Miss Universe Tachileik နှင့် ပတ်သက်၍ ၆၆(ဃ)ဖြင့် အမှုဖွင့် တိုင်ကြားခံရသူအား ရဲတပ်ဖွဲ့မှ ဖမ်းဆီး စစ်ဆေးနေ

Miss Universe Tachileik နှင့် ပတ်သက်၍ ၆၆(ဃ)ဖြင့် အမှုဖွင့် တိုင်ကြားခံရသူအား ရဲတပ်ဖွဲ့မှ ဖမ်းဆီး စစ်ဆေးနေ
ဇူလိုငျ 7, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ပလပ်တီနမ်စတား ဟိုတယ်ပိုင်ရှင်က Miss Universe Tachileik အကြောင်း နှင့် ၎င်းတို့၏ ဂုဏ်သိက္ခာအား ထိပါးစေအောင် ပြောဆို ဝေဖန်ထားသည့် ဗီဒီယိုဖိုင်အား ဖေ့ဘုတ်ပေါ် တင်ထားသည်ဟုဆိုကာ  Mg Oscar အမည်ရှိ ဖေ့ဘုတ်အကောင့်ပိုင်ရှင်အား အရေးယူပေးရန် တာချီလိတ်မြို့မရဲစခန်းတွင် တိုင်ကြားလိုက်ပြီးနောက် ရဲတပ်ဖွဲ့မှ ဇူလိုင်လ(၆)ရက်နေ့က ခေါ်ယူစစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။


တာချီလိတ်မြို့တွင် ဇူလိုင်လ (၂)ရက်နေ့က ကျင်းပခဲ့သည့် Miss Universe Tachileik အဖြစ် ဆုရရှိ သွားသည့် ပလပ်တီနမ်စတား ဟိုတယ်ပိုင်ရှင်၏ သမီးဖြစ်သူ မနန်းမွေဖောင်းလုံ ဆုရရှိသွားခြင်းနှင့် ပတ်သက်၍ Mg Oscar အကောင့်အမည်က Facebook ပေါ်တွင် Miss Universe Tachileik နှင့် ပြိုင်ပွဲ စပွန်ဆာ ပလက်တီနမ်စတားဟိုတယ်တို့အား ဗီဒီယို ပြောဆိုဝေဖန်ကာ တင်ထားသည်ဟုဆိုကာ ပလပ်တီနမ်စတား ဟိုတယ်၏ ပိုင်ရှင်ဖြစ်သူ ဒေါ်နန်းဖောင်းက တရားလိုပြုလုပ်ပြီး တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၃၉/၁၇၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားခြင်းဖြစ်ပြီး အမှုဖွင့်တိုင်ကြားခံရသူအား ဖမ်းဆီး စစ်ဆေးနေဖြင်း ဖြစ်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ပလပ်တီနမ်စတား ဟိုတယ်ပိုင်ရှင်က Miss Universe Tachileik အကြောင်း နှင့်၎င်းတို့၏ ဂုဏ်သိက္ခါအား ထိပါးစေအောင် ပြောဆိုေဝဖန်ထားသည့် ဗီဒီယိုဖိုင်အား ဖေ့ဘုတ်ပေါ် တင်ထားသည်ဟုဆိုကာ Mg Oscar အမည်ရှိ ဖေ့ဘုတ်အကောင့်ပိုင်ရှင်အား အရေးယူပေးရန် တာချီလိတ်မြို့မရဲစခန်းတွင် တိုင်ကြားလိုက်ပြီးနောက် ရဲတပ်ဖွဲ့မှ ဇူလိုင်လ(၆)ရက်နေ့က ခေါ်ယူစစ်ဆေးနပြေီဖြစ်ကြောင်း သိရသည်။

“ လက်ရှိမှာ တရားခံကို ဖမ်းဆီး စစ်ဆေးနေပါတယ်။ ဒီက စစ်ဆေးတွေ့ရှိချက်အရ လုပ်ဆောင်စရာ ရှိတာတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။”ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထိန်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် ဇူလိုင်လ (၂)ရက်နေ့က ကျင်းပခဲ့သည့် Miss Universe Tachileik အဖြစ် ဆုရရှိ သွားသည့် ပလပ်တီနမ်စတား ဟိုတယ်ပိုင်ရှင်၏ သမီးဖြစ်သူ မနန်းမွေဖောင်းလုံ ဆုရရှိသွားခြင်းနှင့် ပတ်သက်၍ Mg Oscar အကောင့်အမည်က Facebook ပေါ်တွင် Miss Universe Tachileik နှင့် ပြိုင်ပွဲ စပွန်ဆာ ပလက်တီနမ်စတားဟိုတယ်တို့အား ဗီဒီယို ပြောဆေိုဝဖန်ကာ တင်ထားသည်ဟုဆိုကာ ပလပ်တီနမ်စတား ဟိုတယ်၏ ပိုင်ရှင်ဖြစ်သူ ဒေါ်နန်းဖောင်းက တရားလိုပြုလုပ်ပြီး တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၃၉/၁၇၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားခြင်းဖြစ်ပြီး အမှုဖွင့်တိုင်ကြားခံရသူအား ဖမ်းဆီး စစ်ဆေးနဖြေင်း ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~