က်ဳိင္းတံုတြင္ လူငယ္မ်ား ဦးေဆာင္ၿပီး ျပဳလုပ္မည့္ အာဇာနည္ေန႔ လူထုခ်ီတက္ အေလးျပဳအစီအစဥ္အား ဌာနဆုိင္ရာမ်ားမွ ကူညီ

က်ဳိင္းတံုတြင္ လူငယ္မ်ား ဦးေဆာင္ၿပီး ျပဳလုပ္မည့္ အာဇာနည္ေန႔ လူထုခ်ီတက္ အေလးျပဳအစီအစဥ္အား ဌာနဆုိင္ရာမ်ားမွ ကူညီ
ဇူလိုင် 16, 2017
By Tachileik News Agency

ဇူလိုင္လ (၁၉)ရက္ေန႔တြင္ က်ေရာက္မည့္ ႏွစ္(၇၀)ျပည့္ အာဇာနည္ေန႔အခမ္းအနားအား ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕ရိွ လြတ္လပ္ေရးေက်ာက္တိုင္၌ လူထုစုေပါင္းခ်ီတက္အေလးျပဳသြားရန္ က်ိဳင္းတံုၿမိဳ႕မွ လူငယ္မ်ား ဦးေဆာင္စီစဥ္ေနလ်က္ရွိရာ ဌာနဆိုင္ရာမ်ားမွလည္း ပူးေပါင္းကူညီေနေၾကာင္း သိရသည္။

"အာဇာနည္ေန႔မွာ က်ိဳင္းတုံၿမိဳ႕က လူထုေတြ စုေပါင္းၿပီး ခ်ီတက္အေလးျပဳတဲ့ အစဥ္အလာက ေပ်ာက္ေနတာ ၾကာၿပီေပါ့ေနာ္။ ဒီအခမ္းအနားႀကီးက ဒီၿမိဳ႕မွာ ေတာ္ေတာ္ေလးကို ေမွးမွိန္ေနတယ္ေလ။ ဒါေၾကာင့္ ဒီအစဥ္ အလာေလး ျပန္ၿပီးေတာ့ ျဖစ္သြားေအာင္လုိ ့ အခုလို ဦးေဆာင္ၿပီး လုပ္ရတာ ျဖစ္ပါတယ္"ဟု ႏွစ္(၇၀)ျပည့္အာဇာနည္ေန ့ ခ်ီတက္အေလးျပဳပြဲ ျဖစ္ေျမာက္ေရးအဖြဲ ့မွ ကိုေက်ာ္စြာထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အာဇာနည္ေန႔ ခ်ီတက္အေလးျပဳပြဲကို ပူးေပါင္း ပါ၀င္လိုသူမ်ား အေနျဖင့္ ဇူလုိင္လ (၁၉)ရက္ေန႔ နံနက္(၉)နာရီတြင္ ၿမိဳ႕မေစ်းေရွ႕တြင္ လူစုမည္ျဖစ္ၿပီး နံနက္(၉)နာရီခြဲတြင္ ထိုမွတစ္ဆင့္ ေက်ာက္တိုင္သို ့ ေစ်းေျမာက္ဘက္မွ တစ္ဆင့္ ခ်ီတက္ကာ အေလးျပဳသြားမည္ျဖစ္သျဖင့္ စိတ္ဝင္စားသူတိုင္း ပူးေပါင္းပါဝင္ၾကရန္ ဖိတ္ေခၚထားေၾကာင္း သိရသည္။

"အခုလို ဒီပြဲေလး ျဖစ္လာမယ္ဆိုေတာ႔ ဝမ္းသာပါတယ္။ လူငယ္ေတြ အမ်ားႀကီး ပါဝင္ခြင္႔ရၿပီးေတာ႔ စည္းစည္းလုံးလုံးနဲ႔ ျမင္ရမယ္လို႔ ထင္ပါတယ္"ဟု က်ိဳင္းတံုၿမိဳ႕မွ မခ်စ္စုက ေျပာသည္။

အဆိုပါ လူထုခ်ီတက္အေလးျပဳပြဲ ျဖစ္ေျမာက္ႏိုင္ရန္အတြက္ ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ခြင့္ျပဳခ်က္ရရိွထားၿပီး ဌာနဆိုင္ရာမ်ားမွလည္း ပြဲျဖစ္ေျမာက္ႏုိုင္ရန္ ကူညီေပးၾကေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို ့အေနနဲ ့ အာဇာနည္ေန႔ကို ဒါမ်ိဳးျဖစ္လာဖို ့ ေမွ်ာ္လင့္ေနတာ ၾကာပါၿပီ။ ဒါေၾကာင့္လည္း အဲဒီေန ့မွာ ကၽြန္ေတာ္တို ့ ေက်ာင္းအေနနဲ ့ တစ္ေက်ာင္းလုံး မဟုတ္ေတာင္ တစ္ဝက္ေလာက္ ပါ၀င္ ပူးေပါင္းဖို ့ရိွပါတယ္။ ၿပီးရင္ အာဇာနည္ေတြကို ေအာက္ေမ့ဂုဏ္ျပဳေသာအားျဖင့္ သူတို႔ရဲ႕ ဓာတ္ပုံေတြေရွ႕မွာ ပန္းျခင္းေတြခ်ဖို ့ကိုလည္း စီစဥ္ထားပါတယ္"ဟု ကြန္ပ်ဴတာတကၠသိုလ္ က်ိဳင္းတုံမွ ေက်ာင္းသားတစ္ဦးျဖစ္သည့္ ကိုေကာင္းျမတ္စံက ေျပာသည္။

အာဇာနည္ေန ့တြင္ ၀မ္းနည္းျခင္း အထိမ္းအမွတ္အေနျဖင့္ ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံေတာ္အလံကို ႏိုင္ငံတစ္ဝန္းလုံးတြင္ တိုင္ဝက္လႊင့္ထူေရး၊ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ား က်ဆုံးသည့္ နံနက္ (၁၀)နာရီ (၃၇)မိနစ္တြင္ ျမန္မာ့အသံႏွင့္ ရုပ္ျမင္သံၾကားမွ ဥၾသဆြဲ အခ်က္ေပးရန္ႏွင့္ ယင္းအခ်ိန္တြင္ သြားလာေနေသာ ေမာ္ေတာ္ယာဥ္မ်ား ေခတၱရပ္ၿပီး ဟြန္းတီးေပးရန္တို ့အတြက္ ႏုိင္ငံေတာ္ သမၼတရုံးက အစိုးရဌာနအားလုံးကို ယခုႏွစ္တြင္ ညႊန္ၾကားထားသည္။

သတင္း - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် နှစ်(၇၀)ပြည့် အာဇာနည်နေ့အခမ်းအနားအား ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ လွတ်လပ်ရေးကျောက်တိုင်၌ လူထုစုပေါင်းချီတက်အလေးပြုသွားရန် ကျိုင်းတုံမြို့မှ လူငယ်များ ဦးဆောင်စီစဉ်နေလျက်ရှိရာ ဌာနဆိုင်ရာများမှလည်း ပူးပေါင်းကူညီနေကြောင်း သိရသည်။

"အာဇာနည်နေ့မှာ ကျိုင်းတုံမြို့က လူထုတွေ စုပေါင်းပြီး ချီတက်အလေးပြုတဲ့ အစဉ်အလာက ပျောက်နေတာ ကြာပြီပေါ့နော်။ ဒီအခမ်းအနားကြီးက ဒီမြို့မှာ တော်တော်လေးကို မှေးမှိန်နေတယ်လေ။ ဒါကြောင့် ဒီအစဉ် အလာလေး ပြန်ပြီးတော့ ဖြစ်သွားအောင်လို့ အခုလို ဦးဆောင်ပြီး လုပ်ရတာ ဖြစ်ပါတယ်"ဟု နှစ်(၇၀)ပြည့်အာဇာနည်နေ့ ချီတက်အလေးပြုပွဲ ဖြစ်မြောက်ရေးအဖွဲ့မှ ကိုကျော်စွာထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အာဇာနည်နေ့ ချီတက်အလေးပြုပွဲကို ပူးပေါင်း ပါဝင်လိုသူများ အနဖြေင့် ဇူလိုင်လ (၁၉)ရက်နေ့ နံနက်(၉)နာရီတွင် မြို့မဈေးရှေ့တွင် လူစုမည်ဖြစ်ပြီး နံနက်(၉)နာရီခွဲတွင် ထိုမှတစ်ဆင့် ကျောက်တိုင်သို့ ဈေးမြောက်ဘက်မှ တစ်ဆင့် ချီတက်ကာ အလေးပြုသွားမည်ဖြစ်သဖြင့် စိတ်ဝင်စားသူတိုင်း ပူးပေါင်းပါဝင်ကြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

"အခုလို ဒီပွဲလေး ဖြစ်လာမယ်ဆိုတော့ ဝမ်းသာပါတယ်။ လူငယ်တွေ အများကြီး ပါဝင်ခွင့်ရပြီးတော့ စည်းစည်းလုံးလုံးနဲ့ မြင်ရမယ်လို့ ထင်ပါတယ်"ဟု ကျိုင်းတုံမြို့မှ မချစ်စုက ပြောသည်။

အဆိုပါ လူထုချီတက်အလေးပြုပွဲ ဖြစ်မြောက်နိုင်ရန်အတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခွင့်ပြုချက်ရရှိထားပြီး ဌာနဆိုင်ရာများမှလည်း ပွဲဖြစ်မြောက်နိုင်ရန် ကူညီပေးကြကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ အာဇာနည်နေ့ကို ဒါမျိုးဖြစ်လာဖို့ မျှော်လင့်နေတာ ကြာပါပြီ။ ဒါကြောင့်လည်း အဲဒီနေ့မှာ ကျွန်တော်တို့ ကျောင်းအနေနဲ့ တစ်ကျောင်းလုံး မဟုတ်တောင် တစ်ဝက်လောက် ပါဝင် ပူးပေါင်းဖို့ရှိပါတယ်။ ပြီးရင် အာဇာနည်တွေကို အောက်မေ့ဂုဏ်ပြုသောအားဖြင့် သူတို့ရဲ့ ဓာတ်ပုံတွေရှေ့မှာ ပန်းခြင်းတွေချဖို့ကိုလည်း စီစဉ်ထားပါတယ်"ဟု ကွန်ပျူတာတက္ကသိုလ် ကျိုင်းတုံမှ ကျောင်းသားတစ်ဦးဖြစ်သည့် ကိုကောင်းမြတ်စံက ပြောသည်။

အာဇာနည်နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနဖြေင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံးတွင် တိုင်ဝက်လွှင့်ထူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် (၁၀)နာရီ (၃၇)မိနစ်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဥသြဆွဲ အချက်ပေးရန်နှင့် ယင်းအချိန်တွင် သွားလာနေသော မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးပေးရန်တို့အတွက် နိုင်ငံတော် သမ္မတရုံးက အစိုးရဌာနအားလုံးကို ယခုနှစ်တွင် ညွှန်ကြားထားသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~