အေရွ႕နမ့္ခံုး ႀကီးပြား တိုးတက္ေရး အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီလိမိတက္မွ လွဴဒါန္းလာသည့္ လူနာတင္ယာဥ္အား ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီက အလင္းေရာင္ပရဟိတအသင္းသို႔ လႊဲေျပာင္း လွဴဒါန္း

အေရွ႕နမ့္ခံုး ႀကီးပြား တိုးတက္ေရး အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီလိမိတက္မွ လွဴဒါန္းလာသည့္ လူနာတင္ယာဥ္အား ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီက အလင္းေရာင္ပရဟိတအသင္းသို႔ လႊဲေျပာင္း လွဴဒါန္း
ဇူလိုင် 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ သတၱဳလုပ္ငန္းရွင္မ်ားပါဝင္သည့္ အေရွ႕နမ့္ခံုး ႀကီးပြား တိုးတက္ေရး အမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီလိမိတက္(ENKPC)က တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲေရးေကာ္မတီသို႔ လူနာတင္ယာဥ္တစ္စီးအား ဇူလိုင္လ (၂၄)ရက္ေန႔က လွဴဒါန္းရာ အလင္းေရာင္ပရဟိတအဖြဲ႔သို႔ ျပန္လည္ လႊဲေျပာင္းလွဴဒါန္းလုိက္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔က အဓိကလွဴတာကေတာ့ တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီကိုပါ။ အလင္းေရာင္ အေနနဲ႔က ထိုင္းႏုိင္ငံ မယ္ဆုိင္ဘက္နဲ႔လည္း သြားလာၿပီး လူနာပို႔တာေတြလုပ္ေနတာ အဆင္ေျပေျပ လုပ္ႏုိင္ေအာင္လို႔ဆိုၿပီး ခရိုင္ကေန အလင္းေရာင္ကို ျပန္ၿပီးလွဴတာပါ”ဟု အေရွ႕နမ့္ခံုး ႀကီးပြားတိုးတက္ေရး အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီလိမိတက္(ENKPC)၏ မန္ေနးဂ်င္းဒါရိုက္တာ ဦးေက်ာ္လင္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ယာဥ္အား အေရွ႕နမ့္ခံုး ႀကီးပြားတိုးတက္ေရး အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီလိမိတက္ (ENKPC) ဥကၠဌ ဦးျမင့္ဦး(မုတ္ဆိတ္)၊ မန္ေနးဂ်င္းဒါရိုက္တာ ဦးေက်ာ္လင္း ႏွင့္ တာ၀န္ရွိသူမ်ားက တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈ ေကာ္မတီသို႔ လႊဲေျပာင္းေပးရာ ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက အလင္းေရာင္ပရဟိတအသင္း နာယက ဦးေဇာ္ျမင့္၊ ဥကၠဌ ဦးျမင့္ဦး ႏွင့္ ဒုတိယဥကၠဌ ဦးႏိုင္စိုးတို႔ထံ ျပန္လည္လႊဲေျပာင္း ေပးအပ္ လွဴဒါန္းလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ အသင္းအေနနဲ႔က မယ္ဆိုင္ဘက္ကို အေရးေပၚ လူနာသြားပို႔ရတာမ်ဳိးေတြ ရွိသလို လူနာကို မယ္ဆိုင္မွာ သြားႀကိဳရတာမ်ဳိးလည္းရွိတယ္။ ရွိထားၿပီးျဖစ္တဲ့ လူနာတင္ယာဥ္က လိုင္စင္မရွိေတာ့ တစ္ခါတေလ သြားလာရတာ အဆင္မေျပမႈေတြ ျဖစ္တယ္။ ျမန္မာဘက္က နားလည္မႈနဲ႔ ေပးသြားေပမယ့္ ထိုင္းဘက္က တစ္ခါတေလ လူနာသြားႀကိဳတဲ့ အခါမ်ဳိးဆိုရင္ ျပန္လွည့္ခိုင္းတာေတြရွိတယ္။ အခုေတာ့ လူနာတင္ယာဥ္က လိုင္စင္နဲ႔လည္း ျဖစ္ေတာ့ ကြ်န္ေတာ္တို႔ အသင္းကို အကူအညီေတာင္းခံလာမယ့္ သူေတြ အတြက္အေရာ အသင္းအေနနဲ႔ေရာ အမ်ားႀကီး အက်ဳိးရွိသြားပါၿပီ။ အခုလို လွဴဒါန္း ေပးလာသူမ်ားကို ေက်းဇူးအထူး တင္ပါတယ္ခင္ဗ်ာ"ဟု တာခ်ီလိတ္ၿမိဳ႕ အလင္းေရာင္ ပရဟိတအသင္းမွ ဒုတိယဥကၠဌ ဦးႏိုင္စိုးက ေျပာသည္။

လူနာတင္ယာဥ္ လွဴဒါန္းေပးသည့္ ကုမၸဏီသည္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)သတၱဳလုပ္ငန္းရွင္မ်ား ပါဝင္သည့္ အမ်ားပိုင္ ကုမၸဏီတစ္ခုျဖစ္ရာ ေဒသတြင္း CSR လုပ္ငန္းမ်ားအေနျဖင့္ လိုအပ္သည့္ ေနရာမ်ားတြင္ လွဴဒါန္းျခင္းျဖစ္သည္ဟု မန္ေနးဂ်င္းဒါရိုက္တာ ဦးေက်ာ္လင္းက ဆိုသည္။

“ကၽြန္ေတာ္တို႔ဆီမွာ လူနာတင္ယာဥ္အျဖစ္က Hi Ace ေတြကို ျပန္လည္ျပဳျပင္ၿပီးသံုးတာမ်ားတယ္။ ဒီေတာ့ ဂ်ပန္ကေန လူနာတင္ယာဥ္ကို ဒီမွာအမ်ားျပည္သူ အခမဲ့ အသံုးျပဳလုိ႔ရေအာင္ လွဴဒါန္းတာပါ။ ကၽြန္ေတာ္တို႔ အမ်ားပိုင္ကုမၸဏီအေနနဲ႔က ရွမ္းျပည္နယ္(အေရွ႕ပိုင္း)သတၱဳလုပ္ငန္းရွင္အသင္းနဲ႔ ဆက္စပ္ပါတယ္။ ဒါေၾကာင့္ ကုမၸဏီအေနနဲ႔ CSR လုပ္ငန္းေတြအျဖစ္ လွဴဒါန္းတာေတြကိုေတာ့ လုိအပ္တဲ့ေနရာေတြမွာ လုပ္ေလ့ရိွပါတယ္” ဟု မန္ေနးဂ်င္း ဒါရိုက္တာ ဦးေက်ာ္လင္းက ဆိုသည္။

လူမႈေရးအရပါ ပူးေပါင္းတာ၀န္ယူျခင္း CSR(Corporate Social Responsibility) လုပ္ငန္းမ်ားမွာ စီးပြားေရးလုပ္ငန္းမ်ားက လူမႈအသိုင္းအ၀ိုင္းအေပၚ ၎တို႕ေၾကာင့္ ျဖစ္ေပၚလာရသည့္ အက်ိဳးသက္ေရာက္မႈ အတြက္ တာ၀န္ယူသည့္ အေနျဖင့္ ျပန္လည္လုပ္ေဆာင္ေပးရသည့္ လုပ္ငန္းမ်ားျဖစ္ၿပီး ႏုိင္ငံတကာတြင္ လုပ္ေဆာင္ေနၾကျခင္းျဖစ္သည္။

CSR လုပ္ငန္းမ်ားတြင္ သဘာဝပတ္ဝန္းက်င္၊ လူမႈဝန္းက်င္ ပ်က္စီးဆံုးရႈံုးမႈမျဖစ္ေစေရး လုပ္ေဆာင္ခ်က္မ်ား၊ လုပ္ငန္းအျမတ္အစြန္း၏ သတ္မွတ္ထားေသာ ရာခိုင္ႏႈန္းကို မိမိလုပ္ငန္းေၾကာင့္ ထိခိုက္ခံစားရေသာ ရပ္ရြာအသိုင္းအဝိုင္း သို႕မဟုတ္ အမွန္တကယ္ လိုအပ္ေနေသာသူမ်ား၏ က်န္းမာေရး၊ ပညာေရး၊ လူမႈဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးတို႔အတြက္ ပံုမွန္ ထည့္ဝင္ေပးျခင္းတို႔အထိ ပါဝင္သည့္ လုပ္ငန္းမ်ားျဖစ္သည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် သတ္တုလုပ်ငန်းရှင်များပါဝင်သည့် အရှေ့နမ့်ခုံး ကြီးပွား တိုးတက်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလိမိတက်(ENKPC)က တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီသို့ လူနာတင်ယာဉ်တစ်စီးအား ဇူလိုင်လ (၂၄)ရက်နေ့က လှူဒါန်းရာ အလင်းရောင်ပရဟိတအဖွဲ့သို့ ပြန်လည် လွှဲပြောင်းလှူဒါန်းလိုက်ကြောင်း သိရသည်။

“ကျွန်တော်တို့က အဓိကလှူတာကတော့ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီကိုပါ။ အလင်းရောင် အနေနဲ့က ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်နဲ့လည်း သွားလာပြီး လူနာပို့တာတွေလုပ်နေတာ အဆင်ပြေပြေ လုပ်နိုင်အောင်လို့ဆိုပြီး ခရိုင်ကနေ အလင်းရောင်ကို ပြန်ပြီးလှူတာပါ”ဟု အရှေ့နမ့်ခုံး ကြီးပွားတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလိမိတက်(ENKPC)၏ မန်နေးဂျင်းဒါရိုက်တာ ဦးကျော်လင်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ ယာဉ်အား အရှေ့နမ့်ခုံး ကြီးပွားတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလိမိတက် (ENKPC) ဥက္ကဌ ဦးမြင့်ဦး(မုတ်ဆိတ်)၊ မန်နေးဂျင်းဒါရိုက်တာ ဦးကျော်လင်း နှင့် တာဝန်ရှိသူများက တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီသို့ လွှဲပြောင်းပေးရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အလင်းရောင်ပရဟိတအသင်း နာယက ဦးဇော်မြင့်၊ ဥက္ကဌ ဦးမြင့်ဦး နှင့် ဒုတိယဥက္ကဌ ဦးနိုင်စိုးတို့ထံ ပြန်လည်လွှဲပြောင်း ပေးအပ် လှူဒါန်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ အသင်းအနေနဲ့က မယ်ဆိုင်ဘက်ကို အရေးပေါ် လူနာသွားပို့ရတာမျိုးတွေ ရှိသလို လူနာကို မယ်ဆိုင်မှာ သွားကြိုရတာမျိုးလည်းရှိတယ်။ ရှိထားပြီးဖြစ်တဲ့ လူနာတင်ယာဉ်က လိုင်စင်မရှိတော့ တစ်ခါတလေ သွားလာရတာ အဆင်မပြေမှုတွေ ဖြစ်တယ်။ မြန်မာဘက်က နားလည်မှုနဲ့ ပေးသွားပေမယ့် ထိုင်းဘက်က တစ်ခါတလေ လူနာသွားကြိုတဲ့ အခါမျိုးဆိုရင် ပြန်လှည့်ခိုင်းတာတွေရှိတယ်။ အခုတော့ လူနာတင်ယာဉ်က လိုင်စင်နဲ့လည်း ဖြစ်တော့ ကျွန်တော်တို့ အသင်းကို အကူအညီတောင်းခံလာမယ့် သူတွေ အတွက်အရော အသင်းအနေနဲ့ရော အများကြီး အကျိုးရှိသွားပါပြီ။ အခုလို လှူဒါန်း ပေးလာသူများကို ကျေးဇူးအထူး တင်ပါတယ်ခင်ဗျာ"ဟု တာချီလိတ်မြို့ အလင်းရောင် ပရဟိတအသင်းမှ ဒုတိယဥက္ကဌ ဦးနိုင်စိုးက ပြောသည်။

လူနာတင်ယာဉ် လှူဒါန်းပေးသည့် ကုမ္ပဏီသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတ္တုလုပ်ငန်းရှင်များ ပါဝင်သည့် အများပိုင် ကုမ္ပဏီတစ်ခုဖြစ်ရာ ဒေသတွင်း CSR လုပ်ငန်းများအနဖြေင့် လိုအပ်သည့် နေရာများတွင် လှူဒါန်းခြင်းဖြစ်သည်ဟု မန်နေးဂျင်းဒါရိုက်တာ ဦးကျော်လင်းက ဆိုသည်။

“ကျွန်တော်တို့ဆီမှာ လူနာတင်ယာဉ်အဖြစ်က Hi Ace တွေကို ပြန်လည်ပြုပြင်ပြီးသုံးတာများတယ်။ ဒီတော့ ဂျပန်ကနေ လူနာတင်ယာဉ်ကို ဒီမှာအများပြည်သူ အခမဲ့ အသုံးပြုလို့ရအောင် လှူဒါန်းတာပါ။ ကျွန်တော်တို့ အများပိုင်ကုမ္ပဏီအနေနဲ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတ္တုလုပ်ငန်းရှင်အသင်းနဲ့ ဆက်စပ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီအနေနဲ့ CSR လုပ်ငန်းတွေအဖြစ် လှူဒါန်းတာတွေကိုတော့ လိုအပ်တဲ့နေရာတွေမှာ လုပ်လေ့ရှိပါတယ်” ဟု မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်လင်းက ဆိုသည်။

လူမှုရေးအရပါ ပူးပေါင်းတာဝန်ယူခြင်း CSR(Corporate Social Responsibility) လုပ်ငန်းများမှာ စီးပွားရေးလုပ်ငန်းများက လူမှုအသိုင်းအဝိုင်းအပေါ်၎င်းတို့ကြောင့် ဖြစ်ပေါ်လာရသည့် အကျိုးသက်ရောက်မှု အတွက် တာဝန်ယူသည့် အနဖြေင့် ပြန်လည်လုပ်ဆောင်ပေးရသည့် လုပ်ငန်းများဖြစ်ပြီး နိုင်ငံတကာတွင် လုပ်ဆောင်နကြခြေင်းဖြစ်သည်။

CSR လုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင်၊ လူမှုဝန်းကျင် ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး လုပ်ဆောင်ချက်များ၊ လုပ်ငန်းအမြတ်အစွန်း၏ သတ်မှတ်ထားသော ရာခိုင်နှုန်းကို မိမိလုပ်ငန်းကြောင့် ထိခိုက်ခံစားရသော ရပ်ရွာအသိုင်းအဝိုင်း သို့မဟုတ် အမှန်တကယ် လိုအပ်နေသောသူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် ပုံမှန် ထည့်ဝင်ပေးခြင်းတို့အထိ ပါဝင်သည့် လုပ်ငန်းများဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~