မုိင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဖလား ေဘာလံုးၿပိဳင္ပြဲ၏ ဗိုလ္လုပြဲတြင္ ေစ်းတန္းရပ္ကြက္အသင္းအႏိုင္ရ

မုိင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဖလား ေဘာလံုးၿပိဳင္ပြဲ၏ ဗိုလ္လုပြဲတြင္ ေစ်းတန္းရပ္ကြက္အသင္းအႏိုင္ရ
ဇူလိုင် 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္ ၊ မိုင္းျဖတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးဖလား အသက္(၂၅)ႏွစ္ေအာက္ ရပ္ကြက္/ေက်းရြာအုပ္စုေပါင္းစံု ေဘာလံုးၿပိဳင္ပြဲ၏ ဗိုလ္လုပြဲအား ဇူလိုင္လ(၂၅)ရက္ေန႔က က်င္းပရာ ေစ်းတန္းရပ္ကြက္အသင္းက ကြက္သစ္အသင္းအား သံုးဂိုးျပတ္ျဖင့္အႏုိင္ရသြားေၾကာင္း သိရသည္။

“ကြ်န္ေတာ့္အေနနဲ႔ ဒီၿပိဳင္ပြဲကို က်င္းပရတာဟာ လူငယ္ေတြ ေဘာလံုးအားကစားကို စိတ္ပါ ဝင္စားလာေအာင္ ၿပီးေတာ့ ၿမိဳ႕နယ္အဆင့္ ခ႐ိုင္အဆင့္ တစ္ဆင့္ၿပီး တစ္ဆင့္ လူငယ္ေလးေတြ ကစားလာႏိုင္ေအာင္ ရည္ရြယ္ၿပီးေတာ့ ဒီပြဲကိုက်င္းပတာပါ” ဟု ၿမိဳ႕နယ္ အား/ကာ တာဝန္ခံ ဦးေအာင္ၾကည္စိုးေထြးက ေျပာသည္။

အဆိုပါေဘာလံုးၿပိဳင္ပြဲအား ဇူလိုင္ လ(၁၅)ရက္ေန႔မွ (၂၅)ရက္ေန႔အထိ ၿမိဳ႕နယ္ အားကစားကြင္းတြင္ က်င္းပရာ အသင္း(၈)သင္းပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ေနာက္ဆံုးဗိုလ္လုပြဲတြင္ ေစ်းတန္းရပ္ကြက္အသင္းက ကြက္သစ္ရပ္ကြက္ အသင္းအား (၃) ဂိုး ဂိုးမရွိျဖင့္ အႏိုင္ရ ဗိုလ္စြဲသြားေၾကာင္း သိရသည္။

ဆုေပးပြဲအား ဆက္လက္က်င္းပရာ ပထမ ရ႐ွိေသာ ေစ်းတန္းရပ္ကြက္အသင္းအား ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလႈိင္ကလည္းေကာင္း၊ ဒုတိယ ရ႐ွိေသာ ကြက္သစ္ရပ္ကြက္အသင္းအား ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး ျမင့္လြင္ ႏွင့္ အျခားဆုမ်ားအား ၿမိဳ႕နယ္ ဌာနဆိုင္ရာအႀကီးအကဲမ်ားက အသီးသီးခ်ီးျမႇင့္ေပးအပ္ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူးဖလား အသက်(၂၅)နှစ်အောက် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲအား ဇူလိုင်လ(၂၅)ရက်နေ့က ကျင်းပရာ ဈေးတန်းရပ်ကွက်အသင်းက ကွက်သစ်အသင်းအား သုံးဂိုးပြတ်ဖြင့်အနိုင်ရသွားကြောင်း သိရသည်။

“ကျွန်တော့်အနေနဲ့ ဒီပြိုင်ပွဲကို ကျင်းပရတာဟာ လူငယ်တွေ ဘောလုံးအားကစားကို စိတ်ပါ ဝင်စားလာအောင် ပြီးတော့ မြို့နယ်အဆင့် ခရိုင်အဆင့် တစ်ဆင့်ပြီး တစ်ဆင့် လူငယ်လေးတွေ ကစားလာနိုင်အောင် ရည်ရွယ်ပြီးတော့ ဒီပွဲကိုကျင်းပတာပါ” ဟု မြို့နယ် အား/ကာ တာဝန်ခံ ဦးအောင်ကြည်စိုးထွေးက ပြောသည်။

အဆိုပါဘောလုံးပြိုင်ပွဲအား ဇူလိုင် လ(၁၅)ရက်နေ့မှ (၂၅)ရက်နေ့အထိ မြို့နယ် အားကစားကွင်းတွင် ကျင်းပရာ အသင်း(၈)သင်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲတွင် ဈေးတန်းရပ်ကွက်အသင်းက ကွက်သစ်ရပ်ကွက် အသင်းအား (၃) ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသွားကြောင်း သိရသည်။

ဆုပေးပွဲအား ဆက်လက်ကျင်းပရာ ပထမ ရရှိသော ဈေးတန်းရပ်ကွက်အသင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်ကလည်းကောင်း၊ ဒုတိယ ရရှိသော ကွက်သစ်ရပ်ကွက်အသင်းအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်လွင် နှင့် အခြားဆုများအား မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများက အသီးသီးချီးမြှင့်ပေးအပ်ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~