ေတာင္ႀကီးၿမိဳ႕ရွိ ေအးသာယာ အေ၀းေျပးကားကြင္းေရွ႕မွ ေစ်းဆုိင္မ်ား ဖယ္ရွားျခင္းမျပဳပါက စည္ပင္ဥပေဒျဖင့္ အေရးယူမည္

ေတာင္ႀကီးၿမိဳ႕ရွိ ေအးသာယာ အေ၀းေျပးကားကြင္းေရွ႕မွ ေစ်းဆုိင္မ်ား ဖယ္ရွားျခင္းမျပဳပါက စည္ပင္ဥပေဒျဖင့္ အေရးယူမည္
ဇူလိုင် 1, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕၊ ေအးသာယာအေ၀းေျပးကားကြင္းအား အဆင့္ျမႇင့္တင္ျခင္း လုပ္ေဆာင္ေနရာ လမ္းနယ္အတြင္း ဖြင့္လွစ္ထားသည့္ ေစ်းဆိုင္မ်ားကို ဖယ္ရွားရွင္းလင္းရန္ သတိေပးထားေၾကာင္း သိရသည္။

“ကားႀကီးကြင္းကိုေတာ့ တိုးခ်ဲ႕ဖို႕ေတာ့ မရွိေသးပါဘူး။ အဆင့္ျမႇင့္ဖို႔ပဲရွိပါတယ္။ အခုကေတာ့ ေကာ္မတီဖြဲ႕ၿပီးေတာ့ ဘက္စံုအဖြဲ႕လိုက္ သန္႕ရွင္းေရးေရာ ဖြံ႕ၿဖိဳးတိုးတက္ေရးေရာ လုပ္ထားပါတယ္။ အခုက ကားႀကီးကြင္း ရဲ႕ အ၀င္ေပါက္ကို ကြန္ကရစ္ေရျပြန္တပ္ဆင္ဖို႔ ေဆာင္ရြက္ေနပါတယ္။ ကား၀န္းေရွ႕ လမ္းေျမ လမ္းနယ္မွာရွိတဲ့ ေစ်းဆိုင္(၅)ဆိုင္ကို ဖယ္ရွားခိုင္းတာ။ အခုက (၁)ဆိုင္ပဲေရႊ႕ၿပီး က်န္(၄)ဆိုင္က ေရႊ႕ဖို႔ျငင္းေနတာ။ မဖယ္ရင္ေတာ့ စည္ပင္ဥပေဒအရ အေရးယူေဆာင္ရြက္မွာပါ”ဟု ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေအးကိုက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ကားႀကီးကြင္းကို ၁၉၉၂ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ႕ျခင္းျဖစ္ၿပီး ကားဂိတ္ေပါင္း (၂၀) ေက်ာ္ရိွေနေၾကာင္း သိရသည္။

“ေအးသာယာ ကားႀကီးကြင္းရဲ႕ အ၀င္ေပါက္ ၂ေပါက္ကို ေရေျမာင္းေဖာက္မယ္။ လမ္းတံတားေဆာက္မယ္။ အ၀င္ေပါက္နားမွာရွိတဲ့ ေစ်းဆိုင္ေတြကိုေတာ့ ဖယ္ရွားခိုင္းဖို႕ေျပာထားပါတယ္။ ေလာေလာဆယ္ေတာ့ မဖယ္ေသးပါဘူး။ ကားရပ္ဖို႔ ေနရာလည္း အဆင္ေျပေအာင္ပါ။ ကားႀကီးကြင္းထဲက လမ္းေတြကိုလည္း ေသခ်ာျပန္လုပ္ေပးသြားမွာပါ။ အတြင္းထဲကေတာ့ အဆင့္ျမႇင့္လုပ္နိုင္ဖို႕က အေကာင္အထည္ ေဖာ္နိုင္ဖို႔ေတာ့ မလုပ္ေသးပါဘူး။ အခုေလာေလာဆယ္ကေတာ့ ေရ၀ပ္တဲ့ ေနရာေတြကို စနစ္တက် ကားသြားတာ အဆင္ေျပေအာင္ လုပ္ေပးသြားမွာပါ” ဟု ေတာင္ႀကီးျမိဳ႕နယ္ စည္ပင္သာယာေရးဌာန ေအးသာယာရံုးခြဲ ဦးစီးအရာရွိ ဦးဥာဏ္လင္းေမာင္ ကေျပာသည္။

လက္ရိွတြင္ ကားကြင္းေရွ႕ေရေျမာင္းမ်ား ေဖာက္လုပ္ျခင္းကို ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို
ဓာတ္ပံု - ​ေတာင္​ႀကီးၿမိဳ႕နယ္​စည္​ပင္​


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အေးသာယာအေဝးပြေးကားကွင်းအား အဆင့်မြှင့်တင်ခြင်း လုပ်ဆောင်နေရာ လမ်းနယ်အတွင်း ဖွင့်လှစ်ထားသည့် ဈေးဆိုင်များကို ဖယ်ရှားရှင်းလင်းရန် သတိပေးထားကြောင်း သိရသည်။

“ကားကြီးကွင်းကိုတော့ တိုးချဲ့ဖို့တော့ မရှိသေးပါဘူး။ အဆင့်မြှင့်ဖို့ပဲရှိပါတယ်။ အခုကတော့ ကော်မတီဖွဲ့ပြီးတော့ ဘက်စုံအဖွဲ့လိုက် သန့်ရှင်းရေးရော ဖွံ့ဖြိုးတိုးတက်ရေးရော လုပ်ထားပါတယ်။ အခုက ကားကြီးကွင်း ရဲ့ အဝင်ပေါက်ကို ကွန်ကရစ်ရပြွေန်တပ်ဆင်ဖို့ ဆောင်ရွက်နေပါတယ်။ ကားဝန်းရှေ့ လမ်းမြေ လမ်းနယ်မှာရှိတဲ့ ဈေးဆိုင်(၅)ဆိုင်ကို ဖယ်ရှားခိုင်းတာ။ အခုက (၁)ဆိုင်ပဲရွှေ့ပြီး ကျန်(၄)ဆိုင်က ရွှေ့ဖို့ငြင်းနေတာ။ မဖယ်ရင်တော့ စည်ပင်ဥပဒေအရ အရေးယူဆောင်ရွက်မှာပါ”ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ ကားကြီးကွင်းကို ၁၉၉၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကားဂိတ်ပေါင်း (၂၀) ကျော်ရှိနေကြောင်း သိရသည်။

“အေးသာယာ ကားကြီးကွင်းရဲ့ အဝင်ပေါက် ၂ပေါက်ကို ရေမြောင်းဖောက်မယ်။ လမ်းတံတားဆောက်မယ်။ အဝင်ပေါက်နားမှာရှိတဲ့ ဈေးဆိုင်တွေကိုတော့ ဖယ်ရှားခိုင်းဖို့ပြောထားပါတယ်။ လောလောဆယ်တော့ မဖယ်သေးပါဘူး။ ကားရပ်ဖို့ နေရာလည်း အဆင်ပြေအောင်ပါ။ ကားကြီးကွင်းထဲက လမ်းတွေကိုလည်း သေချာပြန်လုပ်ပေးသွားမှာပါ။ အတွင်းထဲကတော့ အဆင့်မြှင့်လုပ်နိုင်ဖို့က အကောင်အထည် ဖော်နိုင်ဖို့တော့ မလုပ်သေးပါဘူး။ အခုလောလောဆယ်ကတော့ ရေဝပ်တဲ့ နေရာတွေကို စနစ်တကျ ကားသွားတာ အဆင်ပြေအောင် လုပ်ပေးသွားမှာပါ” ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အေးသာယာရုံးခွဲ ဦးစီးအရာရှိ ဦးဉာဏ်လင်းမောင် ကပြောသည်။

လက်ရှိတွင် ကားကွင်းရှေ့ရေမြောင်းများ ဖောက်လုပ်ခြင်းကို ဆောင်ရွက်နပြေီဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို
ဓာတ်ပုံ - ​တောင်​ကြီးမြို့နယ်​စည်​ပင်​

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~