ထိုင္းႏိုင္ငံမွ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား ဇူလိုင္(၇)ရက္ေန႔တြင္ တာခ်ီလိတ္သို႔ (၁၂)ဦး ေရာက္ရွိ

ထိုင္းႏိုင္ငံမွ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား ဇူလိုင္(၇)ရက္ေန႔တြင္ တာခ်ီလိတ္သို႔ (၁၂)ဦး ေရာက္ရွိ
ဇူလိုင် 7, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံ ၊ ခ်င္းရိုင္းခရိုင္အတြင္း ေရာက္ရွိေနသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားမွ တာခ်ီလိတ္သို႔ ျပန္လာလ်က္ရွိရာ ဇူလိုင္လ(၇)ရက္ေန႔တြင္ စုစုေပါင္း (၁၂)ဦး ေရာက္ရွိလာၿပီး CNCMC ေကာ္မတီ ႏွင့္ ေနရပ္ျပန္ေရႊ႕ေျပာင္းလုပ္သားမ်ား ျပန္လည္ႀကိဳဆိုလက္ခံေရးေကာ္မတီတို႔မွ ျမန္မာ - ထိုင္းအမွတ္(၂) ခ်စ္ၾကည္ေရးတံတားတြင္ ႀကိဳဆိုခဲ့ၾကေၾကာင္း သိရသည္။

ဇူလိုင္လ(၇)ရက္ေန႔ ေန႔လယ္(၁)နာရီေက်ာ္အခ်ိန္က အမ်ဳိးသား(၃)ဦး ႏွင့္ အမ်ဳိးသမီး (၄)ဦး ပထမအသုတ္အျဖစ္ ေရာက္ရွိလာၿပီး ဒုတိယအသုတ္အျဖစ္ ညေနပိုင္းတြင္ အမ်ဳိးသား(၂)ဦးႏွင့္ အမ်ဳိးသမီး (၃)ဦး စုစုေပါင္း (၁၂)ဦး ေရာက္ရွိလာၾကျခင္း ျဖစ္သည္။

ထိုင္းႏိုင္ငံအတြင္းမွ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္သို႔ ၀င္ေရာက္မည္ဆိုပါက မယ္ဆိုင္ၿမိဳ႕နယ္ရွိ လ၀က ရံုးတြင္ အသိေပးအေၾကာင္းၾကားၿပီးမွ တာခ်ီလိတ္သို႔ ၀င္ေရာက္ရမည္ျဖစ္ၿပီး မယ္ဆိုင္ လ၀က ရံုးတြင္ CNCMC ေကာ္မတီ မွ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လာေရာက္ေခၚေဆာင္ေပးကာ ျမန္မာ - ထိုင္းအမွတ္(၂) ခ်စ္ၾကည္ေရးတံတားသု႔ိ ပို႔ေဆာင္၍ ေနရပ္ျပန္ေရႊ႕ေျပာင္းလုပ္သားမ်ား ျပန္လည္ႀကိဳဆိုလက္ခံေရးေကာ္မတီမွ တာခ်ီလိတ္သို႔ ျပန္လည္၀င္ေရာက္လာသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားထဲတြင္ ျမန္မာႏိုင္ငံသား မဟုတ္ဘဲ အျခားႏိုင္ငံသားမ်ား ေရာေႏွာပါ၀င္လာျခင္း ရွိ/မရွိကို စိစစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံမွ ေနရပ္ျပန္လာလိုၿပီး ထိုင္းႏိုင္ငံအတြင္းမွ နယ္စပ္ဂိတ္မ်ားသို႔ သြားလာရန္ အခက္အခဲ ျဖစ္ေနသူမ်ား ႏွင့္ ထိုင္းရဲစစ္ေဆးေရးဂိတ္မ်ားမွ ေငြၫွစ္ေတာင္းခံမႈမ်ားအျပင္ နယ္စပ္၀င္ေပါက္တြင္ ကားသမားမ်ားမွ ျဖစ္ေစ၊ ပြဲစားမ်ားမွျဖစ္ေစ ေငြေၾကးေတာင္းခံပါက CNCMC ေကာ္မတီ၏ 0850388887 ၊ 0897558729 သို႔ ဖုန္းျဖင့္ဆက္သြယ္၍ အကူအညီေတာင္းခံႏိုင္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်အတွင်း ရောက်ရှိနေသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများမှ တာချီလိတ်သို့ ပြန်လာလျက်ရှိရာ ဇူလိုင်လ(၇)ရက်နေ့တွင် စုစုပေါင်း (၁၂)ဦး ရောက်ရှိလာပြီး CNCMC ကော်မတီ နှင့် နေရပ်ပြန်ရွှေ့ပြောင်းလုပ်သားများ ပြန်လည်ကြိုဆိုလက်ခံရေးကော်မတီတို့မှ မြန်မာ - ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားတွင် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ဇူလိုင်လ(၇)ရက်နေ့ နေ့လယ်(၁)နာရီကျော်အချိန်က အမျိုးသား(၃)ဦး နှင့် အမျိုးသမီး (၄)ဦး ပထမအသုတ်အဖြစ် ရောက်ရှိလာပြီး ဒုတိယအသုတ်အဖြစ် ညနေပိုင်းတွင် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး (၃)ဦး စုစုပေါင်း (၁၂)ဦး ရောက်ရှိလာကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းမှ ရွှေ့ပြောင်းမြန်မာလုပ်သားများ မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်သို့ ဝင်ရောက်မည်ဆိုပါက မယ်ဆိုင်မြို့နယ်ရှိ လဝက ရုံးတွင် အသိပေးအကြောင်းကြားပြီးမှ တာချီလိတ်သို့ ဝင်ရောက်ရမည်ဖြစ်ပြီး မယ်ဆိုင် လဝက ရုံးတွင် CNCMC ကော်မတီ မှ မော်တော်ယာဉ်များဖြင့် လာရောက်ခေါ်ဆောင်ပေးကာ မြန်မာ - ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားသို့ ပို့ဆောင်၍ နေရပ်ပြန်ရွှေ့ပြောင်းလုပ်သားများ ပြန်လည်ကြိုဆိုလက်ခံရေးကော်မတီမှ တာချီလိတ်သို့ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများထဲတွင် မြန်မာနိုင်ငံသား မဟုတ်ဘဲ အခြားနိုင်ငံသားများ ရောနှောပါဝင်လာခြင်း ရှိ/မရှိကို စိစစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာလိုပြီး ထိုင်းနိုင်ငံအတွင်းမှ နယ်စပ်ဂိတ်များသို့ သွားလာရန် အခက်အခဲ ဖြစ်နေသူများ နှင့် ထိုင်းရဲစစ်ဆေးရေးဂိတ်များမှ ငွေညှစ်တောင်းခံမှုများအပြင် နယ်စပ်ဝင်ပေါက်တွင် ကားသမားများမှ ဖြစ်စေ၊ ပွဲစားများမှဖြစ်စေ ငွေကြေးတောင်းခံပါက CNCMC ကော်မတီ၏ 0850388887၊ 0897558729 သို့ ဖုန်းဖြင့်ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~