မိုင္းျဖတ္ၿမိဳ႕နယ္အတြင္းရွိ အေျခခံပညာေက်ာင္းမ်ားတြင္ အသက္(၁၀)ႏွစ္ျပည့္ ႏိုင္ငံသား စိစစ္ေရးကတ္ျပားမ်ား ေဆာင္ရြက္ေပးေန

မိုင္းျဖတ္ၿမိဳ႕နယ္အတြင္းရွိ အေျခခံပညာေက်ာင္းမ်ားတြင္ အသက္(၁၀)ႏွစ္ျပည့္ ႏိုင္ငံသား စိစစ္ေရးကတ္ျပားမ်ား ေဆာင္ရြက္ေပးေန
ဇူလိုင် 14, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္ရွိ အေျခခံပညာအထက္တန္းေက်ာင္း(မိုင္းျဖတ္)တြင္ အသက္(၁၀)ႏွစ္ ျပည့္ၿပီးသည့္ ေက်ာင္းသား/ ေက်ာင္းသူမ်ားအတြက္ ႏိုင္ငံသား စိစစ္ေရး ကတ္မ်ားအား မိုင္းျဖတ္ၿမိဳ႕နယ္လ၀ကမွ ဇူလိုင္လ(၁၄)ရက္ေန႔တြင္ ေဆာင္ရြက္ေပးေနလ်က္ရွိေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ဌာနရဲ႕ လုပ္ငန္းစဥ္ထဲက တစ္ရပ္ျဖစ္တဲ့ အေျခခံပညာေက်ာင္းမ်ားရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ႏိုင္ငံသားစိစစ္ေရးကတ္ျပား ဒါမွမဟုတ္ ကိုင္ေဆာင္သင့္ေသာ မွတ္ပံုတင္ တစ္မ်ဳိးမ်ဳိး ထုတ္ေပးဖို႔ဆိုၿပီး ခ်မွတ္ထားတာရွိပါတယ္။ ေက်ာင္းဖြင့္ရာသီ ဇူလိုင္လ ကစၿပီး ကြ်န္ေတာ့္ဝန္ထမ္းေတြက ၿမိဳ႕နယ္ရွိ ေက်ာင္းမ်ား အေရာက္သြားၿပီး အသက္(၁၀)ႏွစ္ျပည့္ၿပီးသူမ်ားကို စာသင္ခ်ိန္မပ်က္ေစဘဲ စဥ္ဆက္ မျပတ္ ေဆာင္ရြက္ေပးသြားမွာျဖစ္ပါတယ္"ဟု မိုင္းျဖတ္ၿမိဳ႕နယ္ လ၀က ဦးစီးမွဴး ဦးျမင့္ေဌး က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာင္းသား/ေက်ာင္းသူမ်ား စာသင္ခ်ိန္မပ်က္ေစရန္ ေက်ာင္းအေရာက္ အသက္(၁၀)ႏွစ္ျပည့္ ႏိုင္ငံသား စိစစ္ေရးကတ္ျပား ေဆာင္ရြက္ေပးျခင္းလုပ္ငန္းကို မိုင္းျဖတ္ၿမိဳ႕နယ္အတြင္းရွိ အေျခခံပညာ ေက်ာင္းမ်ားတြင္ တစ္ေက်ာင္းၿပီး တစ္ေက်ာင္း စနစ္ျဖင့္ ဇူလိုင္လမွ စတင္၍ ကြင္းဆင္း ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)တွင် အသက်(၁၀)နှစ် ပြည့်ပြီးသည့် ကျောင်းသား/ ကျောင်းသူများအတွက် နိုင်ငံသား စိစစ်ရေး ကတ်များအား မိုင်းဖြတ်မြို့နယ်လဝကမှ ဇူလိုင်လ(၁၄)ရက်နေ့တွင် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ဌာနရဲ့ လုပ်ငန်းစဉ်ထဲက တစ်ရပ်ဖြစ်တဲ့ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား ဒါမှမဟုတ် ကိုင်ဆောင်သင့်သော မှတ်ပုံတင် တစ်မျိုးမျိုး ထုတ်ပေးဖို့ဆိုပြီး ချမှတ်ထားတာရှိပါတယ်။ ကျောင်းဖွင့်ရာသီ ဇူလိုင်လ ကစပြီး ကျွန်တော့်ဝန်ထမ်းတွေက မြို့နယ်ရှိ ကျောင်းများ အရောက်သွားပြီး အသက်(၁၀)နှစ်ပြည့်ပြီးသူများကို စာသင်ချိန်မပျက်စေဘဲ စဉ်ဆက် မပြတ် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"ဟု မိုင်းဖြတ်မြို့နယ် လဝက ဦးစီးမှူး ဦးမြင့်ဌေး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောင်းသား/ကျောင်းသူများ စာသင်ချိန်မပျက်စေရန် ကျောင်းအရောက် အသက်(၁၀)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို မိုင်းဖြတ်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် တစ်ကျောင်းပြီး တစ်ကျောင်း စနစ်ဖြင့် ဇူလိုင်လမှ စတင်၍ ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~