ေရပူစစ္ေဆးေရးဂိတ္အနီး ေပါက္ကြဲမႈျဖစ္ပြား၍ စစ္ေဆးမႈမ်ားလုပ္ေဆာင္ေန

ေရပူစစ္ေဆးေရးဂိတ္အနီး ေပါက္ကြဲမႈျဖစ္ပြား၍ စစ္ေဆးမႈမ်ားလုပ္ေဆာင္ေန
ဇွန် 3, 2017
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း သိႏၷီၿမိဳ႕နယ္အတြင္းရွိ ေရပူစစ္ေဆးေရးဂိတ္ႏွင့္ ေပ(၂၀)ခန္႔အကြာတြင္ ဇြန္လ (၃) ရက္ေန႔  ည(၉)နာရီ(၁၄)မိနစ္အခ်ိန္က ဗံုးေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး လူႏွင့္အေဆာက္အဦး ထိခိုက္ပ်က္စီးမႈ မရိွေၾကာင္း သိရသည္။

“လားရိႈးဘက္ကလာရင္ ကြ်န္ေတာ္တို႔ စစ္ေဆးေရးဂိတ္ကို မေရာက္ခင္ ေပ(၂၀)ေလာက္ပဲ ေဝးတဲ့ေနရာမွာ ေပါက္ကြဲတာ။ လက္လုပ္ဗံုးလို႔ ယူဆရတယ္။ ေပါက္ကြဲမႈျဖစ္တဲ့ေနရာမွာ တစ္ေပေလာက္နက္တဲ့ ေျမက်င္းတစ္ခုျဖစ္သြားတယ္။ လူနဲ႔ အေဆာက္အဦးကေတာ့ ထိခိုက္မႈ တစ္စံုတစ္ရာမရွိခဲ့ပါဘူး” ဟု ေရပူစစ္ေဆးေရးဂိတ္မွ စစ္ေဆးေရးအဖြဲ႔ေခါင္းေဆာင္ ဦးတက္ထြန္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေပါက္ကြဲမႈျဖစ္ပြားရာႏွင့္ အနီးတစ္ဝိုက္တြင္ ေပါက္ကြဲေစႏိုင္သည့္ အျခားအရာမ်ားရွိမရွိ သက္ဆိုင္ရာမွ စစ္ေဆးရွာေဖြေနဆဲျဖစ္ေၾကာင္း သိရသည္။

“ေလာေလာဆယ္ေတာ့ ကြ်န္ေတာ္တို႔ရဲတပ္ဖြဲ႔နဲ႔ သိႏၷီၿမိဳ႕နယ္ထဲက နယ္ေျမခံစစ္တပ္တို႔ ပူးေပါင္းၿပီး အဲဒီေနရာကို စစ္ေဆးရွာေဖြေနဆဲပဲ ရွိပါေသးတယ္ခင္ဗ်။ ေပါက္ကြဲမႈနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကိုေတာ့ မသိရေသးဘူးခင္ဗ်။ အျခားေပါက္ကြဲေစတတ္တဲ့အရာေတြ အနီးပတ္ဝန္းက်င္မွာ ရွိမရွိဆိုတာကိုပဲ လိုက္လံ ရွာေဖြေနတုန္းပဲ ရွိပါေသးတယ္”ဟု သိႏၷီၿမိဳ႕နယ္ရဲစခန္းမွ တာဝန္က်ရဲအရာရွိတစ္ဦးက ေျပာသည္။

သိႏၷီၿမိဳ႕နယ္အတြင္းရွိ ေရပူစစ္ေဆးေရးဂိတ္နယ္နိမိတ္အတြင္း ၂၀၁၇ ခုႏွစ္ ေမလ(၉)ရက္ေန႔၊ ည (၁၂)နာရီ ခန္႔အခ်ိန္တြင္လည္း ယခုကဲ့သို႔ ဗံုးေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ဖူးၿပီး လူႏွင့္အေဆာက္အဦးထိခိုက္ပ်က္ဆီးမႈ တစ္စံုတစ္ရာမရွိခဲ့ဖူးေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္း

~~~~~~~~⊰❂ unicode ~~~~~~~~

ရေပူစစ်ဆေးရေးဂိတ်အနီး ပေါက်ကွဲမှုဖြစ်ပွား၍ စစ်ဆေးမှုများလုပ်ဆောင်နေ
*************

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်းရှိ ရေပူစစ်ဆေးရေးဂိတ်နှင့် ပေ(၂၀)ခန့်အကွာတွင် ဇွန်လ (၃) ရက်နေ့  ည(၉)နာရီ(၁၄)မိနစ်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူနှင့်အဆောက်အဦး ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

“လားရှိုးဘက်ကလာရင် ကျွန်တော်တို့ စစ်ဆေးရေးဂိတ်ကို မရောက်ခင် ပေ(၂၀)လောက်ပဲ ဝေးတဲ့နေရာမှာ ပေါက်ကွဲတာ။ လက်လုပ်ဗုံးလို့ ယူဆရတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ တစ်ပေလောက်နက်တဲ့ မြေကျင်းတစ်ခုဖြစ်သွားတယ်။ လူနဲ့ အဆောက်အဦးကတော့ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ပါဘူး” ဟု ရေပူစစ်ဆေးရေးဂိတ်မှ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးတက်ထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားရာနှင့် အနီးတစ်ဝိုက်တွင် ပေါက်ကွဲစေနိုင်သည့် အခြားအရာများရှိမရှိ သက်ဆိုင်ရာမှ စစ်ဆေးရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

“လောလောဆယ်တော့ ကျွန်တော်တို့ရဲတပ်ဖွဲ့နဲ့ သိန္နီမြို့နယ်ထဲက နယ်မြေခံစစ်တပ်တို့ ပူးပေါင်းပြီး အဲဒီနေရာကို စစ်ဆေးရှာဖွေနေဆဲပဲ ရှိပါသေးတယ်ခင်ဗျ။ ပေါက်ကွဲမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးဘူးခင်ဗျ။ အခြားပေါက်ကွဲစေတတ်တဲ့အရာတွေ အနီးပတ်ဝန်းကျင်မှာ ရှိမရှိဆိုတာကိုပဲ လိုက်လံ ရှာဖွေနေတုန်းပဲ ရှိပါသေးတယ်”ဟု သိန္နီမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

သိန္နီမြို့နယ်အတွင်းရှိ ရေပူစစ်ဆေးရေးဂိတ်နယ်နိမိတ်အတွင်း ၂၀၁၇ ခုနှစ် မေလ(၉)ရက်နေ့၊ ည (၁၂)နာရီ ခန့်အချိန်တွင်လည်း ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ဖူးပြီး လူနှင့်အဆောက်အဦးထိခိုက်ပျက်ဆီးမှု တစ်စုံတစ်ရာမရှိခဲ့ဖူးကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~