တာခ်ီလိတ္ၿမိဳ႕ ရန္ကုန္ရြာတြင္ ဖြင့္လွစ္သည့္ မူးယစ္ေဆးျဖတ္ႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္းသို႔ သင္တန္းသား ၅၇ ဦးတက္ေရာက္

တာခ်ီလိတ္ၿမိဳ႕ ရန္ကုန္ရြာတြင္ ဖြင့္လွစ္သည့္ မူးယစ္ေဆးျဖတ္ႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္းသို႔ သင္တန္းသား ၅၇ ဦးတက္ေရာက္
ဇူလိုင် 10, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ၊ မိုင္းကိုးေက်းရြာအုပ္စု၊ ရန္ကုန္ရြာ၌ ဇူလိုင္လ (၁၀) ရက္ေန႔က မူးယစ္ေဆးျဖတ္ ကုသေရးႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္းကိုဖြင့္လွစ္လိုက္ရာ တာခ်ီလိတ္၊ တာေလ၊ မုိင္းျဖတ္ ႏွင့္ က်ဳိင္းတံုၿမဳိ႕နယ္မ်ားမွ မူးယစ္ေဆးျဖတ္ သင္တန္းသား (၅၇)ဦးတက္ေရာက္ေၾကာင္း သိရသည္။

(၅)ပတ္ၾကာျမင့္မည့္ အဆိုပါသင္တန္းတြင္ သင္တန္းတက္ေရာက္သူမ်ားအေပၚ အခေၾကးေငြ လံုး၀ ေကာက္ခံျခင္းမရွိေၾကာင္း သိရသည္။

“ေဆးျဖတ္ဖို႔အတြက္ ကၽြန္ေတာ္တို႔က အခေၾကးေငြ ေကာက္ခံျခင္းမရိွပါဘူး။ ႏုိင္ငံေတာ္အစိုးရက ေထာက္ပံ့စရိတ္နဲ႔ ေကၽြးေမြးၿပီးေတာ့ သင္တန္းကာလအတြင္းမွာ ျပန္လည္ ထူေထာင္ေရး ျပဳလုပ္ေပးမွာျဖစ္ပါတယ္”ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူမႈဝန္ထမ္းရံုးမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏုိင္က ေျပာသည္။

အဆိုပါ သင္တန္းအား ၾသဂုတ္လ(၁၃)ရက္ေန႔အထိ ရက္သတၱပတ္(၅)ပတ္ၾကာ ဖြင့္လွစ္သြားမည္ျဖစ္ၿပီး သင္တန္းေနရာအား မိုင္းကိုးေက်းရြာအုပ္စု၊ ရန္ကင္းေက်းရြာရွိ မိုင္းကိုးျပည္သူ႔စစ္ေခါင္းေဆာင္ ဦးက်ေလာဖြင့္လွစ္ထားသည့္ မူးယစ္ေဆးျဖတ္စခန္း၌ ဖြင့္လွစ္ထားျခင္းျဖစ္ေၾကာင္း သိရၿပီး သင္တန္းဖြင့္ပြဲသို႔ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔စုမွဴး ရဲမွဴးစိုးႏိုင္၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူမႈဝန္ထမ္းရံုးမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏုိင္၊ မူးယစ္ေဆးျဖတ္ တာ၀န္ခံ ေဒါက္တာရန္ႏိုင္ ႏွင့္ သက္ဆိုင္ရာတာ၀န္ရွိသူမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆးျဖတ္ႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္းအား ျပည္ထဲေရး၀န္ႀကီးဌာန၊ ကုသေရးဦးစီးဌာန၊ လူမႈ၀န္ထမ္းဦးစီးဌာန၊ MANA ႏွင့္ မုိင္းကုိးျပည္သူ႔စစ္အဖဲြ႕တုိ႔က ပူးေပါင္းဖြင့္လွစ္ျခင္းျဖစ္ေၾကာင္း ႏွင့္ သင္တန္းကာလတြင္ လူမႈ၀န္ထမ္းဦးစီးဌာန၊ ကုသေရး(က်န္းမာေရး)၊ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန၊ မီးသတ္ဦးစီးဌာန၊ ၾကက္ေျခနီ၊ မူးယစ္အထူးရဲတပ္ဖြဲ႔၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၊ MANA၊ ျပန္/ဆက္ဦးစီးဌာန ႏွင့္ က်န္းမာေရးဦးစီးဌာနတို႔ကလည္း စိတ္ပိုင္းဆိုင္ရာ ျပန္လည္ထူေထာင္ေရးႏွင့္ သက္ေမြးသင္တန္းမ်ား သင္ၾကားေပးျခင္းမ်ားကို လုပ္ေဆာင္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူသင္တန္းကို က်ိဳင္းတံုၿမိဳ႕၊ မုိင္းဇင္းေက်းရြာအုပ္စုတြင္ ၾသဂုတ္လ (၃၀)ရက္ေန႔၌ ဖြင့္လွစ္မည္ ျဖစ္ရာ တက္ေရာက္လိုသူမ်ားအေနျဖင့္လည္း ကိုယ္တိုင္ေသာ္လည္းေကာင္း၊ မိဘအုပ္ထိန္းသူ မ်ားကတစ္ဆင့္ေသာ္ လည္းေကာင္း လူမႈဝန္ထမ္းဦးစီးဌာန ဖုန္း ၀၉-၄၂၀၇၀၇၆၁၉ ႏွင့္ ၀၈၄-၂၂၅၂၉ သို႔ ရံုးခ်ိန္အတြင္း ဆက္သြယ္ေမးျမန္းစာရင္းေပးသြင္းႏုိင္ေၾကာင္း သိရသည္။

ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာ၌ ဇူလိုင်လ (၁၀) ရက်နေ့က မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကိုဖွင့်လှစ်လိုက်ရာ တာချီလိတ်၊ တာလေ၊ မိုင်းဖြတ် နှင့် ကျိုင်းတုံမြို့နယ်များမှ မူးယစ်ဆေးဖြတ် သင်တန်းသား (၅၇)ဦးတက်ရောက်ကြောင်း သိရသည်။

(၅)ပတ်ကြာမြင့်မည့် အဆိုပါသင်တန်းတွင် သင်တန်းတက်ရောက်သူများအပေါ် အခကြေးငွေ လုံးဝ ကောက်ခံခြင်းမရှိကြောင်း သိရသည်။

“ဆေးဖြတ်ဖို့အတွက် ကျွန်တော်တို့က အခကြေးငွေ ကောက်ခံခြင်းမရှိပါဘူး။ နိုင်ငံတော်အစိုးရက ထောက်ပံ့စရိတ်နဲ့ ကျွေးမွေးပြီးတော့ သင်တန်းကာလအတွင်းမှာ ပြန်လည် ထူထောင်ရေး ပြုလုပ်ပေးမှာဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က ပြောသည်။

အဆိုပါ သင်တန်းအား သြဂုတ်လ(၁၃)ရက်နေ့အထိ ရက်သတ္တပတ်(၅)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းနေရာအား မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကင်းကျေးရွာရှိ မိုင်းကိုးပြည်သူ့စစ်ခေါင်းဆောင် ဦးကျလောဖွင့်လှစ်ထားသည့် မူးယစ်ဆေးဖြတ်စခန်း၌ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရပြီး သင်တန်းဖွင့်ပွဲသို့ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့စုမှူး ရဲမှူးစိုးနိုင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်၊ မူးယစ်ဆေးဖြတ် တာဝန်ခံ ဒေါက်တာရန်နိုင် နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဖြတ်နှင့် ပြန်လည်ထူထောင်ရေးသင်တန်းအား ပြည်ထဲရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ MANA နှင့် မိုင်းကိုးပြည်သူ့စစ်အဖွဲ့တို့က ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း နှင့် သင်တန်းကာလတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကုသရေး(ကျန်းမာရေး)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီ၊ မူးယစ်အထူးရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ MANA၊ ပြန်/ဆက်ဦးစီးဌာန နှင့် ကျန်းမာရေးဦးစီးဌာနတို့ကလည်း စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် သက်မွေးသင်တန်းများ သင်ကြားပေးခြင်းများကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

အလားတူသင်တန်းကို ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စုတွင် သြဂုတ်လ (၃၀)ရက်နေ့၌ ဖွင့်လှစ်မည် ဖြစ်ရာ တက်ရောက်လိုသူများအနဖြေင့်လည်း ကိုယ်တိုင်သော်လည်းကောင်း၊ မိဘအုပ်ထိန်းသူ များကတစ်ဆင့်သော် လည်းကောင်း လူမှုဝန်ထမ်းဦးစီးဌာန ဖုန်း ဝ၉-၄၂၀၇၀၇၆၁၉ နှင့် ဝ၈၄-၂၂၅၂၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~