က်ဳိင္းတံု - မိုင္းခတ္- မိုင္းယန္း လမ္းမွ တန္ပိုေမာ္ေတာ္ယာဥ္ ၃၄ စီးအား လမ္းဦးစီးဌာနက တရားစြဲ

က်ဳိင္းတံု - မိုင္းခတ္- မိုင္းယန္း လမ္းမွ တန္ပိုေမာ္ေတာ္ယာဥ္ ၃၄ စီးအား လမ္းဦးစီးဌာနက တရားစြဲ
ဇူလိုင် 22, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံ-မိုင္းခတ္-မိုင္းယန္း လမ္းမႀကီးတစ္ေလွ်ာက္တြင္ တန္ပိုတင္ေဆာင္ ျဖတ္သန္းသည့္ ေမာ္ေတာ္ယာဥ္ အစီးေရ (၃၄)စီးကို က်ဳိင္းတုံၿမိဳ႕နယ္ လမ္းဦးစီးဌာနက ဇူလိုင္လ (၂၁)ရက္ေန ့တြင္ က်ိဳင္းတံုၿမိဳ႕နယ္တရားရုံး၌ တရားစြဲဆိုလိုက္ေၾကာင္း သိရသည္။

"က်ိဳင္းတုံ - မိုင္းခတ္ - မိုင္းယန္း လမ္းမႀကီးတစ္ေလွ်ာက္မွာ တန္ပိုတင္ေဆာင္ၿပီး သြားတဲ့ ကား(၃၄)စီးကို မေန ့ကပဲ ကၽြန္ေတာ္တို ့ လမ္းဦးစီးဌာနကေန တရားရုံးမွာ ဦးတိုက္ေလွ်ာက္ထားၿပီးေတာ့ တရားစြဲဆို ခဲ့ပါတယ္။ ကၽြန္ေတာ္တို ့အေနနဲ ့ တန္ပိုယာဥ္ တားဆီးေရးအတြက္ ကားေတြ သယ္လာတဲ့ ကုန္တန္ခ်ိန္ ဘယ္ေလာက္ ရ္ိွတယ္ဆိုတာကို ျပည္ေထာင္စုအစိုးရက ခ်မွတ္ထားတဲ့ တန္ခ်ိန္စာရင္းအတိုင္း စစ္ေဆး ခဲ့တာျဖစ္ပါတယ္။ မဟုတ္ရင္ လမ္းေတြက ပ်က္စီးလြန္းလို ့ပါ။ ၿပီးရင္ လမ္းေတြပ်က္ရင္ ကၽြန္ေတာ္တို ့ကို အျပစ္တင္ၾကလို ့ပါ"ဟု က်ိဳင္းတုံၿမိဳ႕နယ္ လမ္းဦးစီးဌာနမွ ဦးစီးအရာရိွ ဦးေအာင္ထြန္းဦး က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿမိဳ႕နယ္လမ္းဦးစီးဌာန အေနျဖင့္ ၂၀၁၇ ခုႏွစ္ မတ္လကို ပညာေပးကာလအျဖစ္ သတ္မွတ္ ေဆာင္ရြက္ခဲ့ၿပီးျဖစ္ရာ ဧၿပီလ (၁)ရက္ေန ့မွ စ၍ တန္ပိုယာဥ္မ်ားအား စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၆ ခုႏွစ္အတြင္းမွစ၍ မိုင္းလားလမ္းကို ပိတ္ထားရာ ကုန္တင္ယာဥ္မ်ားသည္ က်ိဳင္းတုံ-မိုင္းခတ္-မိုင္းယန္းလမ္းကို အသံုးျပဳ၍ မုိင္းလားမွ တစ္ဆင့္ တရုတ္ႏိုင္ငံသို ့ ကုန္သြယ္မႈမ်ားရိွလာသျဖင့္ အဆိုပါ လမ္းပိုင္းတြင္ လမ္းပ်က္စီးမႈမ်ားလည္း ရိွလာေၾကာင္း သိရသည္။

"တန္ပိုတင္ေဆာင္တဲ့ ကားေတြကို လမ္းမႀကီးမ်ားဥပေဒ အခန္း(၅) အပိုဒ္(၈)(ခ)အရ အခုလို တရားစြဲတာက ကၽြန္ေတာ္တို ့ အေနနဲ ့ ပထမအႀကိမ္ သတိေပးတာပါဗ်။ ဒဏ္ေၾကးကလည္း အခု ေလာေလာဆယ္ေတာ့ နည္းပါေသးတယ္။ မေန ့ကေတာ့ လာတဲ့ ကား(၁၉)စီးရဲ႕ ကိုယ္စားလွယ္ေတြကို အေရးယူၿပီး ပါၿပီ။ တနလာၤေန ့က်မွ အဲဒါေတြကို ႏိုင္ငံေတာ္ဘ႑ာအေနနဲ ့ ခ်လန္သြင္းတာကို တရားရုံးက ဆက္လုပ္သြားပါလိမ့္မယ္"ဟု က်ိဳင္းတုံၿမိဳ႕နယ္ လမ္းဦးစီးဌာနမွ ဦးစီးအရာရိွ ဦးေအာင္ထြန္းဦးက ေျပာသည္။

က်န္ရိွေနသည့္ ယာဥ္မ်ားကိုလည္း တရားရုံးတြင္ သြားေရာက္၍ ဒဏ္ေၾကးေဆာင္ရန္ အသိေပးထားၿပီး ေနာက္ပိုင္းတြင္လည္း တန္ပိုယာဥ္မ်ားအား တရားစြဲဆိုျခင္းကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါလမ္းပိုင္းတြင္ တန္ပိုယာဥ္မ်ားကို စစ္ေဆးရမည့္ ေနရာမ်ားအား ေဆာက္လုပ္ေရး၀န္ႀကီးဌာနႏွင့္ ျပည္နယ္အစိုးရတို ့မွ သတ္မွတ္ေပးထားၿပီးျဖစ္သည့္အတြက္ တန္ပိုယာဥ္မ်ားကို ေန ့စဥ္ စစ္ေဆး ေဆာင္ရြက္လ်က္ရိွေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
Photo: UMA


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း လမ်းမကြီးတစ်လျှောက်တွင် တန်ပိုတင်ဆောင် ဖြတ်သန်းသည့် မော်တော်ယာဉ် အစီးရေ (၃၄)စီးကို ကျိုင်းတုံမြို့နယ် လမ်းဦးစီးဌာနက ဇူလိုင်လ (၂၁)ရက်နေ့တွင် ကျိုင်းတုံမြို့နယ်တရားရုံး၌ တရားစွဲဆိုလိုက်ကြောင်း သိရသည်။

"ကျိုင်းတုံ - မိုင်းခတ် - မိုင်းယန်း လမ်းမကြီးတစ်လျှောက်မှာ တန်ပိုတင်ဆောင်ပြီး သွားတဲ့ ကား(၃၄)စီးကို မနေ့ကပဲ ကျွန်တော်တို့ လမ်းဦးစီးဌာနကနေ တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီးတော့ တရားစွဲဆို ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ တန်ပိုယာဉ် တားဆီးရေးအတွက် ကားတွေ သယ်လာတဲ့ ကုန်တန်ချိန် ဘယ်လောက် ရှိ်တယ်ဆိုတာကို ပြည်ထောင်စုအစိုးရက ချမှတ်ထားတဲ့ တန်ချိန်စာရင်းအတိုင်း စစ်ဆေး ခဲ့တာဖြစ်ပါတယ်။ မဟုတ်ရင် လမ်းတွေက ပျက်စီးလွန်းလို့ပါ။ ပြီးရင် လမ်းတွေပျက်ရင် ကျွန်တော်တို့ကို အပြစ်တင်ကြလို့ပါ"ဟု ကျိုင်းတုံမြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ထွန်းဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြို့နယ်လမ်းဦးစီးဌာန အနဖြေင့် ၂၀၁၇ ခုနှစ် မတ်လကို ပညာပေးကာလအဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ဧပြီလ (၁)ရက်နေ့မှ စ၍ တန်ပိုယာဉ်များအား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်အတွင်းမှစ၍ မိုင်းလားလမ်းကို ပိတ်ထားရာ ကုန်တင်ယာဉ်များသည် ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းလမ်းကို အသုံးပြု၍ မိုင်းလားမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ကုန်သွယ်မှုများရှိလာသဖြင့် အဆိုပါ လမ်းပိုင်းတွင် လမ်းပျက်စီးမှုများလည်း ရှိလာကြောင်း သိရသည်။

"တန်ပိုတင်ဆောင်တဲ့ ကားတွေကို လမ်းမကြီးများဥပဒေ အခန်း(၅) အပိုဒ်(၈)(ခ)အရ အခုလို တရားစွဲတာက ကျွန်တော်တို့ အနေနဲ့ ပထမအကြိမ် သတိပေးတာပါဗျ။ ဒဏ်ကြေးကလည်း အခု လောလောဆယ်တော့ နည်းပါသေးတယ်။ မနေ့ကတော့ လာတဲ့ ကား(၁၉)စီးရဲ့ ကိုယ်စားလှယ်တွေကို အရေးယူပြီး ပါပြီ။ တနင်္လောန့ကျမှ အဲဒါတွေကို နိုင်ငံတော်ဘဏ္ဍာအနေနဲ့ ချလန်သွင်းတာကို တရားရုံးက ဆက်လုပ်သွားပါလိမ့်မယ်"ဟု ကျိုင်းတုံမြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ထွန်းဦးက ပြောသည်။

ကျန်ရှိနေသည့် ယာဉ်များကိုလည်း တရားရုံးတွင် သွားရောက်၍ ဒဏ်ကြေးဆောင်ရန် အသိပေးထားပြီး နောက်ပိုင်းတွင်လည်း တန်ပိုယာဉ်များအား တရားစွဲဆိုခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းတွင် တန်ပိုယာဉ်များကို စစ်ဆေးရမည့် နေရာများအား ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့မှ သတ်မှတ်ပေးထားပြီးဖြစ်သည့်အတွက် တန်ပိုယာဉ်များကို နေ့စဉ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
Photo: UMA

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~