လားရှိုးတွင် ရဲတပ်ဖွဲ့က ပုံမှန်အင်အားထက် ပိုမိုကာ နယ်မြေလုံခြုံရေးအတွက် လှည့်ကင်း ဆောင်ရွက်နေ

လားရှိုးတွင် ရဲတပ်ဖွဲ့က ပုံမှန်အင်အားထက် ပိုမိုကာ နယ်မြေလုံခြုံရေးအတွက် လှည့်ကင်း ဆောင်ရွက်နေ
ဇူလိုငျ 12, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဇူလိုင်လ(၁၂)ရက်နေ့ ညပိုင်းက နယ်မြေလုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်ရာတွင် ပုံမှန် ရဲအင်အားထက် ပြည်နယ်ရဲတပ်ဖွဲ့မှ အင်အား (၅၀)ခန့် ပိုမို ပါဝင် ဆောင်ရွက်မှုများ ပြုလုပ်နေပြီး ညနေပိုင်းမှ ညပိုင်းသို့ ပြောင်းလဲ လုပ်ဆောင်လျက်ရှိကြောင်း လားရှိုးမြို့မရဲစခန်းက သိရသည်။



လားရှိုးမြို့မရဲတပ်ဖွဲ့နှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ပူးပေါင်း၍ လုံခြုံရေးလှည့်ကင်းနှင့် ရှာဖွေရေး လုပ်ငန်း ဆောင်တာများ လုပ်ဆောင်နေခြင်းဖြစ်ပြီး လားရှိုးမြို့အဝင်လမ်း၊ အထွက်လမ်းများနှင့် မြို့ရှောင်လမ်းအပိုင်းများအထိ လှည့်ကင်း ဆောင်ရွက်မှုကို ဇူလိုင်လ(၁၂)ရက်၊ ည(၇)နာရီက စတင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - ကိုနေမျိုး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဇူလိုင်လ(၁၂)ရက်နေ့ ညပိုင်းက နယ်မြေလုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်ရာတွင် ပုံမှန် ရဲအင်အားထက် ပြည်နယ်ရဲတပ်ဖွဲ့မှ အင်အား (၅၀)ခန့် ပိုမို ပါဝင် ဆောင်ရွက်မှုများ ပြုလုပ်နပြေီး ညနေပိုင်းမှ ညပိုင်းသို့ ပြောင်းလဲ လုပ်ဆောင်လျက်ရှိကြောင်း လားရှိုးမြို့မရဲစခန်းက သိရသည်။

"ဒီနေ့ကတော့ ထွေထွေထူးထူး ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး၊ လုံခြုံရေးလှည့်တာက ပုံမှန်လုပ်ရိုးလုပ်စဉ်ပဲလေ၊ အင်အားနည်းနည်း ထပ်တိုးတယ်၊ ရှာဖွေရေးလည်းလုပ်တယ်၊ ခါတိုင်းက နေ့ပိုင်းတွေ ညနေပိုင်းတွေ လုပ်နေရာကနေ ညပိုင်းကိုလည်း ပြောင်းပြီးလုပ်ပေးလိုက်တာဖြစ်ပါတယ်၊ တချို့ပြောလို့မရတဲ့ လုံခြုံရေးကိစ္စလေးတွေကလွဲရင် လုပ်ရိုးလုပ်စဉ်အတိုင်း ပုံမှန်လမ်းကြောင်းအတိုင်းပဲ ဆောင်ရွက်နေတာဖြစ်ပါတယ်"ဟု လားရှိုးမြို့မရဲတပ်ဖွဲ့မှ ဒုရဲမှူးကျော်နိုင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ယခင်ကာလများက ပုံမှန်လုပ်ဆောင်နေသည့် လုံခြုံရေးလှည့်ကင်း အဖွဲ့ဝင် ရဲတပ်ဖွဲ့များ အပါအဝင် စုစုပေါင်း အင်အား(၁၀၀)ခန့်သာ အသုံးပြုခဲ့သော်လည်း ယခု လှည့်ကင်းနှင့် ရှာဖွေရေး လုပ်ဆောင်မှု များတွင် ရဲတပ်ဖွဲ့အင်အားများကို စုပေါင်း ထားခြင်းကြောင့် အင်အား(၁၅၀)ပါဝင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့မရဲတပ်ဖွဲ့နှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ပူးပေါင်း၍ လုံခြုံရေးလှည့်ကင်းနှင့် ရှာဖွေရေး လုပ်ငန်း ဆောင်တာများ လုပ်ဆောင်နခြေင်းဖြစ်ပြီး လားရှိုးမြို့အဝင်လမ်း၊ အထွက်လမ်းများနှင့် မြို့ရှောင်လမ်းအပိုင်းများအထိ လှည့်ကင်း ဆောင်ရွက်မှုကို ဇူလိုင်လ(၁၂)ရက်၊ ည(၇)နာရီက စတင် လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကိုနေမျိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~