုင်းလ၀က နှင့် TBC တို့မှ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ထုတ်ပြန်မှုများ ပြုလုပ်ပေးခြင်းတို့ လုပ်ဆောင်ပေးရန် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး၊ တာချီလိတ်ခရိုင်လ၀ကမှူး ဦးကျော်မော်ထွန်းက အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုတွင် တင်ပြ ဆွေးနွေးသည်။


ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသည့် ရွှေ့ပြောင်း မြန်မာနိုင်ငံသားများမှာ ပွဲစားများဖြင့် ချိတ်ဆက် ဆောင်ရွက်ပါက ငွေကြေး ကုန်ကျခြင်းများရှိသဖြင့် တရားဝင် ကူညီဆောင်ရွက်ပေးနိုင်ရန် အတွက် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီက CNCMC ကော်မတီအနေဖြင့် ကူညီမှုများ ပြုလုပ်ပေးနိုင်ရန် တာဝန်ပေးထားကြောင်း သိရသည်။


ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်းမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်သို့ ၀င်ရောက်လာသည့် ရွှေ့ပြောင်း မြန်မာလုပ်သားများမှာ ကရင်ပြည်နယ်နယ်စပ် မြ၀တီသို့ ၀င်ရောက်မှုထက် လျော့နည်းသော်လည်း နေရပ်ပြန် မြန်မာနိုင်ငံသားများ ငွေကြေးကုန်ကျမှု မရှိစေရန်နှင့် နယ်စပ် ၀င်ပေါက်မှ တစ်ဆင့် တရားဝင် လာရောက်နိုင်ရေးတို့အတွက် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှု ကော်မတီ နှင့် CNCMC တို့က ကူညီလုပ်ဆောင်ပေးနေသဖြင့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ချင်းရိုင်းခရိုင်အတွင်းမှ နေရပ်ပြန်မည့် ရွှေ့ပြောင်းမြန်မာလုပ်သားများအား ထိုင်းနိုင်ငံ မယ်ဆိုင် လ၀က မှ စာရင်းများ ကောက်ယူရာတွင် တစ်ဦးချင်းစီ လက်ဗွေများ နိပ်ယူခြင်း အရပ်တိုင်းခြင်း စသည်တို့ကြောင့် အချိန်ကြန့်ကြာမှုများ ရှိနေခြင်းကိစ္စနှင့် ပတ်သက်၍လည်း အဆိုပါ အလွတ်သဘောတွင် ဆွေးနွေးရာ ထိုင်းဘက် လ၀က မှ တာဝန်ရှိသူက မဲဆောက်ကဲ့သို့ ဆောင်ရွက်ရန် လတ်တလောတွင် ချင်းရိုင်းခရိုင် လ၀က သို့ အထက်ဌာန၏ ညွှန်ကြားမှုတစ်စုံတစ်ရာ မရှိသေးသည့်အတွက် စာရင်းများကို အသေးစိတ် ယူနေရခြင်း ဖြစ်ကြောင်းနှင့် အထက်ဌာနမှ တစ်စုံတစ်ရာ ညွှန်ကြားလာပါက ၎င်းတို့အနေဖြင့် ညွှန်ကြားချက်အတိုင်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။


ဓာတ်ပုံ - ဇောင်းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားများအား စစ်ဆေးဖမ်းဆီးမှု ရက်ပေါင်း(၁၂၀) ခေတ္တဆိုင်းငံ့ ကာလဖြစ်သော်လည်း နေရပ်ပြန် မြန်မာလုပ်သားအချို့အား ဖမ်းဆီးစစ်ဆေးမှုများရှိနေသဖြင့် ဇူလိုင်လ (၃)ရက်နေ့တွင် တာချီလိတ်မှ တာဝန်ရှိသူများနှင့် မယ်ဆိုင်မြို့မှ တာဝန်ရှိသူများက အလွှတ်သဘော တွေ့ဆုံ ဆွေးနွေးကြကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ ပြောင်းလဲလိုက်သော စနစ်အရ အထောက်အထား မပြည့်စုံသည့် ရွှေ့ပြောင်းလုပ်သားများအား စစ်ဆေး ဖမ်းဆီးမှုများကို ရက်ပေါင်း (၁၂၀) ခေတ္တဆိုင်းငံ့သည်ဟု တရားဝင်ကြေညာ ထားသော်လည်း နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ်သားအချို့အား ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ်ကျန့်ဂိတ်တွင် ဖမ်းဆီး စစ်ဆေးသဖြင့် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီနှင့် တာဝန်ရှိသူများက ထိုင်းနိုင်ငံ မယ်ဆိုင်မှ လူဝင်မှုကြီးကြပ်ရေးနှင့် TBC (နှစ်နိုင်ငံနယ်ခြားကော်မတီ)တို့ ဇူလိုင်လ(၃)ရက်နေ့ နေ့လယ်(၁၂)နာရီကျော်က အလွတ်သဘော တွေ့ဆုံ ညှိနှိုင်းဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်းခရို်င်အတွင်းမှ နေရပ်ပြန်လာသော ရွှေ့ပြောင်းမြန်မာနိုင်ငံသားအချို့အား မယ်ကျန့်ဂိတ်တွင် ဖမ်းဆီး စစ်ဆေးမှုများနှင့်အတူ ငွေတောင်းခံမှုများမှာ ဇူလိုင်လ(၃)ရက်နေ့ နံနက်ပိုင်း အချိန်အထိ ရှိနေသည်ဟု ရွှေ့ပြောင်းလုပ်သားများထံမှ ဖုန်းဆက်သတင်းပေးချက်အရ သိရသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ဖြေရှင်းနိုင်ရန် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ တာချီလိတ်ခရိုင်လဝကမှူး ဦးကျော်မော်ထွန်း၊ လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲ တာချီလိတ်မှ ဒုတိယဌာနခွဲမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဇော်ဝင်းနှင့် မြန်မာ - ထိုင်း (TBC) မြန်မာဘက်မှ ဦးသန်းထွန်းအောင်၊ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ(CNCMC)၏ လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန် နှင့် ကော်မတီဝင်များက ထိုင်းနိုင်ငံ မယ်ဆိုင် လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိသူများနှင့် ထိုင်း - မြန်မာ(TBC)ထိုင်းဘက်မှ တာဝန်ရှိသူတို့နှင့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားများ စစ်ဆေးဖမ်းဆီးမှု ဆိုင်းငံ့ ကာလအတွင်း နေရပ်ပြန်လာသည့် ရွှေ့ပြောင်းမြန်မာ လုပ်သားများအား ချင်းရိုင်းခရိုင် မယ်ကျန့်ဂိတ်တွင် ဖမ်းဆီးစစ်ဆေးခြင်းနှင့် ငွေကြေး တောင်းခံခြင်း၊ အချုပ်ခန်းတွင် ထည့်ထားခြင်းများ လုပ်ဆောင်နခြေင်းကို ထိုင်းလဝက နှင့် TBC တို့မှ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ထုတ်ပြန်မှုများ ပြုလုပ်ပေးခြင်းတို့ လုပ်ဆောင်ပေးရန် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး၊ တာချီလိတ်ခရိုင်လဝကမှူး ဦးကျော်မော်ထွန်းက အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုတွင် တင်ပြ ဆွေးနွေးသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ မယ်ကျန့်ဂိတ်တာဝန်ရှိသူများနှင့် သက်ဆိုင်ရာများအား အသိပေး ဆောင်ရွက်ကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းဘက် နယ်ခြားကော်မတီ (TBC)မှ တာဝန်ရှိသူက ပြန်လည် ဆွေးနွေးသည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသည့် ရွှေ့ပြောင်း မြန်မာနိုင်ငံသားများမှာ ပွဲစားများဖြင့် ချိတ်ဆက် ဆောင်ရွက်ပါက ငွေကြေး ကုန်ကျခြင်းများရှိသဖြင့် တရားဝင် ကူညီဆောင်ရွက်ပေးနိုင်ရန် အတွက် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီက CNCMC ကော်မတီအနဖြေင့် ကူညီမှုများ ပြုလုပ်ပေးနိုင်ရန် တာဝန်ပေးထားကြောင်း သိရသည်။

"အခုလို နေရပ်ပြန်လာချင်တဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ငွေကြေးရလိုမှုနဲ့ ပွဲစားတွေ ဝင်လာကြတာရှိပါတယ်။ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ နေရပ်ပြန်လာရေးမှာ ပွဲစားတွေ ကြားဝင်ရောက်မှု မရှိစေရန်အတွက် ကျွန်တော်တို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီအနေနဲ့ CNCMC ကော်မတီကို တာဝန် ပေးအပ်ထားတာဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ တာချီလိတ်ခရိုင် လဝကမှူး ဦးကျော်မော်ထွန်းက အဆိုပါ ဆွေးနွေးပွဲတွင် အသိပေး ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်းမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်သို့ ဝင်ရောက်လာသည့် ရွှေ့ပြောင်း မြန်မာလုပ်သားများမှာ ကရင်ပြည်နယ်နယ်စပ် မြဝတီသို့ ဝင်ရောက်မှုထက် လျော့နည်းသော်လည်း နေရပ်ပြန် မြန်မာနိုင်ငံသားများ ငွေကြေးကုန်ကျမှု မရှိစေရန်နှင့် နယ်စပ် ဝင်ပေါက်မှ တစ်ဆင့် တရားဝင် လာရောက်နိုင်ရေးတို့အတွက် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှု ကော်မတီ နှင့် CNCMC တို့က ကူညီလုပ်ဆောင်ပေးနေသဖြင့် ရွှေ့ပြောင်းလုပ်သားများအနဖြေင့် ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ချင်းရိုင်းခရိုင်အတွင်းမှ နေရပ်ပြန်မည့် ရွှေ့ပြောင်းမြန်မာလုပ်သားများအား ထိုင်းနိုင်ငံ မယ်ဆိုင် လဝက မှ စာရင်းများ ကောက်ယူရာတွင် တစ်ဦးချင်းစီ လက်ဗွေများ နိပ်ယူခြင်း အရပ်တိုင်းခြင်း စသည်တို့ကြောင့် အချိန်ကြန့်ကြာမှုများ ရှိနခြေင်းကိစ္စနှင့် ပတ်သက်၍လည်း အဆိုပါ အလွတ်သဘောတွင် ဆွေးနွေးရာ ထိုင်းဘက် လဝက မှ တာဝန်ရှိသူက မဲဆောက်ကဲ့သို့ ဆောင်ရွက်ရန် လတ်တလောတွင် ချင်းရိုင်းခရိုင် လဝက သို့ အထက်ဌာန၏ ညွှန်ကြားမှုတစ်စုံတစ်ရာ မရှိသေးသည့်အတွက် စာရင်းများကို အသေးစိတ် ယူနေရခြင်း ဖြစ်ကြောင်းနှင့် အထက်ဌာနမှ တစ်စုံတစ်ရာ ညွှန်ကြားလာပါက၎င်းတို့အနဖြေင့် ညွှန်ကြားချက်အတိုင်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြကြေားသည်။

အလွှတ်သဘော ဆွေးနွေးမှုတွင် အဓိကအားဖြင့် ချင်းရိုင်းခရိုင်အတွင်းမှ တာချီလိတ်သို့ ပြန်လာမည့် ရွှေ့ပြောင်းမြန်မာနိုင်ငံသား အလုပ်သမားများအား လမ်းခရီးတစ်လျှောက်ရှိ ပူးပေါင်း စစ်ဆေးရေး ဂိတ်များတွင် တရားဝင် ထုတ်ပြန်ချက်ဖြစ်သည့် ဖမ်းဆီးစစ်ဆေးခြင်း ရက်ပေါင်း (၁၂၀)ဆိုင်းငံ့ထားသည့်အတိုင်း ဆောင်ရွက်ပေးနိုင်ရန် နှင့် ငွေကြေးတောင်းခံခြင်းများနှင့် ဖမ်းဆီးစစ်ဆေးမှုများ မပြုလုပ်နိုင်ရန်အတွက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~