တာချီလိတ်တွင် H1N1 အသိပညာပေးအဖြစ် တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့က Face Mask များ အခမဲ့ပေးဝေ

တာချီလိတ်တွင် H1N1 အသိပညာပေးအဖြစ် တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့က Face Mask များ အခမဲ့ပေးဝေ
ဇူလိုငျ 29, 2017
By Tachileik News Agency

မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် တပ်ဖွဲ့ဝင်များ၏ မိသားစုများ အပါအ၀င် ယာဉ်များဖြင့် မြို့တွင်းသွားလာနေသူများအား H1N1 ရောဂါကူးစက်ခံရမှုများနှင့် မလိုလားအပ်သည့် ရောဂါများ မဖြစ်ပွားစေရေး ၊ ကူးစက်မှုမရှိစေရေးတို့အတွက် အသိပညာပေးကာ Face Mask များ အခမဲ့ ပေးဝေမှုကို တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့ က ဇူလိုင်လ(၂၉)ရက်နေ့ နံနက်ပိုင်းက စတင် လုပ်ဆောင်လိုက်ကြောင်း သိရသည်။

အမှတ်(၁၉)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရှမ်း/အရှေ့) ကွပ်ကဲမှုအောက်ရှိ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်) ဒုရဲအုပ် ဇော်မျိုးသန့်နှင့် တပ်ဖွဲ့ဝင်များက ယာဉ်ထိန်းရဲတပ်ဖွဲ့ မိသားစုဝင်များအား H1N1 ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရနိုင်မှု အခြေအနေ အကြောင်းရင်းများအား ရှင်းလင်း အသိပညာပေးကာ Face Mask များကို နေအိမ်အတွင်း နှင့် အပြင်သွားလာရာတွင် တပ်ဆင် အသုံးပြုနိုင်ရန်အတွက် အခမဲ့ပေးဝေကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် တပ်ဖွဲ့ဝင်များ၏ မိသားစုများ အပါအဝင် ယာဉ်များဖြင့် မြို့တွင်းသွားလာနေသူများအား H1N1 ရောဂါကူးစက်ခံရမှုများနှင့် မလိုလားအပ်သည့် ရောဂါများ မဖြစ်ပွားစေရေး၊ ကူးစက်မှုမရှိစေရေးတို့အတွက် အသိပညာပေးကာ Face Mask များ အခမဲ့ ပေးေဝမှုကို တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့ က ဇူလိုင်လ(၂၉)ရက်နေ့ နံနက်ပိုင်းက စတင် လုပ်ဆောင်လိုက်ကြောင်း သိရသည်။

အမှတ်(၁၉)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရှမ်း/အရှေ့) ကွပ်ကဲမှုအောက်ရှိ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်) ဒုရဲအုပ် ဇော်မျိုးသန့်နှင့် တပ်ဖွဲ့ဝင်များက ယာဉ်ထိန်းရဲတပ်ဖွဲ့ မိသားစုဝင်များအား H1N1 ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရနိုင်မှု အခြေအနေ အကြောင်းရင်းများအား ရှင်းလင်း အသိပညာပေးကာ Face Mask များကို နေအိမ်အတွင်း နှင့် အပြင်သွားလာရာတွင် တပ်ဆင် အသုံးပြုနိုင်ရန်အတွက် အခမဲ့ပေးေဝကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါ အဖွဲ့က တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် နှင့် ဝိန်းကျောက်သွား ကားလမ်းမပေါ်တွင် ကား/ဆိုင်ကယ်များဖြင့် သွားလာနေသူများအား အသိပညာပေးကာ Face Mask များ အခမဲ့ ပေးဝေမှုကို လုပ်ဆောင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~