သာစည္ၿမိဳ႕တြင္ ဖမ္းဆီးရမိသည့္ လက္နက္သယ္ေဆာင္သူ၏ လိြဳင္ေကာ္ရွိ ေနအိမ္တြင္ လက္နက္မ်ား ထပ္မံဖမ္းမိ

သာစည္ၿမိဳ႕တြင္ ဖမ္းဆီးရမိသည့္ လက္နက္သယ္ေဆာင္သူ၏ လိြဳင္ေကာ္ရွိ ေနအိမ္တြင္ လက္နက္မ်ား ထပ္မံဖမ္းမိ
ဇူလိုင် 20, 2017
By Tachileik News Agency

သာစည္ၿမိဳ႕တြင္ ဖမ္းဆီးရမိထားသည့္ လက္နက္သယ္ေဆာင္သူ ေနစိုးေထြးမင္း၏ ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕ရိွ ေနအိမ္အား ဇူလိုင္လ (၂၀)ရက္ေန႔တြင္ ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြရာ ခဲယမ္းမ်ား ထပ္မံဖမ္းဆီးရမိေၾကာင္း သိရသည္။

ဇူလိုင္လ (၂၀)ရက္ေန႔ ေန႔လယ္ (၁)နာရီ (၁၀)မိနစ္ခန္႔တြင္ မဂၤလာရပ္ကြက္၊ အုပ္စု(၄)၊ ခြာညိဳလမ္း၊ မ/၁၅၇(က)ေန ေနစိုးေထြးမင္း၏ ေနအိမ္အား ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြရာ ေနအိမ္အတြင္းမွ ဒီတိုေနတာ (၅၀၀)စီ ပါသည့္ ပါကင္ (၂၆)ခု၊ ေဒသသံုးေက်ာက္ခြဲယမ္းဟု ယူဆရသည့္ တစ္ထုပ္လွ်င္ (၉၀)က်ပ္သား ခန္႔စီပါသည့္ အထုပ္(၆၀)ထုပ္၊ ေငြက်ပ္သိန္း (၁၄၀)တို႔အား ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆုိပါ ပစၥည္းမ်ား၏ ပိုင္ရွင္ျဖစ္သူ ေနစိုးေထြးမင္းအား လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၉၂/၂၀၁၇၊ ၁၉၀၈ ခုႏွစ္ ေပါက္ကြဲေစတတ္ေသာ ဝတၳဳပစၥည္းမ်ား အက္ဥပေဒပုဒ္မ ၅ အရ ထပ္မံ အမႈဖြင့္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

မႏၱေလးတိုင္းေဒသႀကီး သာစည္ၿမိဳ႕နယ္တြင္ ဇူလိုင္လ (၁၉) ရက္ေန႔ည (၁၀) နာရီခြဲအခ်ိန္ခန္႔က လိြဳင္ေကာ္ၿမိဳ႕မွ မႏၱေလးသို႔ ပို႔ေဆာင္မည့္ ထိုင္းႏိုင္ငံႏွင့္ ဂ်ာမဏီႏိုင္ငံလုပ္ေမာင္းျပန္ေသနတ္ (၂၂) လက္၊ က်ည္ဆံမ်ားႏွင့္ အတူ ဖမ္းဆီးရမိသည့္ ေနစိုးေထြးမင္း(ခ)ကိုစိုင္း၊ဇနီးျဖစ္သူ မျမတ္ဆုႏွင္းႏွင့္ လက္နက္မ်ား သယ္ေဆာင္ရန္ ေစခိုင္းသူ ေမာရ(ခ)က်ဳံးရန္ဆန္တို႔အား သာစည္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၆၇/၂၀၁၇၊ ၁၉၇၈ ခုႏွစ္ လက္နက္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

သာစည်မြို့တွင် ဖမ်းဆီးရမိထားသည့် လက်နက်သယ်ဆောင်သူ နေစိုးထွေးမင်း၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ နေအိမ်အား ဇူလိုင်လ (၂၀)ရက်နေ့တွင် ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ ခဲယမ်းများ ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

ဇူလိုင်လ (၂၀)ရက်နေ့ နေ့လယ် (၁)နာရီ (၁၀)မိနစ်ခန့်တွင် မင်္ဂလာရပ်ကွက်၊ အုပ်စု(၄)၊ ခွာညိုလမ်း၊ မ/၁၅၇(က)နေ နေစိုးထွေးမင်း၏ နေအိမ်အား ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ဒီတိုနေတာ (၅၀၀)စီ ပါသည့် ပါကင် (၂၆)ခု၊ ဒေသသုံးကျောက်ခွဲယမ်းဟု ယူဆရသည့် တစ်ထုပ်လျှင် (၉၀)ကျပ်သား ခန့်စီပါသည့် အထုပ်(၆၀)ထုပ်၊ ငွေကျပ်သိန်း (၁၄၀)တို့အား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ္စည်းများ၏ ပိုင်ရှင်ဖြစ်သူ နေစိုးထွေးမင်းအား လွိုင်ကော်မြို့မရဲစခန်းတွင် (ပ)၉၂/၂၀၁၇၊ ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၅ အရ ထပ်မံ အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဇူလိုင်လ (၁၉) ရက်နေ့ည (၁၀) နာရီခွဲအချိန်ခန့်က လွိုင်ကော်မြို့မှ မန္တလေးသို့ ပို့ဆောင်မည့် ထိုင်းနိုင်ငံနှင့် ဂျာမဏီနိုင်ငံလုပ်မောင်းပြန်သေနတ် (၂၂) လက်၊ ကျည်ဆံများနှင့် အတူ ဖမ်းဆီးရမိသည့် နေစိုးထွေးမင်း(ခ)ကိုစိုင်း၊ဇနီးဖြစ်သူ မမြတ်ဆုနှင်းနှင့် လက်နက်များ သယ်ဆောင်ရန် စေခိုင်းသူ မောရ(ခ)ကျုံးရန်ဆန်တို့အား သာစည်မြို့မရဲစခန်းတွင် (ပ)၁၆၇/၂၀၁၇၊ ၁၉၇၈ ခုနှစ် လက်နက်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~