တောင်ကြီးတွင် အသက်(၈)နှစ် အောက်မိန်းကလေးငယ် နှစ်ဦးအား အသက်(၁၄)နှစ်အရွယ် ယောက်ျားလေးက အဓမ္မပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်ထား

တောင်ကြီးတွင် အသက်(၈)နှစ် အောက်မိန်းကလေးငယ် နှစ်ဦးအား အသက်(၁၄)နှစ်အရွယ် ယောက်ျားလေးက အဓမ္မပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်ထား
ဇူလိုငျ 11, 2017
By Tachileik News Agency

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်တွင် (၁၄)နှစ်အရွယ် ယောက်ျားလေးက အသက်(၇)နှစ် နှင့် အသက်(၆)နှစ်အရွယ် အိမ်နီးချင်း မိန်းကလေးနှစ်ဦးအား အဓ္ဓမပြုကျင့်သည်ဟုဆိုကာ တောင်ကြီးမြို့မ ရဲစခန်းတွင် ဇူလိုင်လ (၉)ရက်နေ့က အမှုဖွင့်တိုင်ကြားမှုကို စစ်ဆေးနေကြောင်း သိရသည်။


အသက် (၇)နှစ်အရွယ် မိန်းကလေးအား အိမ်နီးချင်း ယောက်ျားလေးက အိမ်အောက်တွင် ကစားရန် ခေါ်သွားပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ရက်ပိုင်းကလည်း အိမ်နီးချင်း တစ်ဦးဖြစ်သည့် အသက် (၆)နှစ်အရွယ် မိန်းကလေးအား နေအိမ်အောက်ထပ်တွင် ကစားရန်ခေါ်သွားကာ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း မိန်းကလေးငယ်နှစ်ဦး၏ မိဘများက ဇူလိုင်လ (၉)ရက်နေ့တွင် လာရောက်တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် အဆိုပါ (၁၄)နှစ်အရွယ်ယောက်ျားလေးအား စိစစ်ဆောင်ရွက်နေစဉ်အတွင်း ထိန်းသိမ်းခွင့်ကို ကလေးသူငယ်တရားရုံးမှ တောင်းခံဆောင်ရွက်ထားပြီး တောင်ကြီးမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

သတင်း - နိုနို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်တွင် (၁၄)နှစ်အရွယ် ယောကျာ်းလေးက အသက်(၇)နှစ် နှင့် အသက်(၆)နှစ်အရွယ် အိမ်နီးချင်း မိန်းကလေးနှစ်ဦးအား အဓ္ဓမပြုကျင့်သည်ဟုဆိုကာ တောင်ကြီးမြို့မ ရဲစခန်းတွင် ဇူလိုင်လ (၉)ရက်နေ့က အမှုဖွင့်တိုင်ကြားမှုကို စစ်ဆေးနေကြောင်း သိရသည်။

“ကောင်လေးရဲ့ အသက် အထောက်အထားကို တောင်းကြည့်တော့ မွေးစာရင်းတောင် မရှိသေးဘူး။ အိမ်ထောင်စု စာရင်း အသက်အရကြည့်တော့ သူ့အသက်က (၁၅) နှစ်ပြည်ဖို့တောင် သုံးလလိုသေးတယ်။ မုဒိမ်းမှုမြောက်တာက အသက်(၁၆) နှစ်အထက်ဆိုတော့ ကျွန်တော်တို့ သူ့ကို ဖမ်းဆီးတာတော့ပြတယ်။ သက်ဆိုင်ရာ ကလေးသူငယ် တရားရုံးကို စိစစ်ဆောင်ရွက်နေစဉ်အတွင်းမှာ ထိန်းသိမ်းခွင့် တောင်းထားပါတယ်” ဟု တောင်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အသက် (၇)နှစ်အရွယ် မိန်းကလေးအား အိမ်နီးချင်း ယောကျာ်းလေးက အိမ်အောက်တွင် ကစားရန် ခေါ်သွားပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ရက်ပိုင်းကလည်း အိမ်နီးချင်း တစ်ဦးဖြစ်သည့် အသက် (၆)နှစ်အရွယ် မိန်းကလေးအား နေအိမ်အောက်ထပ်တွင် ကစားရန်ခေါ်သွားကာ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း မိန်းကလေးငယ်နှစ်ဦး၏ မိဘများက ဇူလိုင်လ (၉)ရက်နေ့တွင် လာရောက်တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

“အထမြောက် မမြောက်ကိုတော့ စစ်ဆေးချက်ထွက်လာမှ သိရမှာပါ။ ဒါတွေကိုတော့ ကလေးတွေရဲ့ ပြောပြချက်အရ သိရတာပါ”ဟု တောင်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးဦးက ပြောသည်။

လက်ရှိတွင် အဆိုပါ (၁၄)နှစ်အရွယ်ယောကျာ်းလေးအား စိစစ်ဆောင်ရွက်နေစဉ်အတွင်း ထိန်းသိမ်းခွင့်ကို ကလေးသူငယ်တရားရုံးမှ တောင်းခံဆောင်ရွက်ထားပြီး တောင်ကြီးမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~