ေက်ာက္မဲၿမိဳ႕ ပိႏၷဲကုန္းရြာတြင္ လူေနရပ္ကြက္အတြင္းရွိွ ေမြးျမဴေရး ၾကက္ၿခံမ်ားေၾကာင့္ ေနအိမ္တြင္း ယင္ေကာင္မ်ား ၀င္ေရာက္မႈ မ်ားျပားေန

ေက်ာက္မဲၿမိဳ႕ ပိႏၷဲကုန္းရြာတြင္ လူေနရပ္ကြက္အတြင္းရွိွ ေမြးျမဴေရး ၾကက္ၿခံမ်ားေၾကာင့္ ေနအိမ္တြင္း ယင္ေကာင္မ်ား ၀င္ေရာက္မႈ မ်ားျပားေန
ဇူလိုင် 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ အမွတ္(၇)ရပ္ကြက္အနီးရွိ ပိႏၷဲကုန္းေက်းရြာအတြင္း ၾကက္ေမြးျမဴေရး လုပ္ငန္းမ်ားေၾကာင့္ အနီးပတ္ဝန္းက်င္ရွိ လူေနအိမ္မ်ားတြင္ ယင္ေကာင္မ်ား ဝင္ေရာက္လာသျဖင့္ သက္ဆိုင္ရာက အပတ္စဥ္ စစ္ေဆးမႈျပဳလုပ္ေနေသာ္လည္း မေျဖရွင္း နုိင္ေသးေၾကာင္း သိရသည္။

“ယင္ေကာင္ေတြ မ်ားေနတယ္လို႔ သိရတဲ့အတြက္ ၾကက္ေမြးျမဴေရးလုပ္တဲ့ၿခံေတြကို အပတ္တိုင္း စစ္ေဆးပါတယ္။ ေမြး/ကု ၊ စည္ပင္၊ စားသံုးသူေရးရာ၊ ရပ္ကြက္/ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ေတြနဲ႔ က်န္းမာေရးမွဴးေတြ ပါဝင္တဲ့ အဖြဲ႔နဲ႔ အပတ္တိုင္း စစ္ေဆးပါတယ္။ ၾကက္ေမြးျမဴေရးလုပ္သူေတြ သန္႔ရွင္းေရးလုပ္ဖို႔၊ ၾကက္ေခ်းေတြကို ခဏ ခဏ ထုတ္ေရာင္းဖို႔၊ ေဆးျဖန္းဖို႔ စတာေတြကို ျပဳလုပ္ ခိုင္းထားပါတယ္ “ဟု ပိႏၷဲကုန္းေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပိႏၷဲကုန္းေက်းရြာအတြင္း ၾကက္ေမြးျမဴေရးလုပ္ငန္းမ်ားအား ၂၀၀၀ ခုႏွစ္မွစ၍ စတင္လုပ္ကိုင္လာခဲ့ၿပီး ေနာက္ပိုင္းတြင္ ယင္ေကာင္မ်ား မ်ားျပားလာသည့္ ျပႆနာအား ေျဖရွင္းေပးႏိုင္ရန္ ၾကက္အေကာင္ေရ (၁၅၀၀) လ်င္ ယင္လံုျခင္ေထာင္ တစ္လံုး အသံုးျပဳ၍ ၾကက္ၿခံမ်ားအား ကာရံေစခဲ့ေၾကာင္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။

“မိုးရြာတဲ့ေန႔ေတြဆို ပိုဆိုးတယ္။ ယင္ေကာင္ေတြမည္းေနေအာင္ အုပ္စုဖြဲ႔ဝင္လာတာ။ တျခားလူေတြရဲ့ အိမ္ေတြထဲလည္း ဝင္တယ္။ ကြ်န္မတို႔အိမ္မွာေတာ့ ထမင္းစားရင္ေတာင္ ျခင္ေထာင္ ေထာင္ၿပီး စားရတယ္။ ကေလးေတြအတြက္ ဝမ္းေရာဂါေတြျဖစ္မွာစိုးတယ္။ အရင္ႏွစ္ေတြကထက္ ဒီႏွစ္မွာ ယင္ေကာင္ေတြ ပိုမ်ားလာတယ္။ မိုးရြာတဲ့ေန႔ေတြဆိုရင္ အိမ္ထဲမွာအကုန္ဝင္လာၾကတယ္။ လူေတာင္ေနစရာမရွိဘူး “ဟု ပိႏၷဲကုန္းေက်းရြာတြင္ ၾကက္ေမြးျမဴေရးၿခံအနီး ေနထိုင္သူတစ္ဦးက ေျပာသည္။

ၾကက္ေမြးျမဴေရးၿခံမ်ားမွ ယင္ေကာင္မ်ားေပါက္ပြားျခင္းအား ေျဖရွင္းရန္ ၿခံပိုင္ရွင္မ်ားအား သတိေပးထားၿပီး အနီးပတ္ဝန္းက်င္မွ တိုင္တန္းျခင္းလည္းမရိွသျဖင့္ ၾကက္ၿခံမ်ားအား ေနရာေရႊ႕ေျပာင္းေစျခင္း မရိွေသးေၾကာင္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ်(၇)ရပ်ကွက်အနီးရှိ ပိန္နဲကုန်းကျေးရွာအတွင်း ကြက်မွေးမြူရေး လုပ်ငန်းများကြောင့် အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များတွင် ယင်ကောင်များ ဝင်ရောက်လာသဖြင့် သက်ဆိုင်ရာက အပတ်စဉ် စစ်ဆေးမှုပြုလုပ်နေသော်လည်း မဖြေရှင်း နိုင်သေးကြောင်း သိရသည်။

“ယင်ကောင်တွေ များနေတယ်လို့ သိရတဲ့အတွက် ကြက်မွေးမြူရေးလုပ်တဲ့ခြံတွေကို အပတ်တိုင်း စစ်ဆေးပါတယ်။ မွေး/ကု၊ စည်ပင်၊ စားသုံးသူရေးရာ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး တွေနဲ့ ကျန်းမာရေးမှူးတွေ ပါဝင်တဲ့ အဖွဲ့နဲ့ အပတ်တိုင်း စစ်ဆေးပါတယ်။ ကြက်မွေးမြူရေးလုပ်သူတွေ သန့်ရှင်းရေးလုပ်ဖို့၊ ကြက်ချေးတွေကို ခဏ ခဏ ထုတ်ရောင်းဖို့၊ ဆေးဖြန်းဖို့ စတာတွေကို ပြုလုပ် ခိုင်းထားပါတယ် “ဟု ပိန္နဲကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပိန္နဲကုန်းကျေးရွာအတွင်း ကြက်မွေးမြူရေးလုပ်ငန်းများအား ၂၀၀၀ ခုနှစ်မှစ၍ စတင်လုပ်ကိုင်လာခဲ့ပြီး နောက်ပိုင်းတွင် ယင်ကောင်များ များပြားလာသည့် ပြဿနာအား ဖြေရှင်းပေးနိုင်ရန် ကြက်အကောင်ရေ (၁၅၀၀) လျင် ယင်လုံခြင်ထောင် တစ်လုံး အသုံးပြု၍ ကြက်ခြံများအား ကာရံစေခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“မိုးရွာတဲ့နေ့တွေဆို ပိုဆိုးတယ်။ ယင်ကောင်တွေမည်းနေအောင် အုပ်စုဖွဲ့ဝင်လာတာ။ တခြားလူတွေရဲ့ အိမ်တွေထဲလည်း ဝင်တယ်။ ကျွန်မတို့အိမ်မှာတော့ ထမင်းစားရင်တောင် ခြင်ထောင် ထောင်ပြီး စားရတယ်။ ကလေးတွေအတွက် ဝမ်းရောဂါတွဖြေစ်မှာစိုးတယ်။ အရင်နှစ်တွေကထက် ဒီနှစ်မှာ ယင်ကောင်တွေ ပိုများလာတယ်။ မိုးရွာတဲ့နေ့တွေဆိုရင် အိမ်ထဲမှာအကုန်ဝင်လာကြတယ်။ လူတောင်နေစရာမရှိဘူး “ဟု ပိန္နဲကုန်းကျေးရွာတွင် ကြက်မွေးမြူရေးခြံအနီး နေထိုင်သူတစ်ဦးက ပြောသည်။

ကြက်မွေးမြူရေးခြံများမှ ယင်ကောင်များပေါက်ပွားခြင်းအား ဖြေရှင်းရန် ခြံပိုင်ရှင်များအား သတိပေးထားပြီး အနီးပတ်ဝန်းကျင်မှ တိုင်တန်းခြင်းလည်းမရှိသဖြင့် ကြက်ခြံများအား နေရာရွှေ့ပြောင်းစခြေင်း မရှိသေးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~