မယ်ဆိုင်မှ တဆင့် တာချီလိတ်သို့ ပြန်လည် ၀င်ရောက်လာလိုသော ရွှေ့ပြောင်းမြန်မာလုပ်သားများ သိစေရန်
*****
ယခုလတ်တလော ထိုင်းနိုင်ငံအလုပ်သမား ဥပဒေသစ်အရ မြန်မာနိုင်ငံသို့ ထိုင်း - မြန်မာနယ်စပ် မယ်ဆိုင်မြို့မှ တစ်ဆင့် တာချီလိတ်မြို့သို့ ပြန်လည် ဝင်ရောက်လာမည့် ရွှေ့ပြောင်း မြန်မာလုပ်သားများ အနေဖြင့် အမှတ်(၁) ချစ်ကြည်ရေး တံတားမှ တရားဝင် ဝင်ရောက်ကြဖို့ အသိပေး အပ်ပါသည်။
ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ နေထိုင်ခဲ့သူများ မြန်မာပြည်သို့ ပြန်လည် ဝင်ရောက်ရာမှာ ချစ်ကြည်ရေး အမှတ်(၁)တံတားမှ တဆင့် ဝင်ရောက်ခြင်း အတွက် အဖမ်းအဆီး လုံးဝမရှိပါ။ ရေချောင်းမှ ဖြတ်ကူးခြင်းဟာ အသက်အန္တရာယ် ရှိသလို တရားမဝင် ခိုးကူးတာ ဖြစ်သည့်အတွက် ဥပဒေအရလည်း အရေးယူခံရနိုင်ပါသည်။
မယ်ဆိုင် မှတဆင့် တာချီလိတ်သို့ ၀င်ရောက်လာလိုပြီး ရွှေ့ပြောင်း မြန်မာလုပ်သား မှန်ကန်ပါက ထိုင်းဖုန်း 0850388887 ၊ 0897558729 သို့ ဆက်သွယ်၍ အကူအညီ တောင်းခံနိုင်ပါသည်။
ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီ စောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC)