ခ်င္းရိုင္းခရိုင္အတြင္းက ေရႊ႕ေျပာင္းျမန္မာလုပ္သား (၉)ဦး တာခ်ီလိတ္သို႔ ထပ္မံေရာက္ရွိ

ခ်င္းရိုင္းခရိုင္အတြင္းက ေရႊ႕ေျပာင္းျမန္မာလုပ္သား (၉)ဦး တာခ်ီလိတ္သို႔ ထပ္မံေရာက္ရွိ
ဇူလိုင် 12, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံ ၊ ခ်င္းရိုင္းခရိုင္အတြင္း ေရာက္ရွိေနသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအနက္ စုစုေပါင္း (၉)ဦးသည္ ဇူလိုင္လ(၁၂)ရက္ေန႔ ေန႔လယ္(၁၂)နာရီအခ်ိန္က တာခ်ီလိတ္သို႔ ေရာက္ရွိလာရာ ျမန္မာဘက္မွ ေကာ္မတီဝင္မ်ား၊ လူမႈေရး အသင္းအဖြဲ႔မ်ား၊ ႏိုင္ငံေရးပါတီမ်ားမွ ႀကိဳဆိုခဲ့ၾကၿပီး လိုအပ္သည္မ်ားကို ကူညီ ေဆာင္ရြက္ေပးေၾကာင္း သိရသည္။

အမ်ဳိးသား(၇)ဦး ႏွင့္ အမ်ဳိးသမီး (၂)ဦး စုစုေပါင္း (၉)ဦးသည္ ဇူလိုင္လ(၁၂)ရက္ေန႔တြင္ CNCMC ေကာ္မတီ ႏွင့္ မယ္ဆိုင္ လ၀က တို႔၏ အကူအညီျဖင့္ တာခ်ီလိတ္သို႔ ေရာက္ရွိ လာရာ ၎တို႔အား ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတားတြင္ ဌာနဆိုင္ရာမ်ားျဖင့္ ဖြဲ႔စည္းထားသည့္ ေနရပ္ျပန္ ေရႊ႕ေျပာင္းလုပ္သားမ်ား ျပန္လည္ႀကိဳဆိုလက္ခံေရး ေကာ္မတီက ႀကိဳဆိုခဲ့ၾကၿပီး ၎တို႔ထဲတြင္ ျမန္မာႏိုင္ငံသား ဟုတ္/မဟုတ္ကို စိစစ္ေစခဲ့ၾကသည္။

ေနရပ္ျပန္ အဆိုပါ (၉)ဦးအတြက္ ေန႔လယ္စာအျဖစ္ တာခ်ီလိတ္ၿမိဳ႕ ဗယ္လင္တိုင္း ႏွင့္ ႏိုင္းႏိုင္း ကေဖးႏွင့္အေအး မိသားစုမွ ထမင္းေႀကာ္မ်ားျဖင့္ လည္းေကာင္း၊ တာခ်ီလိတ္နာေရးကူညီမႈအသင္းက စားစရာမ်ားျဖင့္ လည္းေကာင္း အသီးသီး ေပးေ၀လွဴဒါန္းေပးေၾကာင္း ႏွင့္ က်ားျဖဴပါတီ ႏွင့္ က်ားေခါင္းပါတီတို႔မွလည္း ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအား လာေရာက္အားေပးေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံမွ ေနရပ္ျပန္လာလိုၿပီး ထိုင္းႏိုင္ငံအတြင္းမွ နယ္စပ္ဂိတ္မ်ားသို႔ သြားလာရန္ အခက္အခဲ ျဖစ္ေနသူမ်ား ႏွင့္ ထိုင္းရဲစစ္ေဆးေရးဂိတ္မ်ားမွ ေငြၫွစ္ေတာင္းခံမႈမ်ားအျပင္ နယ္စပ္၀င္ေပါက္တြင္ ကားသမားမ်ားမွ ျဖစ္ေစ၊ ပြဲစားမ်ားမွျဖစ္ေစ ေငြေၾကးေတာင္းခံပါက CNCMC ေကာ္မတီ၏ 0850388887 ၊ 0897558729 သို႔ ဖုန္းျဖင့္ဆက္သြယ္၍ အကူအညီေတာင္းခံႏိုင္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်အတွင်း ရောက်ရှိနေသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများအနက် စုစုပေါင်း (၉)ဦးသည် ဇူလိုင်လ(၁၂)ရက်နေ့ နေ့လယ်(၁၂)နာရီအချိန်က တာချီလိတ်သို့ ရောက်ရှိလာရာ မြန်မာဘက်မှ ကော်မတီဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများမှ ကြိုဆိုခဲ့ကြပြီး လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးကြောင်း သိရသည်။

အမျိုးသား(၇)ဦး နှင့် အမျိုးသမီး (၂)ဦး စုစုပေါင်း (၉)ဦးသည် ဇူလိုင်လ(၁၂)ရက်နေ့တွင် CNCMC ကော်မတီ နှင့် မယ်ဆိုင် လဝက တို့၏ အကူအညီဖြင့် တာချီလိတ်သို့ ရောက်ရှိ လာရာ၎င်းတို့အား မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် ဌာနဆိုင်ရာများဖြင့် ဖွဲ့စည်းထားသည့် နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားများ ပြန်လည်ကြိုဆိုလက်ခံရေး ကော်မတီက ကြိုဆိုခဲ့ကြပြီး၎င်းတို့ထဲတွင် မြန်မာနိုင်ငံသား ဟုတ်/မဟုတ်ကို စိစစ်စေခဲ့ကြသည်။

နေရပ်ပြန် အဆိုပါ (၉)ဦးအတွက် နေ့လယ်စာအဖြစ် တာချီလိတ်မြို့ ဗယ်လင်တိုင်း နှင့် နိုင်းနိုင်း ကဖေးနှင့်အအေး မိသားစုမှ ထမင်းကြော်များဖြင့် လည်းကောင်း၊ တာချီလိတ်နာရေးကူညီမှုအသင်းက စားစရာများဖြင့် လည်းကောင်း အသီးသီး ပေးေဝလှူဒါန်းပေးကြောင်း နှင့် ကျားဖြူပါတီ နှင့် ကျားခေါင်းပါတီတို့မှလည်း ရွှေ့ပြောင်းမြန်မာလုပ်သားများအား လာရောက်အားပေးကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာလိုပြီး ထိုင်းနိုင်ငံအတွင်းမှ နယ်စပ်ဂိတ်များသို့ သွားလာရန် အခက်အခဲ ဖြစ်နေသူများ နှင့် ထိုင်းရဲစစ်ဆေးရေးဂိတ်များမှ ငွေညှစ်တောင်းခံမှုများအပြင် နယ်စပ်ဝင်ပေါက်တွင် ကားသမားများမှ ဖြစ်စေ၊ ပွဲစားများမှဖြစ်စေ ငွေကြေးတောင်းခံပါက CNCMC ကော်မတီ၏ 0850388887၊ 0897558729 သို့ ဖုန်းဖြင့်ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~