လိြဳင္ေကာ္ၿမိဳ႕နယ္ လိြဳင္လင္ေလး ေက်းရြာအနီးတြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ဖမ္းဆီးရမိ

လိြဳင္ေကာ္ၿမိဳ႕နယ္ လိြဳင္လင္ေလး ေက်းရြာအနီးတြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ဖမ္းဆီးရမိ
ဇူလိုင် 7, 2017
By Tachileik News Agency

ကယားျပည္နယ္ ၊ လိြဳင္ေကာ္ၿမိဳ႕နယ္ ၊ လိြဳင္လင္ေလးေက်းရြာအုပ္စု ၊ ေက်ာက္ႀကီးရြာအနီး လိြဳင္ေကာ္ -ဆီဆိုင္ ကားလမ္းမေပၚတြင္ ကားတစ္စီးအား စစ္ေဆး ရွာေဖြရာမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား တစ္ေသာင္း တစ္ေထာင္ေက်ာ္ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

လိြဳင္ေကာ္မွ မႈခင္းႏွိမ္နင္းေရးအဖြဲ႔ ႏွင့္ မူးယစ္အဖြဲ႔မ်ားက ဇူလိုင္လ (၆) ရက္ေန႔ ည (၁၀)နာရီခန္႔တြင္ လိြဳင္ေကာ္ - ဆီဆိုင္လမ္းမွ ကားမ်ားအား ႐ွာေဖြစစ္ေဆးမႈမ်ား ေဆာင္ရြက္ေနစဥ္ ဆီဆိုင္ဘက္မွ လိြဳင္ေကာ္ဘက္သို႔ ခြန္ထြန္းႏိုင္ဆိုသူ ေမာင္းႏွင္လာေသာ CALDINA အမ်ိဳးအစား ခဲေရာင္ယာဥ္ေပၚမွWY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၁,၃၃၂)ျပားအား ႐ွာေဖြဖမ္းဆီး ရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္ေမာင္းလာသူ ခြန္ထြန္းႏိုင္ႏွင့္ ယာဥ္တြင္ အတူ လိုက္ပါလာသူမ်ား ျဖစ္သည့္ စိုးေအာင္၊ ခြန္ေမာင္ေသာင္းတို႔သံုးဦးအား လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၂၂/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၀(က)/၂၁ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးကျေးရွာအုပ်စု၊ ကျောက်ကြီးရွာအနီး လွိုင်ကော် -ဆီဆိုင် ကားလမ်းမပေါ်တွင် ကားတစ်စီးအား စစ်ဆေး ရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်း တစ်ထောင်ကျော် ဖမ်းဆီးရမိထားကြောင်း သိရသည်။

လွိုင်ကော်မှ မှုခင်းနှိမ်နင်းရေးအဖွဲ့ နှင့် မူးယစ်အဖွဲ့များက ဇူလိုင်လ (၆) ရက်နေ့ ည (၁၀)နာရီခန့်တွင် လွိုင်ကော် - ဆီဆိုင်လမ်းမှ ကားများအား ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ဆီဆိုင်ဘက်မှ လွိုင်ကော်ဘက်သို့ ခွန်ထွန်းနိုင်ဆိုသူ မောင်းနှင်လာသော CALDINA အမျိုးအစား ခဲရောင်ယာဉ်ပေါ်မှWY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၁,၃၃၂)ပြားအား ရှာဖွေဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းလာသူ ခွန်ထွန်းနိုင်နှင့် ယာဉ်တွင် အတူ လိုက်ပါလာသူများ ဖြစ်သည့် စိုးအောင်၊ ခွန်မောင်သောင်းတို့သုံးဦးအား လွိုင်ကော်မြို့မရဲစခန်းတွင် မယ(ပ)၂၂/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~