လားရိႈးတြင္ ၿငိမ္းခ်မ္းေရးဂီတပြဲေတာ္သီခ်င္းဆိုၿပိဳင္ပြဲ အတြက္ ဇူလို္င္လ ၂၇ ရက္ေန႔၌ အသံ စစ္ေဆးမည္

လားရိႈးတြင္ ၿငိမ္းခ်မ္းေရးဂီတပြဲေတာ္သီခ်င္းဆိုၿပိဳင္ပြဲ အတြက္ ဇူလို္င္လ ၂၇ ရက္ေန႔၌ အသံ စစ္ေဆးမည္
ဇူလိုင် 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမ၌ ဇူလိုင္လ(၃၀)ရက္ေန႔တြင္ ျပဳလုပ္မည့္ ၿငိမ္းခ်မ္းေရး ဂီတပြဲေတာ္ သီခ်င္းဆိုၿပိဳင္ပြဲအတြက္ ပဏာမ အသံစစ္ေဆးမႈမ်ားအား ဇူလိုင္လ(၂၇)ရက္ေန႔တြင္ ျပဳလုပ္ သြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ေျမာက္ပိုင္း(လားရွဳိး) တြဲဖက္ျပည္နယ္ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရး ဦးစီးဌာနမွ သိရွိရသည္။

“ဇူလိုင္လ(၂၇)ရက္ေန႔ မနက္ (၈)နာရီခြဲအခ်ိန္ လားရႈိးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမမွာ ပဏာမ အသံ စစ္ေဆးမႈျပဳလုပ္မွာ ျဖစ္ပါတယ္။ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တစ္ခုလံုးက ဝါသနာရွင္ေတြ စာရင္း သြင္းထားတာကေတာ့ လူဦးေရ (၂၅၀) ဝန္းက်င္ေလာက္ ရွိပါတယ္။ အဲဒီထဲကမွ အသံစစ္ေဆးရာမွာ ေအာင္ျမင္တဲ့ ဆန္ခါတင္ (၁၀)ဦးကို (၃၀) ရက္ေန႔ မွာ ဖိုင္နယ္ၿပိဳင္ပြဲ ဝင္ေစမွာျဖစ္ပါတယ္”ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္း(လားရွဳိး) တြဲဖက္ျပည္နယ္ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ ဒုတိယ ဦးစီးမွဴး ဦးစိုင္းထြန္းေနလိႈင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုၿပိဳင္ပြဲတြင္ မင္းခ်စ္သူ၊ ေအာင္ႏိုင္စန္း၊ ခင္ျမတ္မြန္စသည့္ ပညာရွင္မ်ားက အကဲျဖတ္ဒိုင္မ်ားအျဖစ္ ေဆာင္ရြက္ေပးမည္ျဖစ္ၿပီး ဧည့္သည္ အဆိုရွင္မ်ားအေနျဖင့္ အဆိုေတာ္ဟန္ထြန္းႏွင့္ မို႔မို႔လြင္တို႔ ေဖ်ာ္ေျဖမည္ျဖစ္ေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕ အဆိုၿပိဳင္ပြဲမွ ပထမ၊ ဒုတိယ၊ တတိယ ရရိွသူသံုးဦးမွာ Level 2 ၿပိဳင္ပြဲအျဖစ္ မႏၱေလးၿမိဳ႕တြင္ ဆက္လက္ ယွဥ္ၿပိဳင္သြားရမည္ျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားကို ေထာက္ခံေသာအားျဖင့္ ျပန္ၾကားေရးဝန္ႀကီးဌာနမွ ႀကီးမွဴး က်င္းပျပဳလုပ္သည့္ ၿငိမ္းခ်မ္းေရးဂီတပြဲေတာ္ သီခ်င္းဆိုၿပိဳင္ပြဲအား ဇူလိုင္လ(၃၀)ရက္ေန႔တြင္ MRTV ရုပ္သံလိုင္းမွ တိုက္ရိုက္ ထုတ္လႊင့္ျပသေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃၀)ရက်နေ့တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲအတွက် ပဏာမ အသံစစ်ဆေးမှုများအား ဇူလိုင်လ(၂၇)ရက်နေ့တွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း(လားရှိုး) တွဲဖက်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရှိရသည်။

“ဇူလိုင်လ(၂၇)ရက်နေ့ မနက် (၈)နာရီခွဲအချိန် လားရှိုးမြို့ မြို့တော်ခန်းမမှာ ပဏာမ အသံ စစ်ဆေးမှုပြုလုပ်မှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)တစ်ခုလုံးက ဝါသနာရှင်တွေ စာရင်း သွင်းထားတာကတော့ လူဦးရေ (၂၅၀) ဝန်းကျင်လောက် ရှိပါတယ်။ အဲဒီထဲကမှ အသံစစ်ဆေးရာမှာ အောင်မြင်တဲ့ ဆန်ခါတင် (၁၀)ဦးကို (၃၀) ရက်နေ့ မှာ ဖိုင်နယ်ပြိုင်ပွဲ ဝင်စေမှာဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်မြောက်ပိုင်း(လားရှိုး) တွဲဖက်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးစိုင်းထွန်းနေလှိုင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပြိုင်ပွဲတွင် မင်းချစ်သူ၊ အောင်နိုင်စန်း၊ ခင်မြတ်မွန်စသည့် ပညာရှင်များက အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဧည့်သည် အဆိုရှင်များအနဖြေင့် အဆိုတော်ဟန်ထွန်းနှင့် မို့မို့လွင်တို့ ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့ အဆိုပြိုင်ပွဲမှ ပထမ၊ ဒုတိယ၊ တတိယ ရရှိသူသုံးဦးမှာ Level 2 ပြိုင်ပွဲအဖြစ် မန္တလေးမြို့တွင် ဆက်လက် ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထောက်ခံသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ကြီးမှူး ကျင်းပပြုလုပ်သည့် ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲအား ဇူလိုင်လ(၃၀)ရက်နေ့တွင် MRTV ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~