စားသံုးသူ သတင္းျပန္ၾကားေရးႏွင့္ တုိင္ၾကားမႈလက္ခံေဆာင္ရြက္ေရးဌာန ေအာင္ပန္းတြင္ ဖြင့္လွစ္

စားသံုးသူ သတင္းျပန္ၾကားေရးႏွင့္ တုိင္ၾကားမႈလက္ခံေဆာင္ရြက္ေရးဌာန ေအာင္ပန္းတြင္ ဖြင့္လွစ္
ဇူလိုင် 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေအာင္ပန္းၿမိဳ႕တြင္ CICC (စားသံုးသူ သတင္းျပန္ၾကားေရး ႏွင့္ တိုင္ၾကားမႈ လက္ခံေဆာင္ရြက္ေရးဌာန)ကို ဇူလိုင္လ (၂၉) ရက္ေန႔က စတင္ဖြင့္လွစ္ထားေၾကာင္း သိရသည္။

“စားသံုးသူေတြ ထိခိုက္နစ္နာမႈမရွိေအာင္ တိုင္ၾကားခ်င္တယ္ဆိုရင္လည္း အခ်ိန္မေရြး ဖုန္းနဲ႔ ျဖစ္ျဖစ္၊ အီးေမးလ္နဲ႔ျဖစ္ျဖစ္၊ လူကိုယ္တိုင္ပဲျဖစ္ျဖစ္ တိုင္ၾကားနိုင္ပါတယ္။ စားသံုးသူ ကာကြယ္ေပးေရးလုပ္ငန္းစဥ္ အေနနဲ႔ စားသံုးသူရဲ႕ အခြင့္အေရးေတြကို ေတာ္ေတာ္မ်ားမ်ား မသိတာရွိတယ္။ အခုဖြင့္တဲ့ရံုးမွာက တိုင္ၾကားလို႔ပဲရတာမဟုတ္ဘူး။ စားသံုးသူနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြ စံုစမ္းလို႔ရတယ္။ ေဆြးေႏြးလို႔ရတယ္။ သတင္းအခ်က္အလက္ေတြ စံုစမ္းလို႔ရတယ္”ဟု ရွမ္းျပည္နယ္ စားသံုးသူေရးရာ ဦးစီးဌာနမွ လက္ေထာက္ညႊန္္ၾကားေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စားသံုးသူအခြင့္အေရးဆိုင္ရာ သတင္းအခ်က္အလက္မ်ား သိရိွေစေရး၊ စားသံုးသူနစ္နာမႈမရွိေစေရး၊ စားသံုးသူအခြင့္အေရးဆုိင္ရာ အျငင္းပြားမႈမ်ားေျဖရွင္းနိုင္ေရးတို႔အတြက္ ဖြင့္လွစ္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေအာင္ပန္း၊ ကေလာမွာက အေသးစားထုတ္ကုန္လုပ္ငန္းေတြ လုပ္တာအမ်ားႀကီးရွိတယ္။ ေတာင္ႀကီးမွာ က်ေတာ့ တိုင္ၾကားေရးရံုးကို ကၽြန္ေတာ္တို႔ရံုးမွာဖြင့္လွစ္ထားတာရွိတယ္။ နယ္ေတြအတြက္က ေအာင္ပန္း၊ ကေလာကေန ေတာင္ႀကီးအထိ တိုင္ရတာေတြဆိုရင္ အခက္အခဲေတြရွိနိုင္တယ္။ ဒါေၾကာင့္မို႕ နယ္ေတြမွာ ဖြင့္ထားေပးတာပါ။ တျခားနယ္မွာ ဖြင့္ခ်င္တယ္ဆိုရင္ သက္ဆိုင္ရာလုပ္ငန္းေကာ္မတီေတြနဲ႕ ညိွနိႈင္းၿပီးသြားရင္ေတာ့ သက္ဆိုင္ရာ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးရံုးေတြမွာ ဖြင့္ဖို႕ ညိႇႏိႈင္းလို႕ရမယ္ဆိုရင္ တိုင္ၾကားလက္ခံဌာနရံုး ေတြ ဖြင့္လွစ္သြားဖို႕ရွိပါတယ္” ဟု ဦးမင္းေအာင္က ေျပာသည္။

ေအာင္ပန္းႏွင့္ ကေလာေဒသမ်ားမွ စားသံုးသူအခြင့္အေရးဆိုင္ရာမ်ားအား သိရိွလိုသူမ်ားႏွင့္ စားသံုးသူအခြင့္အေရး နစ္နာမႈမ်ားရိွပါက ဖုန္း- ၀၈၁ ၆၀၁၂၆ သို႔ ဆက္သြယ္တိုင္ၾကားနိုင္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို
ဓာတ္ပံု - ေတာင္ႀကီး စားသံုးသူေရးရာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့တွင် CICC (စားသုံးသူ သတင်းပြန်ကြားရေး နှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးဌာန)ကို ဇူလိုင်လ (၂၉) ရက်နေ့က စတင်ဖွင့်လှစ်ထားကြောင်း သိရသည်။

“စားသုံးသူတွေ ထိခိုက်နစ်နာမှုမရှိအောင် တိုင်ကြားချင်တယ်ဆိုရင်လည်း အချိန်မရွေး ဖုန်းနဲ့ ဖြစ်ဖြစ်၊ အီးမေးလ်နဲ့ဖြစ်ဖြစ်၊ လူကိုယ်တိုင်ပဲဖြစ်ဖြစ် တိုင်ကြားနိုင်ပါတယ်။ စားသုံးသူ ကာကွယ်ပေးရေးလုပ်ငန်းစဉ် အနေနဲ့ စားသုံးသူရဲ့ အခွင့်အရေးတွေကို တော်တော်များများ မသိတာရှိတယ်။ အခုဖွင့်တဲ့ရုံးမှာက တိုင်ကြားလို့ပဲရတာမဟုတ်ဘူး။ စားသုံးသူနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ စုံစမ်းလို့ရတယ်။ ဆွေးနွေးလို့ရတယ်။ သတင်းအချက်အလက်တွေ စုံစမ်းလို့ရတယ်”ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စားသုံးသူအခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်များ သိရှိစေရေး၊ စားသုံးသူနစ်နာမှုမရှိစေရေး၊ စားသုံးသူအခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများဖြေရှင်းနိုင်ရေးတို့အတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

“အောင်ပန်း၊ ကလောမှာက အသေးစားထုတ်ကုန်လုပ်ငန်းတွေ လုပ်တာအများကြီးရှိတယ်။ တောင်ကြီးမှာ ကျတော့ တိုင်ကြားရေးရုံးကို ကျွန်တော်တို့ရုံးမှာဖွင့်လှစ်ထားတာရှိတယ်။ နယ်တွေအတွက်က အောင်ပန်း၊ ကလောကနေ တောင်ကြီးအထိ တိုင်ရတာတွေဆိုရင် အခက်အခဲတွေရှိနိုင်တယ်။ ဒါကြောင့်မို့ နယ်တွေမှာ ဖွင့်ထားပေးတာပါ။ တခြားနယ်မှာ ဖွင့်ချင်တယ်ဆိုရင် သက်ဆိုင်ရာလုပ်ငန်းကော်မတီတွေနဲ့ ညှိနှိုင်းပြီးသွားရင်တော့ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဖွင့်ဖို့ ညှိနှိုင်းလို့ရမယ်ဆိုရင် တိုင်ကြားလက်ခံဌာနရုံး တွေ ဖွင့်လှစ်သွားဖို့ရှိပါတယ်” ဟု ဦးမင်းအောင်က ပြောသည်။

အောင်ပန်းနှင့် ကလောဒေသများမှ စားသုံးသူအခွင့်အရေးဆိုင်ရာများအား သိရှိလိုသူများနှင့် စားသုံးသူအခွင့်အရေး နစ်နာမှုများရှိပါက ဖုန်း- ဝ၈၁ ၆၀၁၂၆ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

သတင်း - နိုနို
ဓာတ်ပုံ - တောင်ကြီး စားသုံးသူရေးရာ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~