လားရိႈးၿမိဳ႕နယ္အတြင္း ေက်းရြာစိုက္ပ်ိဳးေျမတြင္ က်ဴးေက်ာ္တဲလာေရာက္ ေဆာက္လုပ္မႈအား ဆႏၵထုတ္ေဖာ္

လားရိႈးၿမိဳ႕နယ္အတြင္း ေက်းရြာစိုက္ပ်ိဳးေျမတြင္ က်ဴးေက်ာ္တဲလာေရာက္ ေဆာက္လုပ္မႈအား ဆႏၵထုတ္ေဖာ္
ဇူလိုင် 16, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္ရွိ ေက်းရြာ(၃)ခု၏ စိုက္ပ်ိဳးေျမမ်ားတြင္ က်ဴးေက်ာ္တဲမ်ား လာေရာက္ တည္ေဆာက္သည့္ (၈၈)မ်ိဳးဆက္ ေက်ာင္းသားလူငယ္မ်ားပါတီက ဦးေလးျမင့္အား ဇူလိုင္လ (၁၆) ရက္ နံနက္(၁၀)နာရီတြင္ ေက်းရြာသံုးခုမွေဒသခံမ်ား စုေပါင္းကာ ဆႏၵထုတ္ေဖာ္ႀကေၾကာင္း သိရသည္။

“အဲဒီမွာလူတစ္ေယာက္ကေနၿပီးေတာ့ ဒီေျမေတြဟာ အစိုးရက သိမ္းထားတဲ့ေျမေတြျဖစ္တယ္။ ေက်းရြာေဒသခံေတြဆီ ျပန္ရေအာင္လုပ္ေပးမယ္။ ေျမကိုလွဴေပးပါ။ ေျမကို ရေအာင္ ျပန္ေတာင္းေပးမယ္ဆိုၿပီး ေက်းရြာေဒသခံ (၁၆)ဦးကို လက္မွတ္ေတြထိုးခိုင္းခဲ့တယ္။ ၿပီးေတာ့ က်ဴးေက်ာ္တဲ အလံုး(၁၀၀)ကို လာေဆာက္သြားတယ္။ ရံုးခန္းလည္း လာဖြင့္ထားတယ္။ အဓိကကေတာ့ ႏိုင္ငံေတာ္က အသံုးမျပဳေတာ့ရင္ ေက်းရြာေဒသခံေတြရဲ့ လက္ထဲကိုျပန္ေပးဖို႔အဓိက ေတာင္းဆိုတာ ျဖစ္ပါတယ္”ဟု ဆႏၵျပရာတြင္ပါဝင္သူ ဦးစိုင္းဟန္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

လားရိႈးၿမိဳ႕ႏွင့္ (၁၆)မိုင္ခန္႔အကြာရိွ ခရိုင္အုပ္ခ်ဳပ္ေရးဌာန၏ ယခင္က ၾကက္ဆူပင္စီမံကိန္း အေကာင္အထည္ ေဖာ္ခဲ့သည့္ ေျမေနရာတြင္ မိုင္းေမာေက်းရြာ၊ မုိင္းပ်ဥ္းေက်းရြာႏွင့္ ကုန္းရုန္း ေက်းရြာတို႔မွ ေဒသခံမ်ား စိုက္ပ်ိဳးလုပ္ကိုင္ေနျခင္းျဖစ္ၿပီး အဆိုပါေျမမ်ားအား အစိုးရထံမွ ျပန္လည္ရရိွေရးေဆာင္ရြက္ေပးမည္ဟုဆိုကာ ၾကားဝင္ေဆာင္ရြက္ေပးသူက အျခားေဒသမွ လူမ်ားေခၚလာကာ အဆိုပါေျမေနရာတြင္ က်ဴးေက်ာ္တဲမ်ား လာေဆာက္သျဖင့္ ေဒသမွထြက္သြားရန္ ကန္႔ကြက္ဆႏၵျပၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ ေျမသိမ္း၊ ယာသိမ္း ကိစၥေတြနဲ႔ပတ္သက္ၿပီး (၈၈)မ်ိဳးဆက္ ေက်ာင္းသားလူငယ္မ်ားပါတီက ဦးေလးျမင့္ ဆိုတဲ့ သူကို ရွမ္းျပည္(ေျမာက္ပိုင္း)မွာ လံုးဝထပ္လာလုပ္လို႔မရေအာင္ ကြ်န္မတို႔က ေမာင္းထုတ္တဲ့ သေဘာပါ။ ဒီျပည္နယ္တင္မကဘူး တျခားျပည္နယ္ေတြက ၿမိဳ႕ေတြနဲ႔ ဆယ္မိုင္၊ ဆယ့္ငါးမိုင္ေလာက္ပဲ ေဝးတဲ့ေနရာေတြမွာလည္း အခုလိုကိစၥေတြ လိုက္လုပ္ေနတာေတြကိုပါ တားျမစ္ဖို႔ျဖစ္ပါတယ္”ဟု အရပ္ဖက္လူ႔အဖြဲ႔အစည္းတစ္ခုျဖစ္သည့္(၈၈)မ်ိဳးဆက္ ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူ႔အဖြဲ႔အစည္း မွ မသန္းသန္းေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဆႏၵထုတ္ေဖာ္သည့္ ေဒသခံမ်ားအား ေျမယာအသံုးျပဳျခင္းႏွင့္ ႏိုင္ငံေတာ္မွသိမ္းဆည္းထားသည့္ ေျမယာမ်ားအား ျပန္လည္ရယူလိုပါက ျပန္လည္လုပ္ေဆာင္ရမည့္ လုပ္ငန္းစဥ္မ်ားအေၾကာင္းကို လားရိႈးၿမိဳ႕ ၿမိဳ႕နယ္ေျမစာရင္းဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴးက ရွင္းလင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓာတ္ပံု - Kham Oo


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်ရှိ ကျေးရွာ(၃)ခု၏ စိုက်ပျိုးမြေများတွင် ကျူးကျော်တဲများ လာရောက် တည်ဆောက်သည့် (၈၈)မျိုးဆက် ကျောင်းသားလူငယ်များပါတီက ဦးလေးမြင့်အား ဇူလိုင်လ (၁၆) ရက် နံနက်(၁၀)နာရီတွင် ကျေးရွာသုံးခုမှဒေသခံများ စုပေါင်းကာ ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။

“အဲဒီမှာလူတစ်ယောက်ကနပြေီးတော့ ဒီမြေတွေဟာ အစိုးရက သိမ်းထားတဲ့မြေတွဖြေစ်တယ်။ ကျေးရွာဒေသခံတွေဆီ ပြန်ရအောင်လုပ်ပေးမယ်။ မြေကိုလှူပေးပါ။ မြေကို ရအောင် ပြန်တောင်းပေးမယ်ဆိုပြီး ကျေးရွာဒေသခံ (၁၆)ဦးကို လက်မှတ်တွေထိုးခိုင်းခဲ့တယ်။ ပြီးတော့ ကျူးကျော်တဲ အလုံး(၁၀၀)ကို လာဆောက်သွားတယ်။ ရုံးခန်းလည်း လာဖွင့်ထားတယ်။ အဓိကကတော့ နိုင်ငံတော်က အသုံးမပြုတော့ရင် ကျေးရွာဒေသခံတွေရဲ့ လက်ထဲကိုပြန်ပေးဖို့အဓိက တောင်းဆိုတာ ဖြစ်ပါတယ်”ဟု ဆန္ဒပြရာတွင်ပါဝင်သူ ဦးစိုင်းဟန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့နှင့် (၁၆)မိုင်ခန့်အကွာရှိ ခရိုင်အုပ်ချုပ်ရေးဌာန၏ ယခင်က ကြက်ဆူပင်စီမံကိန်း အကောင်အထည် ဖော်ခဲ့သည့် မြေနေရာတွင် မိုင်းမောကျေးရွာ၊ မိုင်းပျဉ်းကျေးရွာနှင့် ကုန်းရုန်း ကျေးရွာတို့မှ ဒေသခံများ စိုက်ပျိုးလုပ်ကိုင်နခြေင်းဖြစ်ပြီး အဆိုပါမြေများအား အစိုးရထံမှ ပြန်လည်ရရှိရေးဆောင်ရွက်ပေးမည်ဟုဆိုကာ ကြားဝင်ဆောင်ရွက်ပေးသူက အခြားဒေသမှ လူများခေါ်လာကာ အဆိုပါမြေနေရာတွင် ကျူးကျော်တဲများ လာဆောက်သဖြင့် ဒေသမှထွက်သွားရန် ကန့်ကွက်ဆန္ဒပြကြခြင်းဖြစ်ကြောင်း သိရသည်။

“ မြေသိမ်း၊ ယာသိမ်း ကိစ္စတွေနဲ့ပတ်သက်ပြီး (၈၈)မျိုးဆက် ကျောင်းသားလူငယ်များပါတီက ဦးလေးမြင့် ဆိုတဲ့ သူကို ရှမ်းပြည်(မြောက်ပိုင်း)မှာ လုံးဝထပ်လာလုပ်လို့မရအောင် ကျွန်မတို့က မောင်းထုတ်တဲ့ သဘောပါ။ ဒီပြည်နယ်တင်မကဘူး တခြားပြည်နယ်တွေက မြို့တွေနဲ့ ဆယ်မိုင်၊ ဆယ့်ငါးမိုင်လောက်ပဲ ဝေးတဲ့နေရာတွေမှာလည်း အခုလိုကိစ္စတွေ လိုက်လုပ်နေတာတွေကိုပါ တားမြစ်ဖို့ဖြစ်ပါတယ်”ဟု အရပ်ဖက်လူ့အဖွဲ့အစည်းတစ်ခုဖြစ်သည့်(၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ မသန်းသန်းအေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆန္ဒထုတ်ဖော်သည့် ဒေသခံများအား မြေယာအသုံးပြုခြင်းနှင့် နိုင်ငံတော်မှသိမ်းဆည်းထားသည့် မြေယာများအား ပြန်လည်ရယူလိုပါက ပြန်လည်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအကြောင်းကို လားရှိုးမြို့ မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Kham Oo

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~