တာခ်ီလိတ္ႏွင့္က်ိဳင္းတံုမွ မူးယစ္ေဆးျဖတ္ႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္းမ်ားအတြက္ စာရင္းလက္ခံေန

တာခ်ီလိတ္ႏွင့္က်ိဳင္းတံုမွ မူးယစ္ေဆးျဖတ္ႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္းမ်ားအတြက္ စာရင္းလက္ခံေန
ဇူလိုင် 6, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ၊ မိုင္းကိုးေက်းရြာအုပ္စု ၊ ရန္ကုန္ရြာတြင္ ဇူလိုင္လ (၁၀) ရက္ေန႔၌ ဖြင့္လွစ္မည့္ မူးယစ္ေဆးျဖတ္ ကုသေရးႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္းအတြက္ သတ္မွတ္ ဦးေရ ျပည့္ေနေသာ္လည္း စာရင္းဆက္လက္ေပးႏိုင္ေၾကာင္း သိရသည္။

“စာရင္းေပးထားေပမယ့္ လာမတက္တဲ့သူေတြလည္း ရိွတတ္ပါတယ္။ လက္ရိွ ရန္ကုန္ရြာမွာ ဖြင့္မယ့္ သင္တန္းအတြက္ စာရင္းေပးထားတာေတာ့ သတ္မွတ္ဦးေရ (၅၀)ေက်ာ္သြားပါၿပီ။ က်ိဳင္းတံုမွာ ဖြင့္မယ့္ သင္တန္းအတြက္ ဆက္ၿပီး လက္ခံေနပါတယ္။ ဘယ္ေဒသကပဲျဖစ္ျဖစ္ လာတက္လို႔ရပါတယ္”ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူမႈဝန္ထမ္းရံုးမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏုိင္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုၿမိဳ႕၊ မုိင္းဇင္းေက်းရြာအုပ္စုတြင္ ၾသဂုတ္လ (၃၀)ရက္ေန႔၌ ဖြင့္လွစ္မည့္သင္တန္းအတြက္ စာရင္းမ်ားလည္း လက္ခံေနၿပီျဖစ္ေၾကာင္းသိရၿပီး တာခ်ီလိတ္မွ ေဆးျဖတ္လိုသူမ်ားအေနျဖင့္ မဇၨ်ိမလူမႈကူညီေရးအသင္းက စာရင္းလက္ခံေပးေနေၾကာင္း သိရသည္။

“ရန္ကုန္ရြာမွာ ဖြင့္မယ့္သင္တန္းအတြက္ သင္တန္းသား (၁၀)ဦး စာရင္းတင္ေပးထားပါတယ္။ လက္ရိွမွာေတာ့ (၅)ဦးေတာ့ ရပါၿပီ။ စာရင္းထပ္ေပးလုိ႔ရပါတယ္”ဟု မဇၨ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

အဆိုပါ သင္တန္းမ်ားမွာ မူးယစ္ေဆးစြဲသူမ်ားအား ေဆးျဖတ္ကုသျခင္းအျပင္ ရုပ္ပိုင္း စိတ္ပိုင္းဆုိင္ရာ ျပန္လည္ ထူေထာင္ေရးအတြက္ (၅)ပတ္ၾကာျမင့္မည္ျဖစ္ၿပီး သင္တန္းသားမ်ားအား အခေၾကးေငြ လံုးဝ ေကာက္ခံျခင္း မရိွေၾကာင္း သိရသည္။

“ေဆးျဖတ္ဖို႔အတြက္ စရိတ္စက လံုးဝမရိွပါဘူး။ ကၽြန္ေတာ္တို႔က အခေၾကးေငြ ေကာက္ခံျခင္း မရိွပါဘူး။ ႏုိင္ငံေတာ္အစိုးရက ေထာက္ပံ့စရိတ္နဲ႔ ေကၽြးေမြးၿပီးေတာ့ သင္တန္းကာလအတြင္းမွာ ျပန္လည္ ထူေထာင္ေရး ျပဳလုပ္ေပးမွာျဖစ္ပါတယ္”ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူမႈဝန္ထမ္းရံုးမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏုိင္က ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူမႈဝန္ထမ္းဦးစီးဌာနအေနျဖင့္ က်ိဳင္းတံုၿမိဳ႕ႏွင့္ တာခ်ီလိတ္ၿမိဳ႕တို႔တြင္ တစ္ႏွစ္လွ်င္ အနည္းဆံုး တစ္ႀကိမ္စီ သင္တန္းဖြင့္လွစ္ၿပီး မူးယစ္ေဆးျဖတ္ျပန္လည္ထူေထာင္ေရးကို လုပ္ေဆာင္ေနျခင္း ျဖစ္ၿပီး ေဆးျဖတ္လိုသူအေရအတြက္ (၅၀) ရိွပါက သင္တန္းစီစဥ္ေပး၍ရေၾကာင္း လူမႈဝန္ထမ္းရံုးမွ သိရသည္။

မူးယစ္ေဆးျဖတ္ ကုသေရးႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္း တက္ေရာက္လိုသူမ်ားသည္ ကိုယ္တိုင္ေသာ္လည္းေကာင္း၊ မိဘအုပ္ထိန္းသူမ်ားကေသာ္လည္းေကာင္း လူမႈဝန္ထမ္းဦးစီးဌာန ဖုန္း ၀၉-၄၂၀၇၀၇၆၁၉ ႏွင့္ ၀၈၄-၂၂၅၂၉ သို႔ ရံုးခ်ိန္အတြင္း ဆက္သြယ္ေမးျမန္းစာရင္းေပးသြင္းႏုိင္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မွ သင္တန္းတက္ေရာက္လိုသူမ်ားအေနျဖင့္ မဇၨ်ိမလူမႈကူညီေရးအသင္း ဖုန္း ၀၉ ၅၂၄၁၃၄၂ သို႔လည္း ဆက္သြယ္စာရင္းေပးသြင္းႏုိင္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာတွင် ဇူလိုင်လ (၁၀) ရက်နေ့၌ ဖွင့်လှစ်မည့် မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းအတွက် သတ်မှတ် ဦးရေ ပြည့်နေသော်လည်း စာရင်းဆက်လက်ပေးနိုင်ကြောင်း သိရသည်။

“စာရင်းပေးထားပေမယ့် လာမတက်တဲ့သူတွေလည်း ရှိတတ်ပါတယ်။ လက်ရှိ ရန်ကုန်ရွာမှာ ဖွင့်မယ့် သင်တန်းအတွက် စာရင်းပေးထားတာတော့ သတ်မှတ်ဦးရေ (၅၀)ကျော်သွားပါပြီ။ ကျိုင်းတုံမှာ ဖွင့်မယ့် သင်တန်းအတွက် ဆက်ပြီး လက်ခံနေပါတယ်။ ဘယ်ဒေသကပဲဖြစ်ဖြစ် လာတက်လို့ရပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စုတွင် သြဂုတ်လ (၃၀)ရက်နေ့၌ ဖွင့်လှစ်မည့်သင်တန်းအတွက် စာရင်းများလည်း လက်ခံနပြေီဖြစ်ကြောင်းသိရပြီး တာချီလိတ်မှ ဆေးဖြတ်လိုသူများအနဖြေင့် မဇ္ဇျိမလူမှုကူညီရေးအသင်းက စာရင်းလက်ခံပေးနေကြောင်း သိရသည်။

“ရန်ကုန်ရွာမှာ ဖွင့်မယ့်သင်တန်းအတွက် သင်တန်းသား (၁၀)ဦး စာရင်းတင်ပေးထားပါတယ်။ လက်ရှိမှာတော့ (၅)ဦးတော့ ရပါပြီ။ စာရင်းထပ်ပေးလို့ရပါတယ်”ဟု မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

အဆိုပါ သင်တန်းများမှာ မူးယစ်ဆေးစွဲသူများအား ဆေးဖြတ်ကုသခြင်းအပြင် ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေးအတွက် (၅)ပတ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသားများအား အခကြေးငွေ လုံးဝ ကောက်ခံခြင်း မရှိကြောင်း သိရသည်။

“ဆေးဖြတ်ဖို့အတွက် စရိတ်စက လုံးဝမရှိပါဘူး။ ကျွန်တော်တို့က အခကြေးငွေ ကောက်ခံခြင်း မရှိပါဘူး။ နိုင်ငံတော်အစိုးရက ထောက်ပံ့စရိတ်နဲ့ ကျွေးမွေးပြီးတော့ သင်တန်းကာလအတွင်းမှာ ပြန်လည် ထူထောင်ရေး ပြုလုပ်ပေးမှာဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းဦးစီးဌာနအနဖြေင့် ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့တွင် တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်စီ သင်တန်းဖွင့်လှစ်ပြီး မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေးကို လုပ်ဆောင်နခြေင်း ဖြစ်ပြီး ဆေးဖြတ်လိုသူအရေအတွက် (၅၀) ရှိပါက သင်တန်းစီစဉ်ပေး၍ရကြောင်း လူမှုဝန်ထမ်းရုံးမှ သိရသည်။

မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း တက်ရောက်လိုသူများသည် ကိုယ်တိုင်သော်လည်းကောင်း၊ မိဘအုပ်ထိန်းသူများကသော်လည်းကောင်း လူမှုဝန်ထမ်းဦးစီးဌာန ဖုန်း ဝ၉-၄၂၀၇၀၇၆၁၉ နှင့် ဝ၈၄-၂၂၅၂၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့မှ သင်တန်းတက်ရောက်လိုသူများအနဖြေင့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဖုန်း ဝ၉ ၅၂၄၁၃၄၂ သို့လည်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~