ေက်ာက္မဲၿမိဳ႕ ခိုမုန္းေက်းရြာအုပ္စုတြင္ သစ္မ်ားတင္ေဆာင္လာသည့္ ခရီးသည္တင္ကားတစ္စီး ဖမ္းဆီးရမိ

ေက်ာက္မဲၿမိဳ႕ ခိုမုန္းေက်းရြာအုပ္စုတြင္ သစ္မ်ားတင္ေဆာင္လာသည့္ ခရီးသည္တင္ကားတစ္စီး ဖမ္းဆီးရမိ
ဇူလိုင် 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ ခုိမုန္းေက်းရြာအုပ္စု ေတာင္ေနာက္ေက်းရြာရွိ ၿငိမ္းခ်မ္းေရးကုန္း ဘုရားအနီးတြင္ မိုင္းလံုၿမိဳ႕မွ ေက်ာက္မဲၿမိဳ႕သို႔ သစ္တင္ေဆာင္လာေသာ ခရီးသည္တင္ ကားတစ္စီးအား ဇူလိုင္လ(၂၄)ရက္ ေန႔လယ္ပိုင္းက ေက်ာက္မဲရဲတပ္ဖြဲ႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႔မွ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရွိရသည္။

“သတင္းအရ ပူးေပါင္းအဖြဲ႔နဲ႔ ႀကိဳတင္ေစာင့္ဆိုင္းၿပီး ဖမ္းဆီးရမိတာပါ။ မိုးကုတ္ - မိုင္းလံု - ေက်ာက္မဲ ခရီးသည္တင္ ( စိန္နန္းစိုး ) ယာဥ္ေပၚမွာ ပိေတာက္သစ္ေတြကို ကုန္ပစၥည္းေတြနဲ႔ ဖံုးအုပ္ တင္ေဆာင္လာတာကို ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ ယာဥ္ေပၚကေနေတြ႔ရွိရတဲ့ ပိေတာက္သစ္ေတြကိုေတာ့ ေက်ာက္မဲၿမိဳ႕နယ္သစ္ေတာဦးစီးဌာန မွာ ပို႔ေဆာင္ၿပီး တိုင္းတာ တန္ဖိုး တြက္ခ်က္ေနပါတယ္” ဟု ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔မွ ဒုရဲအုပ္ေကာင္းျမတ္ေက်ာ္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔၊ ေက်ာက္မဲၿမိဳ႕နယ္သစ္ေတာဦးစီးဌာန၊ အမွတ္(၁)ရပ္ကြက္မွ ရပ္မိရပ္ဖမ်ား၊ အရန္မီးသတ္တပ္ဖြဲ႔ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႔သည္ ဇူလိုင္လ(၂၄)ရက္ ေန႔လယ္ (၁၂)နာရီခြဲအခ်ိန္တြင္ ေက်ာက္မဲ - မိုးကုတ္အေဝးေျပးလမ္းတြင္ ေစာင့္ဆိုင္း၍ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

အရြယ္အစားႀကီးမားသည့္ ပိေတာက္သစ္ ပတ္လည္တံုး (၆၃)တံုး၊ စုစုေပါင္းအေလးခ်ိန္ (၁.၁၆၇ )တန္အား ခရီးသည္တင္ကားေပၚတြင္ ကုန္ပစၥည္းမ်ားဖံုးအုပ္လ်က္ေတြ႔ရွိရျခင္းျဖစ္ၿပီး အဆိုပါယာဥ္အား ေက်ာက္မဲၿမိဳ႕နယ္သစ္ေတာဦးစီးဌာနတြင္ ထိန္းသိမ္းထားေၾကာင္း သိရသည္။

သစ္မ်ားတင္ေဆာင္လာသည့္ ခရီးသည္တင္ကားမွ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လုိက္တို႔အား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓာတ္ပံု - KMK


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ခိုမုန်းကျေးရွာအုပ်စု တောင်နောက်ကျေးရွာရှိ ငြိမ်းချမ်းရေးကုန်း ဘုရားအနီးတွင် မိုင်းလုံမြို့မှ ကျောက်မဲမြို့သို့ သစ်တင်ဆောင်လာသော ခရီးသည်တင် ကားတစ်စီးအား ဇူလိုင်လ(၂၄)ရက် နေ့လယ်ပိုင်းက ကျောက်မဲရဲတပ်ဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

“သတင်းအရ ပူးပေါင်းအဖွဲ့နဲ့ ကြိုတင်စောင့်ဆိုင်းပြီး ဖမ်းဆီးရမိတာပါ။ မိုးကုတ် - မိုင်းလုံ - ကျောက်မဲ ခရီးသည်တင် ( စိန်နန်းစိုး ) ယာဉ်ပေါ်မှာ ပိတောက်သစ်တွေကို ကုန်ပစ္စည်းတွေနဲ့ ဖုံးအုပ် တင်ဆောင်လာတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ယာဉ်ပေါ်ကနေတွေ့ရှိရတဲ့ ပိတောက်သစ်တွေကိုတော့ ကျောက်မဲမြို့နယ်သစ်တောဦးစီးဌာန မှာ ပို့ဆောင်ပြီး တိုင်းတာ တန်ဖိုး တွက်ချက်နေပါတယ်” ဟု ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကောင်းမြတ်ကျော် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့မရဲတပ်ဖွဲ့၊ ကျောက်မဲမြို့နယ်သစ်တောဦးစီးဌာန၊ အမှတ်(၁)ရပ်ကွက်မှ ရပ်မိရပ်ဖများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ(၂၄)ရက် နေ့လယ် (၁၂)နာရီခွဲအချိန်တွင် ကျောက်မဲ - မိုးကုတ်အဝေးပြေးလမ်းတွင် စောင့်ဆိုင်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အရွယ်အစားကြီးမားသည့် ပိတောက်သစ် ပတ်လည်တုံး (၆၃)တုံး၊ စုစုပေါင်းအလေးချိန် (၁.၁၆၇ )တန်အား ခရီးသည်တင်ကားပေါ်တွင် ကုန်ပစ္စည်းများဖုံးအုပ်လျက်တွေ့ရှိရခြင်းဖြစ်ပြီး အဆိုပါယာဉ်အား ကျောက်မဲမြို့နယ်သစ်တောဦးစီးဌာနတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

သစ်များတင်ဆောင်လာသည့် ခရီးသည်တင်ကားမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ္ပံု - KMK

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~