တာခ်ီလိတ္သို႔ သယ္ေဆာင္လာသည့္ စိတ္ၾကြေဆး(၂)သိန္းခြဲေက်ာ္ လြယ္စီတုန္တြင္ ဖမ္းမိ၊ သယ္လာသူႏွစ္ဦးအနက္ တစ္ဦးထြက္ေျပးေန

တာခ်ီလိတ္သို႔ သယ္ေဆာင္လာသည့္ စိတ္ၾကြေဆး(၂)သိန္းခြဲေက်ာ္ လြယ္စီတုန္တြင္ ဖမ္းမိ၊ သယ္လာသူႏွစ္ဦးအနက္ တစ္ဦးထြက္ေျပးေန
ဇူလိုင် 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ ဝမ္လုံးအုပ္စု၊ လြယ္စီတုန္ရြာအဝင္ ျပည္သူ႔စစ္ဂိတ္တြင္ ဇူလိုင္လ (၂၅)ရက္ေန႔ ည(၉)နာရီခန္႔က မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ စိတ္ၾကြေဆးျပား(၂)သိန္းေက်ာ္ကို ဆိုင္ကယ္ႏွစ္စီးျဖင့္ သယ္ေဆာင္လာသူမ်ားအား ဖမ္းဆီးရာ တစ္ဦးမွာ ထြက္ေျပးသြားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ ရဲအုပ္ေက်ာ္စြာထြန္း ဦးစီးအဖြဲ႕၊ စစ္ဗ်ဴဟာအေျခခ် (တာခ်ီလိတ္)မွ ဗိုလ္ႀကီး ၿငိမ္းခ်မ္းေအာင္ ဦးစီးအဖြဲ႕၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ရဲအုပ္ေအာင္မင္းဦး ဦးစီး အဖြဲ႕၊ ေဟာင္လိတ္ ရဲကင္းစခန္းမွ ရဲအုပ္ခ်မ္းေျမ့ေအာင္ ဦးစီးအဖြဲ႕၊ စရဖ(တသခ)စု-၂ မွ တပ္ၾကပ္ဝင္းေမာင္ ဦးစီးအဖြဲ႕တို႔ ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ လြယ္စီတုန္ရြာအဝင္ ျပည္သူ႔စစ္ဂိတ္တြင္ စစ္ေဆးေနစဥ္ မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ စိုင္းစိန္ ေမာင္းႏွင္လာသည့္ ဆုိင္ကယ္အား ရပ္တန္႔ေစရာ အဆိုပါ ဆိုင္ကယ္ေနာက္မွ ေမာင္းႏွင္လာသည့္ အိုက္ခမ္းသည္ စစ္ေဆးရွာေဖြသည့္ ေနရာသို႔ မေရာက္မီ ကိုက္(၅၀)ခန႔္ အကြာတြင္ ဆိုင္ကယ္အား ထားခဲ့ၿပီး ထြက္ေျပး သြားေၾကာင္း သိရသည္။

စိုင္းစိန္ႏွင့္ ထြက္ေျပးသြားသည့္ အိုက္ခမ္းတို႔ စီးနင္းလာသည့္ ဆိုင္ကယ္(၂)စီးအား စစ္ေဆးရွာေဖြရာ စိုင္းစိန္ စီးနင္းလာသည့္ ဆိုင္ကယ္တြင္ဝွက္၍ သယ္ေဆာင္လာၿပီး  အေလးခ်ိန္ (၁၂.၆)ကီလိုခန႔္ရွိသည့္ WY စာတမ္းပါ နီညိဳေရာင္ စိတ္ႂကြေဆးျပား (၁၂၆,၀၀၀)ျပား၊ႏွင့္ ထြက္ေျပးတိမ္းေရွာင္သြားသူ အိုက္ခမ္း စီးနင္းလာသည့္ ဆိုင္ကယ္တြင္ ဝွက္၍ သယ္လာၿပီး အေလးခ်ိန္ (၁၂.၆)ကီလိုခန႔္ ရွိသည့္ WY စာတမ္းပါ နီညိဳေရာင္ စိတ္ႂကြေဆးျပား ေပါင္း(၁၂၆,၀၀၀)ျပားတို႔ကို ေတြ႕ရွိ၇ာ ဆိုင္ကယ္ႏွစ္စီးတြင္ စုစုေပါင္း စိတ္ႂကြေဆးျပား (၂၅၂,၀၀၀)ျပားပါ၀င္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ား သယ္ေဆာင္လာသူႏွစ္ဦးမွာ ကြန္ဟိန္းၿမိဳ႕နယ္၊ ကာလိအုပ္စု၊ လြယ္တုန္းရြာမွ အသက္ (၃၂)ႏွစ္အရြယ္ စိုင္းစိန္ႏွင့္ ထြက္ေျပးတိမ္းေရွာင္ေနသည့္ အသက္ (၄၀)ခန္႔အရြယ္ အိုက္ခမ္းမွာ ကြန္ဟိန္းၿမိဳ႕နယ္၊ ကာလိအုပ္စု၊ နမ့္လင္းအြတ္ရြာမွ ျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားသယ္ေဆာင္လာသူ ႏွစ္ဦးျဖစ္သည့္ စိုင္းစိန္ႏွင့္ အိုက္ခမ္းတို႔အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၄၂/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ ဇူလိုင္လ (၂၆)ရက္ေန႔ နံနက္(၀၀:၂၀) အခ်ိန္တြင္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဝမ်လုံးအုပ်စု၊ လွယ်စီတုန်ရွာအဝင် ပြည်သူ့စစ်ဂိတ်တွင် ဇူလိုင်လ (၂၅)ရက်နေ့ ည(၉)နာရီခန့်က မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ စိတ်ကြွဆေးပြား(၂)သိန်းကျော်ကို ဆိုင်ကယ်နှစ်စီးဖြင့် သယ်ဆောင်လာသူများအား ဖမ်းဆီးရာ တစ်ဦးမှာ ထွက်ပြေးသွားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်ကျော်စွာထွန်း ဦးစီးအဖွဲ့၊ စစ်ဗျူဟာအခြေချ (တာချီလိတ်)မှ ဗိုလ်ကြီး ငြိမ်းချမ်းအောင် ဦးစီးအဖွဲ့၊ တာချီလိတ်မြို့မရဲစခန်းမှ ရဲအုပ်အောင်မင်းဦး ဦးစီး အဖွဲ့၊ ဟောင်လိတ် ရဲကင်းစခန်းမှ ရဲအုပ်ချမ်းမြေ့အောင် ဦးစီးအဖွဲ့၊ စရဖ(တသခ)စု-၂ မှ တပ်ကြပ်ဝင်းမောင် ဦးစီးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ လွယ်စီတုန်ရွာအဝင် ပြည်သူ့စစ်ဂိတ်တွင် စစ်ဆေးနေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ စိုင်းစိန် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စေရာ အဆိုပါ ဆိုင်ကယ်နောက်မှ မောင်းနှင်လာသည့် အိုက်ခမ်းသည် စစ်ဆေးရှာဖွေသည့် နေရာသို့ မရောက်မီ ကိုက်(၅၀)ခန့် အကွာတွင် ဆိုင်ကယ်အား ထားခဲ့ပြီး ထွက်ပြေး သွားကြောင်း သိရသည်။

စိုင်းစိန်နှင့် ထွက်ပြေးသွားသည့် အိုက်ခမ်းတို့ စီးနင်းလာသည့် ဆိုင်ကယ်(၂)စီးအား စစ်ဆေးရှာဖွေရာ စိုင်းစိန် စီးနင်းလာသည့် ဆိုင်ကယ်တွင်ဝှက်၍ သယ်ဆောင်လာပြီး အလေးချိန် (၁၂.၆)ကီလိုခန့်ရှိသည့် WY စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၁၂၆,ဝဝဝ)ပြား၊နှင့် ထွက်ပြေးတိမ်းရှောင်သွားသူ အိုက်ခမ်း စီးနင်းလာသည့် ဆိုင်ကယ်တွင် ဝှက်၍ သယ်လာပြီး အလေးချိန် (၁၂.၆)ကီလိုခန့် ရှိသည့် WY စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား ပေါင်း(၁၂၆,ဝဝဝ)ပြားတို့ကို တွေ့ရှိရာ ဆိုင်ကယ်နှစ်စီးတွင် စုစုပေါင်း စိတ်ကြွဆေးပြား (၂၅၂,ဝဝဝ)ပြားပါဝင်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူနှစ်ဦးမှာ ကွန်ဟိန်းမြို့နယ်၊ ကာလိအုပ်စု၊ လွယ်တုန်းရွာမှ အသက် (၃၂)နှစ်အရွယ် စိုင်းစိန်နှင့် ထွက်ပြေးတိမ်းရှောင်နေသည့် အသက် (၄၀)ခန့်အရွယ် အိုက်ခမ်းမှာ ကွန်ဟိန်းမြို့နယ်၊ ကာလိအုပ်စု၊ နမ့်လင်းအွတ်ရွာမှ ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများသယ်ဆောင်လာသူ နှစ်ဦးဖြစ်သည့် စိုင်းစိန်နှင့် အိုက်ခမ်းတို့အား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၄၂/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ ဇူလိုင်လ (၂၆)ရက်နေ့ နံနက်(ဝဝ:၂၀) အချိန်တွင် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~