ရွမ္းျပည္နယ္အတြင္း ဆိုင္ကယ္မ်ားကို ေဒသလိုင္စင္ ဆက္လက္ထုတ္ေပးရန္ႏွင့္ စိစစ္ရန္ ညႊန္ၾကားခ်က္ မရိွေသး

ရွမ္းျပည္နယ္အတြင္း ဆိုင္ကယ္မ်ားကို ေဒသလိုင္စင္ ဆက္လက္ထုတ္ေပးရန္ႏွင့္ စိစစ္ရန္ ညႊန္ၾကားခ်က္ မရိွေသး
ဇူလိုင် 8, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ဆိုင္ကယ္မ်ားအား ေဒသလုိင္စင္ထုတ္ေပးျခင္းကို ဇြန္လဆန္းမွစ၍ ရပ္နားထားခဲ့ၿပီးေနာက္ လိုင္စင္ထပ္မံထုတ္ေပးရန္ႏွင့္ လိုင္စင္စိစစ္ျခင္းတို႔ လုပ္ေဆာင္ရန္ ဇူလိုင္လအထိ ညႊန္ၾကားခ်က္ မထြက္ေသးေၾကာင္း သိရသည္။

“ေမလကုန္ကတည္းက ရပ္နားထားဖို႔ ညႊန္ၾကားခ်က္ေၾကာင့္ လိုင္စင္ထပ္ ထုတ္မေပးေသးပါဘူး။ ေနာက္ထပ္ လိုင္စင္ထုတ္ေပးဖို႔ ညႊန္ၾကားခ်က္လည္း မလာေသးဘူး။ တာခ်ီလိတ္မွာေတာ့ လုိင္စင္လုပ္တာက တျဖည္းျဖည္း နည္းလာတယ္။ ပိတ္ခါနီးကာလမွာ ေန႔စဥ္လုိင္စင္ဝင္တဲ့ အစီးေရက အရင္က တစ္ရာေက်ာ္ေလာက္ရိွရာကေန တစ္ရာေတာင္ မျပည့္ေတာ့ဘူး။ လိုင္စင္ေတြ စစ္ေဆးတာ ကေတာ့ သက္ဆိုင္ရာဌာနေတြ လုပ္ေဆာင္ၾကမွာပါ။ လတ္တေလာထိေတာ့ ဘာမွ ညႊန္ၾကားလာျခင္း မရိွေသးပါဘူး”ဟု ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ တာခ်ီလိတ္ခရိုင္ဦးစီးမွဴး ဦးစိုုင္းလံုေက်ာက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ဆိုင္ကယ္မ်ားအား အပတ္စဥ္ ဗုဒၶဟူးေန႔တုိင္း ေဒသလိုင္စင္ မွတ္ပံုတင္ေပးျခင္းအား ေန႔စဥ္ရံုးဖြင့္ရက္မ်ားအတုိင္း လိုင္စင္လုပ္ေဆာင္ေပးမည့္ စီမံခ်က္အသစ္ကို အစားထိုးလုပ္ေဆာင္ရန္ ရွမ္းျပည္နယ္ ကုန္းလမ္းပို႔ေဆာင္ေရးႏွင့္ ညႊန္ၾကားမႈဦးစီးဌာနက ရွမ္းျပည္နယ္အစိုးရအဖြဲ႕ထံ တင္ျပထားျခင္းျဖစ္ေၾကာင္း သိရသည္။

“ေမာ္ေတာ္ဆိုင္ကယ္ေတြကို ဗုဒၶဟူးေန႔တုိင္း ပံုမွန္လိုင္စင္လုပ္ေပးေနတာကိုေတာ့ ၿပီးခဲ့တဲ့လကတည္းက ရပ္နားထားတယ္။ အထက္က ညႊန္ၾကားခ်က္ေပးလာလို႔ ရပ္နားလိုက္တာျဖစ္ပါတယ္။ ေမာ္ေတာ္ ဆိုင္ကယ္ေတြကို စီမံခ်က္နဲ႔မဟုတ္ဘဲ ပံုမွန္အတိုင္း လိုင္စင္ေတြလုပ္ေပးသြားဖို႔အတြက္ ေဆြးေႏြးမႈေတြ လုပ္ေနတယ္လို႔ ၾကားထားပါတယ္။ အတိအက်ေတာ့ မေျပာတတ္ေသးဘူး”ဟု ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာန ေက်ာက္မဲခရိုင္ရံုးမွ ခရိုင္ဦးစီးအရာရွိ ဦးဝင္းႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ဆုိင္ကယ္မ်ားအား ေဒသလိုင္စင္ထုတ္ေပးျခင္းစီမံခ်က္ကို ၂၀၁၇ ခုႏွစ္ မတ္လ (၁)ရက္ေန႔မွ စတင္အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ၿပီး ဇူလိုင္လမွစ၍ လုိင္စင္စိစစ္ျခင္းမ်ား လုပ္ေဆာင္မည္ဟု ယခင္က ေျပာၾကားထားေသာ္လည္း လက္ရိွအခ်ိန္ထိ လိုင္စင္ စစ္ေဆးျခင္းႏွင့္ ပတ္သက္၍ လုပ္ေဆာင္ရန္ မရိွေသးေၾကာင္း သိရသည္။

“ယခင္က ေၾကညာထားတာကေတာ့ ဇူလိုင္လ(၁)ရက္ေန႔ကေန စတင္ၿပီး လိုင္စင္မဲ့ ေမာ္ေတာ္ ဆိုင္ကယ္ေတြကို စီမံခ်က္နဲ႔ ဖမ္းဆီးမယ္ဆိုတာရွိတယ္။ ဒါေပမယ့္ အခုထိေတာ့ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး အေၾကာင္းၾကားထားတာမ်ိဳး မရွိေသးပါဘူး။ မဖမ္းေသးဘူးထင္တယ္”ဟု ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာန ေက်ာက္မဲခရိုင္ရံုးမွ ခရိုင္ဦးစီးအရာရွိ ဦးဝင္းႏိုင္က ေျပာသည္။

ရွမ္းျပည္နယ္တစ္ခုလံုးအတိုင္းအတာျဖင့္ မတ္လမွစ၍ ေမာ္ေတာ္ဆုိင္ကယ္မ်ားအား ေဒသတြင္း လိုင္စင္ျပဳလုပ္ေပးေနျခင္းျဖစ္ေသာ္လည္း ဒဏ္ေၾကးျမင့္မားသျဖင့္ လုိင္စင္ေလွ်ာက္ထားလိုသူအမ်ားစုမွာ အခက္အခဲဲျဖစ္ေနရေၾကာင္း သိရသည္။

“လိုင္စင္ျပဳလုပ္ရာမွာ ယာဥ္ပိုင္ရွင္ေပးေဆာင္ရတဲ့ ဒဏ္ေၾကးပမာဏကို ေလ်ာ့ခ်ေပးမယ္ဆိုရင္ေတာ့ လိုင္စင္လာလုပ္ဖို႔ ပိုၿပီးဆႏၵရွိၾကမွာပါ။ ေမာ္ေတာ္ဆိုင္ကယ္ဆိုတာကေတာ့ အေျခခံ လူတန္းစားေတြ အတြက္ မရွိမျဖစ္ သံုးေနရတာဆိုေတာ့ လိုင္စင္လုပ္တဲ့ေနရာမွာ ေစ်းမႀကီးဘူးဆိုရင္ လာလုပ္တဲ့သူ မ်ားမယ္လို႔ထင္ပါတယ္” ဟု ေက်ာက္မဲၿမိဳ႕ခံတစ္ဦးျဖစ္သည့္ ကိုသန္းစိုးက ေျပာသည္။

ရွမ္းျပည္နယ္အတြင္း ၂၀၁၇ ခုႏွစ္ မတ္လမွ ဇြန္လဆန္းအထိ ေဒသလိုင္စင္ထုတ္ထားသည့္ ဆုိင္ကယ္အစီးေရမွာ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္(၈၃၂)စီး၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)တြင္ (၄၇၇)စီးႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ (၅၄၂၈)စီး စုစုေပါင္း (၆၇၃၇)စီးရိွေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များအား ဒေသလိုင်စင်ထုတ်ပေးခြင်းကို ဇွန်လဆန်းမှစ၍ ရပ်နားထားခဲ့ပြီးနောက် လိုင်စင်ထပ်မံထုတ်ပေးရန်နှင့် လိုင်စင်စိစစ်ခြင်းတို့ လုပ်ဆောင်ရန် ဇူလိုင်လအထိ ညွှန်ကြားချက် မထွက်သေးကြောင်း သိရသည်။

“မေလကုန်ကတည်းက ရပ်နားထားဖို့ ညွှန်ကြားချက်ကြောင့် လိုင်စင်ထပ် ထုတ်မပေးသေးပါဘူး။ နောက်ထပ် လိုင်စင်ထုတ်ပေးဖို့ ညွှန်ကြားချက်လည်း မလာသေးဘူး။ တာချီလိတ်မှာတော့ လိုင်စင်လုပ်တာက တဖြည်းဖြည်း နည်းလာတယ်။ ပိတ်ခါနီးကာလမှာ နေ့စဉ်လိုင်စင်ဝင်တဲ့ အစီးရေက အရင်က တစ်ရာကျော်လောက်ရှိရာကနေ တစ်ရာတောင် မပြည့်တော့ဘူး။ လိုင်စင်တွေ စစ်ဆေးတာ ကတော့ သက်ဆိုင်ရာဌာနတွေ လုပ်ဆောင်ကြမှာပါ။ လတ်တလောထိတော့ ဘာမှ ညွှန်ကြားလာခြင်း မရှိသေးပါဘူး”ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးစိုင်းလုံကျောက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဒေသလိုင်စင် မှတ်ပုံတင်ပေးခြင်းအား နေ့စဉ်ရုံးဖွင့်ရက်များအတိုင်း လိုင်စင်လုပ်ဆောင်ပေးမည့် စီမံချက်အသစ်ကို အစားထိုးလုပ်ဆောင်ရန် ရှမ်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနက ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

“မော်တော်ဆိုင်ကယ်တွေကို ဗုဒ္ဓဟူးနေ့တိုင်း ပုံမှန်လိုင်စင်လုပ်ပေးနေတာကိုတော့ ပြီးခဲ့တဲ့လကတည်းက ရပ်နားထားတယ်။ အထက်က ညွှန်ကြားချက်ပေးလာလို့ ရပ်နားလိုက်တာဖြစ်ပါတယ်။ မော်တော် ဆိုင်ကယ်တွေကို စီမံချက်နဲ့မဟုတ်ဘဲ ပုံမှန်အတိုင်း လိုင်စင်တွေလုပ်ပေးသွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ကြားထားပါတယ်။ အတိအကျတော့ မပြောတတ်သေးဘူး”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ကျောက်မဲခရိုင်ရုံးမှ ခရိုင်ဦးစီးအရာရှိ ဦးဝင်းနိုင်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များအား ဒေသလိုင်စင်ထုတ်ပေးခြင်းစီမံချက်ကို ၂၀၁၇ ခုနှစ် မတ်လ (၁)ရက်နေ့မှ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လမှစ၍ လိုင်စင်စိစစ်ခြင်းများ လုပ်ဆောင်မည်ဟု ယခင်က ပြောကြားထားသော်လည်း လက်ရှိအချိန်ထိ လိုင်စင် စစ်ဆေးခြင်းနှင့် ပတ်သက်၍ လုပ်ဆောင်ရန် မရှိသေးကြောင်း သိရသည်။

“ယခင်က ကြေညာထားတာကတော့ ဇူလိုင်လ(၁)ရက်နေ့ကနေ စတင်ပြီး လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်တွေကို စီမံချက်နဲ့ ဖမ်းဆီးမယ်ဆိုတာရှိတယ်။ ဒါပေမယ့် အခုထိတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အကြောင်းကြားထားတာမျိုး မရှိသေးပါဘူး။ မဖမ်းသေးဘူးထင်တယ်”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ကျောက်မဲခရိုင်ရုံးမှ ခရိုင်ဦးစီးအရာရှိ ဦးဝင်းနိုင်က ပြောသည်။

ရှမ်းပြည်နယ်တစ်ခုလုံးအတိုင်းအတာဖြင့် မတ်လမှစ၍ မော်တော်ဆိုင်ကယ်များအား ဒေသတွင်း လိုင်စင်ပြုလုပ်ပေးနခြေင်းဖြစ်သော်လည်း ဒဏ်ကြေးမြင့်မားသဖြင့် လိုင်စင်လျှောက်ထားလိုသူအများစုမှာ အခက်အခဲဖြစ်နေရကြောင်း သိရသည်။

“လိုင်စင်ပြုလုပ်ရာမှာ ယာဉ်ပိုင်ရှင်ပေးဆောင်ရတဲ့ ဒဏ်ကြေးပမာဏကို လျော့ချပေးမယ်ဆိုရင်တော့ လိုင်စင်လာလုပ်ဖို့ ပိုပြီးဆန္ဒရှိကြမှာပါ။ မော်တော်ဆိုင်ကယ်ဆိုတာကတော့ အခြေခံ လူတန်းစားတွေ အတွက် မရှိမဖြစ် သုံးနေရတာဆိုတော့ လိုင်စင်လုပ်တဲ့နေရာမှာ ဈေးမကြီးဘူးဆိုရင် လာလုပ်တဲ့သူ များမယ်လို့ထင်ပါတယ်” ဟု ကျောက်မဲမြို့ခံတစ်ဦးဖြစ်သည့် ကိုသန်းစိုးက ပြောသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် မတ်လမှ ဇွန်လဆန်းအထိ ဒေသလိုင်စင်ထုတ်ထားသည့် ဆိုင်ကယ်အစီးရေမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်(၈၃၂)စီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် (၄၇၇)စီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် (၅၄၂၈)စီး စုစုပေါင်း (၆၇၃၇)စီးရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~