က်ိဳင္းတံုတြင္ သံုးမႊာပူး ေမြးဖြားသည့္ မိခင္အား ရွမ္း/အေရွ႕လူမႈဝန္ထမ္းဦးစီးဌာနရံုး၏ ပထမဆံုး အေထာက္အပံ့ ရရွိသူအျဖစ္ က်ပ္(၅)သိန္း ေပးအပ္

က်ိဳင္းတံုတြင္ သံုးမႊာပူး ေမြးဖြားသည့္ မိခင္အား ရွမ္း/အေရွ႕လူမႈဝန္ထမ္းဦးစီးဌာနရံုး၏ ပထမဆံုး အေထာက္အပံ့ ရရွိသူအျဖစ္ က်ပ္(၅)သိန္း ေပးအပ္
ဇူလိုင် 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ ျပည္သူ႔ေဆးရံုတြင္ သံုးမႊာေမြးဖြားသည့္ မိခင္အား လူမႈဝန္ထမ္း ဦးစီးဌာနမွ ေထာက္ပံ့ေငြ က်ပ္(၅)သိန္းကို ဇူလိုင္လ (၂၁)ရက္ေန႔တြင္ ေပးအပ္လိုက္ၿပီး ယင္းမွာ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူမႈဝန္ထမ္းရံုး၏ ပထမဆံုး အေထာက္အပံ့ ရသူျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ လူမႈဝန္ထမ္းဦးစီးဌာန အေနနဲ႔က သံုးမႊာႏွင့္အထက္ ေမြးဖြားတဲ့ မိခင္တုိင္းကို က်ပ္ေငြ(၅)သိန္း ေထာက္ပံ့ပါတယ္။ ဒါကိုလည္း ကၽြန္ေတာ္တုိ႔ အေနနဲ႔ တတ္ႏုိင္သေလာက္ အသိေပးေပမယ့္ က်ယ္က်ယ္ျပန္႔ျပန္႔ သိရိွမႈနည္းတာေၾကာင့္ တခ်ိဳ႕ေတြဆို ကၽြန္ေတာ္တို႔ဆီကို မဆက္သြယ္ၾကေတာ့ မေပး အပ္ႏုိင္ခဲ့ပါဘူး။ အခုကေတာ့ ကၽြန္ေတာ္တို႔ေတြ ေဟာေျပာထားတုန္းက သိရိွထားတဲ့သူက အေၾကာင္း ၾကားေပးမႈေၾကာင့္ မေန႔က ေမြးတယ္ဆိုတာသိလို႔ ဒီေန႔ပဲ ကၽြန္ေတာ္တို႔ သြားေရာက္ေပးအပ္ႏုိင္ခဲ့ပါတယ္”ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူမႈဝန္ထမ္းရံုး မွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏုိင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုၿမိဳ႕နယ္၊ ကတ္ေတာင္ေက်းရြာအုပ္စုမွ အမ်ိဳးသမီးက သား(၃)ဦးအမႊာကို က်ိဳင္းတံုၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ ဇူလုိင္လ (၂၀)ရက္ေန႔က ေမြးဖြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ သံုးမႊာႏွင့္ သံုးမႊာအထက္မိခင္မ်ားအား လူမႈဝန္ထမ္းဦးစီးဌာန၏ ေထာက္ပံ့ေငြ က်ပ္ငါးသိန္း ေပးအပ္ႏုိင္ရန္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူမႈဝန္ထမ္းရံုးသို႔ ဆက္သြယ္ႏုိင္ၿပီး ရုံုးဖုန္း ၀၈၄ ၂၂၅၂၉ သို႔လည္း ဆက္သြယ္အေၾကာင္းၾကားေပးႏုိင္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု- UKTN


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံတွင် သုံးမွှာမွေးဖွားသည့် မိခင်အား လူမှုဝန်ထမ်း ဦးစီးဌာနမှ ထောက်ပံ့ငွေ ကျပ်(၅)သိန်းကို ဇူလိုင်လ (၂၁)ရက်နေ့တွင် ပေးအပ်လိုက်ပြီး ယင်းမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းရုံး၏ ပထမဆုံး အထောက်အပံ့ ရသူဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ လူမှုဝန်ထမ်းဦးစီးဌာန အနေနဲ့က သုံးမွှာနှင့်အထက် မွေးဖွားတဲ့ မိခင်တိုင်းကို ကျပ်ငွေ(၅)သိန်း ထောက်ပံ့ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ အနေနဲ့ တတ်နိုင်သလောက် အသိပေးပေမယ့် ကျယ်ကျယ်ပြန့်ပြန့် သိရှိမှုနည်းတာကြောင့် တချို့တွေဆို ကျွန်တော်တို့ဆီကို မဆက်သွယ်ကြတော့ မပေး အပ်နိုင်ခဲ့ပါဘူး။ အခုကတော့ ကျွန်တော်တို့တွေ ဟောပြောထားတုန်းက သိရှိထားတဲ့သူက အကြောင်း ကြားပေးမှုကြောင့် မနေ့က မွေးတယ်ဆိုတာသိလို့ ဒီနေ့ပဲ ကျွန်တော်တို့ သွားရောက်ပေးအပ်နိုင်ခဲ့ပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းရုံး မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့နယ်၊ ကတ်တောင်ကျေးရွာအုပ်စုမှ အမျိုးသမီးက သား(၃)ဦးအမွှာကို ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံတွင် ဇူလိုင်လ (၂၀)ရက်နေ့က မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ သုံးမွှာနှင့် သုံးမွှာအထက်မိခင်များအား လူမှုဝန်ထမ်းဦးစီးဌာန၏ ထောက်ပံ့ငွေ ကျပ်ငါးသိန်း ပေးအပ်နိုင်ရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းရုံးသို့ ဆက်သွယ်နိုင်ပြီး ရုံးဖုန်း ဝ၈၄ ၂၂၅၂၉ သို့လည်း ဆက်သွယ်အကြောင်းကြားပေးနိုင်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ- UKTN

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~