ထိုင်းနိုင်ငံ ဘန်ကောက် နှင့် ချင်းရိုင်းခရိုင်အတွင်းမှ ရွှေ့ပြောင်းမြန်မာလုပ်သား (၈)ဦး တာချီလိတ်မှ တဆင့် နေရပ်ပြန်

ထိုင်းနိုင်ငံ ဘန်ကောက် နှင့် ချင်းရိုင်းခရိုင်အတွင်းမှ ရွှေ့ပြောင်းမြန်မာလုပ်သား (၈)ဦး တာချီလိတ်မှ တဆင့် နေရပ်ပြန်
ဇူလိုင် 13, 2017
By Tachileik News Agency

ထိုင်းနိုင်ငံ ဘန်ကောက် နှင့် ချင်းရိုင်းခရိုင်တို့မှ ရွှေ့ပြောင်းမြန်မာလုပ်သား စုစုပေါင်း (၈)ဦးသည် ဇူလိုင်လ(၁၃)ရက်နေ့ နေ့လယ်(၁၂)နာရီအချိန်က မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား မှ တဆင့် တာချီလိတ်သို့ ရောက်ရှိလာကြောင်း သိရသည်။

နေရပ်ပြန်ရောက်ရှိလာသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများထဲတွင် အမျိုးသား(၆)ဦး နှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း(၈)ဦးရှိရာ ရှမ်းပြည်နယ်အရှေ့ပိုင်း နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့မှ ပါဝင်ပြီး ၎င်းတို့သည် ဘန်ကောက်မြို့၌ ရေပိုက်စက်ရုံ နှင့် မွေးမြူရေးခြံတွင် အလုပ်လုပ်ကိုင်ခဲ့ကြသူများဖြစ်ကြပြီး ချင်းရိုင်းခရိုင်ထဲတွင် ကျဘမ်းလုပ်ကိုင်ကြသူများလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန် ရွှေ့ပြောင်းမြန်မာလုပ်သားများအား ထိုင်းနိုင်ငံ မယ်ဆိုင်လ၀ကမှ အချက်အလက်များ ကောက်ယူပြီးနောက် တာချီလိတ်ဘက်သို့ လာရောက်ပို့ဆောင်ပေးရာ တာချီလိတ်ဘက်တွင်  ဌာနဆိုင်ရာများဖြင့် ဖွဲ့စည်းထားသည့် နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားများ ပြန်လည်ကြိုဆိုလက်ခံရေး ကော်မတီက ကြိုဆိုခဲ့ကြပြီး ၎င်းတို့ထဲတွင် မြန်မာနိုင်ငံသား ဟုတ်/မဟုတ်ကို စိစစ်စေခဲ့ကြသည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာလိုပြီး ထိုင်းနိုင်ငံအတွင်းမှ နယ်စပ်ဂိတ်များသို့ သွားလာရန် အခက်အခဲ ဖြစ်နေသူများ နှင့် ထိုင်းရဲစစ်ဆေးရေးဂိတ်များမှ ငွေညှစ်တောင်းခံမှုများအပြင် နယ်စပ်ဝင်ပေါက်တွင် ကားသမားများမှ ဖြစ်စေ၊ ပွဲစားများမှဖြစ်စေ ငွေကြေးတောင်းခံပါက CNCMC ကော်မတီ၏ 0850388887 ၊ 0897558729 သို့ ဖုန်းဖြင့်ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ ဘန်ကောက် နှင့် ချင်းရိုင်းခရိုင်တို့မှ ရွှေ့ပြောင်းမြန်မာလုပ်သား စုစုပေါင်း (၈)ဦးသည် ဇူလိုင်လ(၁၃)ရက်နေ့ နေ့လယ်(၁၂)နာရီအချိန်က မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား မှ တစ်ဆင့် တာချီလိတ်သို့ ရောက်ရှိလာကြောင်း သိရသည်။

နေရပ်ပြန်ရောက်ရှိလာသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများထဲတွင် အမျိုးသား(၆)ဦး နှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း(၈)ဦးရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှ ပါဝင်ပြီး ၎င်းတို့သည် ဘန်ကောက်မြို့၌ ရေပိုက်စက်ရုံ နှင့် မွေးမြူရေးခြံတွင် အလုပ်လုပ်ကိုင်ခဲ့ကြသူများဖြစ်ကြကာ ချင်းရိုင်းခရိုင်ထဲတွင် ကျဘမ်းလုပ်ကိုင်ကြသူများလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန် ရွှေ့ပြောင်းမြန်မာလုပ်သားများအား ထိုင်းနိုင်ငံ မယ်ဆိုင်လ၀ကမှ အချက်အလက်များ ကောက်ယူပြီးနောက် တာချီလိတ်ဘက်သို့ လာရောက်ပို့ဆောင်ပေးရာ တာချီလိတ်ဘက်တွင် ဌာနဆိုင်ရာများဖြင့် ဖွဲ့စည်းထားသည့် နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားများ ပြန်လည်ကြိုဆိုလက်ခံရေး ကော်မတီက ကြိုဆိုခဲ့ကြပြီး ၎င်းတို့ထဲတွင် မြန်မာနိုင်ငံသား ဟုတ်/မဟုတ်ကို စိစစ်စေခဲ့ကြသည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာလိုပြီး ထိုင်းနိုင်ငံအတွင်းမှ နယ်စပ်ဂိတ်များသို့ သွားလာရန် အခက်အခဲ ဖြစ်နေသူများ နှင့် ထိုင်းရဲစစ်ဆေးရေးဂိတ်များမှ ငွေညှစ်တောင်းခံမှုများအပြင် နယ်စပ်ဝင်ပေါက်တွင် ကားသမားများမှ ဖြစ်စေ၊ ပွဲစားများမှဖြစ်စေ ငွေကြေးတောင်းခံပါက CNCMC ကော်မတီ၏ 0850388887 ၊ 0897558729 သို့ ဖုန်းဖြင့်ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~