ေအးခဲအသားမ်ား တရားမဝင္ တင္သြင္းေရာင္းခ်ေနသည့္ က်ိဳင္းတံုေစ်းမွ ၾကက္ေၾကာ္ဆုိင္အား သတိေပး

ေအးခဲအသားမ်ား တရားမဝင္ တင္သြင္းေရာင္းခ်ေနသည့္ က်ိဳင္းတံုေစ်းမွ ၾကက္ေၾကာ္ဆုိင္အား သတိေပး
ဇူလိုင် 21, 2017
By Tachileik News Agency

တရုတ္ႏိုင္ငံတြင္ ၾကက္ငွက္တုပ္ေကြး သံသယေၾကာင့္ တင္သြင္းခြင့္ ပိတ္ပင္ထားခဲ့သည့္ ေအးခဲ ၾကက္သားမ်ားကို ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕မေစ်းတြင္ တင္သြင္း ေရာင္းခ်ေနသည့္ ၾကက္ေၾကာ္ဆိုင္အား ဇူလိုင္လ (၂၁)ရက္ေန႔က စစ္ေဆး ေတြ႔ရိွရသျဖင့္ အသားမ်ားအား ဖ်က္ဆီးၿပီး ထပ္မံေရာင္းခ်ျခင္းမျပဳရန္ ခံဝန္ကတိေရးထိုးေစခဲ့ေၾကာင္း သိရသည္။

တရုတ္ႏုိင္ငံအတြင္း ၾကက္ငွက္တုပ္ေကြး ေရာဂါ (H5N6) သံသယျဖစ္ပြားေနသည့္ ေဖေဖာ္ဝါရီလ အတြင္းက တ႐ုတ္ႏုိင္ငံႏွင့္ နယ္နိမိတ္ထိစပ္ေနသည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မိုင္းလားေဒသ ဝန္းက်င္တြင္ ၎ေရာဂါပိုး ကူးစက္ခံထားရသည့္ ၾကက္မ်ားကို စစ္ေဆးေတြ႔ရိွရၿပီးေနာက္ တရုတ္ႏုိင္ငံမွ ၾကက္ဥ၊ၾကက္သား တင္သြင္းမႈကို တားျမစ္ထားခဲ့ျခင္းျဖစ္သည္။

"တရုတ္ႏိုင္ငံက ထုတ္တဲ့ ေအးခဲၾကက္သားေတြကို မိုင္းလားကတစ္ဆင့္ တင္သြင္းလာၿပီးေတာ့ ၿမိဳ႕မေစ်းထဲမွာ ေၾကာ္ေရာင္းေနတဲ့ ၾကက္ေၾကာ္ဆိုင္ကို အေရးယူေပးဖို ့ တိုင္ၾကားလာတဲ့ သူရိွတဲ့အတြက္ ဒီေန ့သူ ့အိမ္ကို သြားစစ္ေတာ့ တရုတ္က တင္သြင္းလာတဲ့ ေအးခဲၾကက္သားေတြကို သူ ့အိမ္က ေရခဲေသတၱာထဲမွာ ေတြ႕တယ္။ ေနာက္ၿပီး ေစ်းထဲက သူ ့ဆိုင္မွာ သြားစစ္ေတာ့ ေရာင္းလို ့ ေတာင္ ကုန္သြားၿပီ။ ဆိုင္ရွင္ကိုယ္တိုင္ကလည္း ၀န္ခံတယ္။ ေအးခဲၾကက္သားဆိုရင္ ယိုးဒယားက တင္သြင္းတဲ့ ေအးခဲၾကက္သားကိုေတာင္ ဒီမွာေရာင္းခ်ဖို ့အတြက္ ေထာက္ခံခ်က္ ဘယ္သူမွ မရေသးတဲ့ အတြက္ ေရာင္းခ်ခြင့္မေပးထားဘူးဆိုေတာ့ တရုတ္က ေအးခဲၾကက္သား ဆိုေတာ့ ပိုဆိုးတာေပါ့။ ဒါေၾကာင့္ အဲဒီဆိုင္ရွင္ကို အသိပညာေပးၿပီးေတာ့ ေနာက္ေနာင္ကို အခုလို ေထာက္ခံခ်က္ မရိွတဲ့ ေအးခဲၾကက္သား ေတြကို ေၾကာ္ၿပီးမေရာင္းခ်ဖို ့ ခံ၀န္ထိုးခိုင္းထားပါတယ္"ဟု က်ိဳင္းတုံခရုိုင္ စားသုံးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ ့ အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါၾကက္ေၾကာ္ဆုိင္တြင္ လက္က်န္ရိွေနသည့္ ေအးခဲအသားမ်ားကိုလည္း မီးရိႈ႕ဖ်က္ဆီးလုိက္ေၾကာင္း သိရသည္။

ျပည္ပေအးခဲအသားမ်ားအား တင္သြင္းေရာင္းခ်လိုပါက အသားမ်ားတြင္ ေရာဂါကင္းစင္မႈႏွင့္ စားသံုးသူမ်ား အတြက္ ေဘးကင္းလံုၿခံဳသည့္အစားအေသာက္ျဖစ္ေစေရးအတြက္ တိရစၦာန္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနႏွင့္ FDA စသည့္ဌာနမ်ား၏ စစ္ေဆးေထာက္ခံခ်က္မ်ားျဖင့္သာ တင္သြင္းခြင့္ ျပဳထားျခင္းျဖစ္ေၾကာင္း သိရသည္။

"က်ိဳင္းတုံနဲ ့ တာခ်ီလိတ္ၿမိဳ႕တို ့က ကုမၸဏီတခ်ိဳ႕က ထိုင္းႏိုင္ငံကထုတ္တဲ့ ေအးခဲအသားေတြကို ေဒသတြင္းမွာ တရား၀င္ေရာင္းခ်ႏိုင္ဖို ့အတြက္ သက္ဆိုင္ရာဌာနေတြရဲ႕ ေထာက္ခံခ်က္ေတြရဖို ့ တိေမြးကုတို ့ FDAတို ့ရဲ ့ ရုံးခ်ဳပ္ေတြကို စာေတြေရာက္ၿပီးၿပီ။ အဲဒီဌာနေတြကေန ေထာက္ခံခ်က္ေတြ ရၿပီဆိုတာနဲ ့ စီးပြားကူးသန္းက ေဒသတြင္းမွာ တင္သြင္းေရာင္းခ်ခြင့္ေပးမွာပါ"ဟု က်ိဳင္းတုံခရုိုင္ စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ ့ အတြင္းေရးမွဴး ဦးသန္းစိုးက ေျပာသည္။

ေအးခဲအသားမ်ားအား သယ္ေဆာင္၊သိမ္းဆည္း၊ေရာင္းခ်စဥ္ကာလအတြင္း သတ္မွတ္ထားသည့္ အပူခ်ိန္ရိွသည့္ အေျခအေနတြင္ ရိွေနရန္လိုအပ္ၿပီး ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ေဒသတြင္ တရားမဝင္ တင္သြင္းေရာင္းခ်ေနသည့္ ေအးခဲအသားမ်ားတြင္ ရက္လြန္ပစၥည္းမ်ားကိုလည္း အမ်ားအားျဖင့္ ေတြ႕ရေလ့ရိွေၾကာင္း စားသံုးသူေရးရာဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္ထံမွ သိရသည္။

“ေအးခဲအသားေတြ အႏၱရာယ္ကင္းကင္းစားႏုိင္ဖို႔ဆိုတာ သယ္ယူရာမွာ သတ္မွတ္တဲ့အတုိင္းအတာရိွတဲ့ အေအးခန္းကားေတြနဲ႕ သယ္ယူတာေတြ လုပ္ရပါတယ္။ေနာက္ ေရာင္းခ်တဲ့ေနရာမွာလည္း အေအးခန္းမွာ သိုေလွာင္ေရာင္းခ်ဖို႔လိုသလို သတ္မွတ္တဲ့ကာလအတြင္း ေရာင္းခ်ဖို႔လည္း လိုပါတယ္။ ဒါေတြေၾကာင့္ တရားဝင္တင္သြင္းခြင့္ရိွသူေတြက တင္သြင္းဖို႔လိုတာပါ။ တရားဝင္ တင္သြင္းခြင့္ျပဳလိုက္ျခင္းဆိုတာ ခြင့္ျပဳလုိက္တာနဲ႕ တင္သြင္းခြင့္အၿမဲေပးလုိက္တာ မဟုတ္ပါဘူး။ သူတို႔တင္သြင္းလာသမွ်ေတြဟာ စားသံုးသူမ်ား အႏၱရာယ္ကင္းေစေရးအတြက္ လိုက္နာရမယ့္ စည္းကမ္းေတြနဲ႔ညီညြတ္စြာ တင္သြင္းေၾကာင္း အၿမဲတမ္း စစ္ေဆးခံၿပီးမွ တင္သြင္းခြင့္ျပဳတာပါ”ဟု စားသံုးသူေရးရာဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ဆိုသည္။

ေစ်းကြက္အတြင္းမွ စားသံုးရန္မညီညြတ္သည့္ စားေသာက္ကုန္မ်ား ေရာင္းခ်မႈမ်ားေတြ႔ရိွပါက စားသံုးသူ ေဘးဥပါဒ္ အႏၱရာယ္မျဖစ္ေစေရးအတြက္ ျပည္သူမ်ားအေနျဖင့္ စားသုံးသူ အျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ထံ တုိင္ၾကားႏုိင္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓာတ္ပုံ- ခရိုင္စားသုံးသူေရးရာဦးစီးဌာန




~~~~~~~~⊰❂ unicode ~~~~~~~~

တရုတ်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေး သံသယကြောင့် တင်သွင်းခွင့် ပိတ်ပင်ထားခဲ့သည့် အေးခဲ ကြက်သားများကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့မဈေးတွင် တင်သွင်း ရောင်းချနေသည့် ကြက်ကြော်ဆိုင်အား ဇူလိုင်လ (၂၁)ရက်နေ့က စစ်ဆေး တွေ့ရှိရသဖြင့် အသားများအား ဖျက်ဆီးပြီး ထပ်မံရောင်းချခြင်းမပြုရန် ခံဝန်ကတိရေးထိုးစေခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအတွင်း ကြက်ငှက်တုပ်ကွေး ရောဂါ (H5N6) သံသယဖြစ်ပွားနေသည့် ဖေဖော်ဝါရီလ အတွင်းက တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းလားဒေသ ဝန်းကျင်တွင်၎င်းရောဂါပိုး ကူးစက်ခံထားရသည့် ကြက်များကို စစ်ဆေးတွေ့ရှိရပြီးနောက် တရုတ်နိုင်ငံမှ ကြက်ဥ၊ကြက်သား တင်သွင်းမှုကို တားမြစ်ထားခဲ့ခြင်းဖြစ်သည်။

"တရုတ်နိုင်ငံက ထုတ်တဲ့ အေးခဲကြက်သားတွေကို မိုင်းလားကတစ်ဆင့် တင်သွင်းလာပြီးတော့ မြို့မဈေးထဲမှာ ကြော်ရောင်းနေတဲ့ ကြက်ကြော်ဆိုင်ကို အရေးယူပေးဖို့ တိုင်ကြားလာတဲ့ သူရှိတဲ့အတွက် ဒီနေ့သူ့အိမ်ကို သွားစစ်တော့ တရုတ်က တင်သွင်းလာတဲ့ အေးခဲကြက်သားတွေကို သူ့အိမ်က ရေခဲသေတ္တာထဲမှာ တွေ့တယ်။ နောက်ပြီး ဈေးထဲက သူ့ဆိုင်မှာ သွားစစ်တော့ ရောင်းလို့ တောင် ကုန်သွားပြီ။ ဆိုင်ရှင်ကိုယ်တိုင်ကလည်း ဝန်ခံတယ်။ အေးခဲကြက်သားဆိုရင် ယိုးဒယားက တင်သွင်းတဲ့ အေးခဲကြက်သားကိုတောင် ဒီမှာရောင်းချဖို့အတွက် ထောက်ခံချက် ဘယ်သူမှ မရသေးတဲ့ အတွက် ရောင်းချခွင့်မပေးထားဘူးဆိုတော့ တရုတ်က အေးခဲကြက်သား ဆိုတော့ ပိုဆိုးတာပေါ့။ ဒါကြောင့် အဲဒီဆိုင်ရှင်ကို အသိပညာပေးပြီးတော့ နောက်နောင်ကို အခုလို ထောက်ခံချက် မရှိတဲ့ အေးခဲကြက်သား တွေကို ကြော်ပြီးမရောင်းချဖို့ ခံဝန်ထိုးခိုင်းထားပါတယ်"ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါကြက်ကြော်ဆိုင်တွင် လက်ကျန်ရှိနေသည့် အေးခဲအသားများကိုလည်း မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

ပြည်ပအေးခဲအသားများအား တင်သွင်းရောင်းချလိုပါက အသားများတွင် ရောဂါကင်းစင်မှုနှင့် စားသုံးသူများ အတွက် ဘေးကင်းလုံခြုံသည့်အစားအသောက်ဖြစ်စေရေးအတွက် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် FDA စသည့်ဌာနများ၏ စစ်ဆေးထောက်ခံချက်များဖြင့်သာ တင်သွင်းခွင့် ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

"ကျိုင်းတုံနဲ့ တာချီလိတ်မြို့တို့က ကုမ္ပဏီတချို့က ထိုင်းနိုင်ငံကထုတ်တဲ့ အေးခဲအသားတွေကို ဒေသတွင်းမှာ တရားဝင်ရောင်းချနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနတွေရဲ့ ထောက်ခံချက်တွေရဖို့ တိမွေးကုတို့ FDAတို့ရဲ့ ရုံးချုပ်တွေကို စာတွေရောက်ပြီးပြီ။ အဲဒီဌာနတွေကနေ ထောက်ခံချက်တွေ ရပြီဆိုတာနဲ့ စီးပွားကူးသန်းက ဒေသတွင်းမှာ တင်သွင်းရောင်းချခွင့်ပေးမှာပါ"ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက ပြောသည်။

အေးခဲအသားများအား သယ်ဆောင်၊သိမ်းဆည်း၊ရောင်းချစဉ်ကာလအတွင်း သတ်မှတ်ထားသည့် အပူချိန်ရှိသည့် အခြေအနေတွင် ရှိနေရန်လိုအပ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် တရားမဝင် တင်သွင်းရောင်းချနေသည့် အေးခဲအသားများတွင် ရက်လွန်ပစ္စည်းများကိုလည်း အများအားဖြင့် တွေ့ရလေ့ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်ထံမှ သိရသည်။

“အေးခဲအသားတွေ အန္တရာယ်ကင်းကင်းစားနိုင်ဖို့ဆိုတာ သယ်ယူရာမှာ သတ်မှတ်တဲ့အတိုင်းအတာရှိတဲ့ အအေးခန်းကားတွေနဲ့ သယ်ယူတာတွေ လုပ်ရပါတယ်။နောက် ရောင်းချတဲ့နေရာမှာလည်း အအေးခန်းမှာ သိုလှောင်ရောင်းချဖို့လိုသလို သတ်မှတ်တဲ့ကာလအတွင်း ရောင်းချဖို့လည်း လိုပါတယ်။ ဒါတွေကြောင့် တရားဝင်တင်သွင်းခွင့်ရှိသူတွေက တင်သွင်းဖို့လိုတာပါ။ တရားဝင် တင်သွင်းခွင့်ပြုလိုက်ခြင်းဆိုတာ ခွင့်ပြုလိုက်တာနဲ့ တင်သွင်းခွင့်အမြဲပေးလိုက်တာ မဟုတ်ပါဘူး။ သူတို့တင်သွင်းလာသမျှတွေဟာ စားသုံးသူများ အန္တရာယ်ကင်းစေရေးအတွက် လိုက်နာရမယ့် စည်းကမ်းတွေနဲ့ညီညွတ်စွာ တင်သွင်းကြောင်း အမြဲတမ်း စစ်ဆေးခံပြီးမှ တင်သွင်းခွင့်ပြုတာပါ”ဟု စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ဆိုသည်။

ဈေးကွက်အတွင်းမှ စားသုံးရန်မညီညွတ်သည့် စားသောက်ကုန်များ ရောင်းချမှုများတွေ့ရှိပါက စားသုံးသူ ဘေးဥပါဒ် အန္တရာယ်မဖြစ်စေရေးအတွက် ပြည်သူများအနဖြေင့် စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ထံ တိုင်ကြားနိုင်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ- ခရိုင်စားသုံးသူရေးရာဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~