ေက်ာက္မဲၿမိဳ႕ရွိ ဟိုတယ္တစ္ခု၏ ဝင္ေပါက္တြင္ မူးယစ္ေဆး သယ္ေဆာင္လာသူ တစ္ဦးအား ဖမ္းမိ

ေက်ာက္မဲၿမိဳ႕ရွိ ဟိုတယ္တစ္ခု၏ ဝင္ေပါက္တြင္ မူးယစ္ေဆး သယ္ေဆာင္လာသူ တစ္ဦးအား ဖမ္းမိ
ဇူလိုင် 23, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ အမွတ္(၁)ရပ္ကြက္ ပင္လံုလမ္းရွိ One Love Hotel ၏ ဝင္ေပါက္အနီး ကားပါကင္တြင္ မူးယစ္ေဆးဝါးသယ္ေဆာင္လာသည့္ အမ်ိဳးသားတစ္ဦးအား ဇူလိုင္လ(၂၂)ရက္ေန႔က ဖမ္းဆီးရမိခဲ့ေၾကာင္း ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔မွ သိရသည္။

“ႀကိဳတင္သတင္းရရွိထားတဲ့အတြက္ ကြ်န္ေတာ္တို႔အသြင္ယူၿပီး ေစာင့္ဆိုင္းခဲ့တယ္။ အဲဒီအမ်ိဳးသားက ဆုိင္ကယ္ နဲ႔ ဝင္လာတဲ့အခ်ိန္မွာ သက္ေသေတြနဲ႔အတူ ရွာေဖြစစ္ေဆးတဲ့အခါ သူ႔လက္ထဲမွာကိုင္လာတဲ့ အိတ္ထဲကေန မူးယစ္ေဆးဝါးေတြကို ဖမ္းဆီးႏိုင္ခဲ့တာျဖစ္ပါတယ္” ဟု ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေကာင္းျမတ္ေက်ာ္က တာခီ်လိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္ ဖမ္းဆီးရမိသူမွာ ဟို္တယ္တြင္ တည္းခိုေနသူ မဟုတ္ေၾကာင္း ဟိုတယ္ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

“အဲဒီအမ်ိဳးသားက ဟိုတယ္မွာတည္းေနတာ မဟုတ္ပါဘူး။ ဟိုတယ္ထဲကို လာတဲ့သူပါ။ ဘယ္လိုကိစၥနဲ႔ လာတယ္ဆိုတာေတာ့ မသိပါဘူး” ဟု One Love Hotel မွ တာဝန္ရွိသူ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

အဆိုပါ အမ်ိဳးသားထံမွ ဘိန္းျဖဴဟုယူဆရသည့္ အမႈန္႔ (၄.၉)ဂရမ္၊ 88/1 စာတန္းပါ ပန္းေရာင္ေဆးျပား စုစုေပါင္း (၁၂၆)ျပား ( အေလးခ်ိန္ ၁၁.၃၄ ဂရမ္)၊ wy စာတန္းပါ ပန္းေရာင္ေဆးျပား (၇၀)ျပား (အေလးခ်ိန္ ၆.၃ ဂရမ္) တို႔ႏွင့္အတူ ေငြစကၠဴေရာရာ က်ပ္ (၂၉၅၀၀၀) တို႔အား ရွာေဖြေတြ႔ရွိခဲ့ေၾကာင္း သိရွိရသည္။

မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္လာေသာ သိန္းေအာင္(ခ)ရီႏြတ္အား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၅/၂၀၁၇၊ မူးယစ္ေဆးဝါး ႏွင့္စိတ္ကိုေျပာင္းလဲေစသည့္ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၅/၁၉(က)/၂၀(က) အရ ေက်ာက္မဲၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓာတ္ပံု - ေက်ာက္မဲရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက် ပင်လုံလမ်းရှိ One Love Hotel၏ ဝင်ပေါက်အနီး ကားပါကင်တွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် အမျိုးသားတစ်ဦးအား ဇူလိုင်လ(၂၂)ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ သိရသည်။

“ကြိုတင်သတင်းရရှိထားတဲ့အတွက် ကျွန်တော်တို့အသွင်ယူပြီး စောင့်ဆိုင်းခဲ့တယ်။ အဲဒီအမျိုးသားက ဆိုင်ကယ် နဲ့ ဝင်လာတဲ့အချိန်မှာ သက်သေတွေနဲ့အတူ ရှာဖွေစစ်ဆေးတဲ့အခါ သူ့လက်ထဲမှာကိုင်လာတဲ့ အိတ်ထဲကနေ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်” ဟု ကျောက်မဲမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကောင်းမြတ်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူမှာ ဟို်တယ်တွင် တည်းခိုနေသူ မဟုတ်ကြောင်း ဟိုတယ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဲဒီအမျိုးသားက ဟိုတယ်မှာတည်းနေတာ မဟုတ်ပါဘူး။ ဟိုတယ်ထဲကို လာတဲ့သူပါ။ ဘယ်လိုကိစ္စနဲ့ လာတယ်ဆိုတာတော့ မသိပါဘူး” ဟု One Love Hotel မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသားထံမှ ဘိန်းဖြူဟုယူဆရသည့် အမှုန့် (၄.၉)ဂရမ်၊ 88/1 စာတန်းပါ ပန်းရောင်ဆေးပြား စုစုပေါင်း (၁၂၆)ပြား ( အလေးချိန် ၁၁.၃၄ ဂရမ်)၊ wy စာတန်းပါ ပန်းရောင်ဆေးပြား (၇၀)ပြား (အလေးချိန် ၆.၃ ဂရမ်) တို့နှင့်အတူ ငွေစက္ကူရောရာ ကျပ် (၂၉၅၀၀၀) တို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော သိန်းအောင်(ခ)ရီနွတ်အား ကျောက်မဲမြို့မရဲစခန်းတွင် မယ(ပ)၁၅/၂၀၁၇၊ မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က) အရ ကျောက်မဲမြို့ မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကျောက်မဲရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~