ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းအနီးတြင္ မေပါက္ကြဲေသးသည့္ ခ်ိန္ကိုက္ဗံုးထပ္မံေတြ႔ရိွ

ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းအနီးတြင္ မေပါက္ကြဲေသးသည့္ ခ်ိန္ကိုက္ဗံုးထပ္မံေတြ႔ရိွ
ဇွန် 4, 2017
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း သိႏၷီၿမိဳ႕နယ္အတြင္းရွိ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းအနီးတြင္ ဇြန္လ(၃) ရက္ေန႔ ညပိုင္းက ဗံုးေပါက္ကြဲမႈတစ္ခုျဖစ္ပြားသျဖင့္ အနီးဝန္းက်င္အား စစ္ေဆးရွာေဖြရာ မေပါက္ကဲြေသးသည့္ ခ်ိန္ကိုက္ဗံုးတစ္လံုးအား ထပ္မံေတြ႔ရွိရသျဖင့္ ဇြန္လ (၄)ရက္ေန႔     နံနက္တြင္ ရွင္းလင္းခဲ့ရေၾကာင္း သိရသည္။

“ည(၉)နာရီ(၁၄)မိနစ္မွာ ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ၿပီးေတာ့ သက္ဆိုင္ရာရဲဌာနနဲ႔ ဗံုးရွင္းလင္းေပးမယ့္ စစ္တပ္တာဝန္ရွိသူေတြက ေပါက္ကြဲမႈျဖစ္ပြားတဲ့ အနီးပတ္ဝန္းက်င္ကို ရွာေဖြမႈေတြ ျပဳလုပ္ပါတယ္။ ည(၁၁)နာရီခြဲမွာ မသကၤာဖြယ္ပစၥည္းေတြ႔တယ္ဆိုၿပီး သတင္းပို႔လာတယ္။ ဒါန႔ဲသြားၿပီးစစ္ေဆးေတာ့ ခ်ိန္ကိုက္ဗံုးတစ္လံုး ထပ္ေတြ႔တယ္။ အဲဒါကိုလည္း ဒီမနက္မွာ သက္ဆိုင္ရာအဖြဲ႔ေတြက အသက္မဲ့သြားေအာင္ ရွင္းလင္းၿပီးပါၿပီ”ဟု ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္း အဖြဲ႔ေခါင္းေဆာင္ ဦးတက္ထြန္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားရႈိးၿမိဳ႕ဘက္မွ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းသို႔ ဝင္ေရာက္သည့္လမ္း၏ ညာဘက္နံေဘး ေပ(၂၀)ခန္႔အကြာရွိ စစ္ေဆးေရးစခန္းအဖြဲ႔သားမ်ား လုပ္ငန္းလုပ္ေဆာင္စဥ္အသံုးျပဳသည့္ တဲငယ္တစ္ခုေရွ႕တြင္ ဇြန္လ(၄) ရက္ နံနက္ (၈)နာရီ (၅၀)မိနစ္၌ မသကၤာဖြယ္ရာ အျပာေရာင္ပလတ္စတစ္ပံုးတစ္ပုံးအား ထပ္မံေတြ႔ရွိရခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မနက္ (၉)နာရီ(၅)မိနစ္အခ်ိန္မွာ BE တပ္က အဲဒီဗံုးကို ရွင္းလင္းေပးႏိုင္လိုက္ပါတယ္။ အသက္မဲ့ေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ အဲဒီဗံုးက ေရပူစစ္ေဆးေရးဂိတ္ဝန္ထမ္းေတြအတြက္ ပိုၿပီးနီးတဲ့ေနရာမွာရွိေနတာ ျဖစ္ပါတယ္”ဟု သိႏၷီၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ တာဝန္က်ရဲအရာရွိတစ္ဦးက ေျပာသည္။

မႏၱေလး - မူဆယ္ကုန္သြယ္မႈလမ္းမႀကီးတြင္ တရားမဝင္ကုန္စည္မ်ားအား စစ္ေဆးဖမ္းဆီးေနသည့္ ေရပူစစ္အၿမဲတမ္းစစ္ေဆးေရးစခန္းမွ တာဝန္ရိွသည့္အဖြဲ႕အား ၿခိမ္းေျခာက္မႈအခ်ိဳ႕ႏွင့္လည္း ႀကံဳခဲ့ရၿပီး စစ္ေဆးေရးစခန္းအနီး ဗံုးေထာင္မႈမ်ားကိုလည္း ႀကံဳေတြ႔ေနရေၾကာင္း စစ္ေဆးေရးအဖြဲ႕ေခါင္းေဆာင္ ဦးတက္ထြန္းေအာင္ထံမွ သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္း

~~~~~~~~⊰❂ unicode ~~~~~~~~

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းအနီးတွင် မပေါက်ကွဲသေးသည့် ချိန်ကိုက်ဗုံးထပ်မံတွေ့ရှိ
*************

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်းရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းအနီးတွင် ဇွန်လ(၃) ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားသဖြင့် အနီးဝန်းကျင်အား စစ်ဆေးရှာဖွေရာ မပေါက်ကွဲသေးသည့် ချိန်ကိုက်ဗုံးတစ်လုံးအား ထပ်မံတွေ့ရှိရသဖြင့် ဇွန်လ (၄)ရက်နေ့နံနက်တွင် ရှင်းလင်းခဲ့ရကြောင်း သိရသည်။

“ည(၉)နာရီ(၁၄)မိနစ်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့ သက်ဆိုင်ရာရဲဌာနနဲ့ ဗုံးရှင်းလင်းပေးမယ့် စစ်တပ်တာဝန်ရှိသူတွေက ပေါက်ကွဲမှုဖြစ်ပွားတဲ့ အနီးပတ်ဝန်းကျင်ကို ရှာဖွေမှုတွေ ပြုလုပ်ပါတယ်။ ည(၁၁)နာရီခွဲမှာ မသင်္ကာဖွယ်ပစ္စည်းတွေ့တယ်ဆိုပြီး သတင်းပို့လာတယ်။ ဒါနဲ့သွားပြီးစစ်ဆေးတော့ ချိန်ကိုက်ဗုံးတစ်လုံး ထပ်တွေ့တယ်။ အဲဒါကိုလည်း ဒီမနက်မှာ သက်ဆိုင်ရာအဖွဲ့တွေက အသက်မဲ့သွားအောင် ရှင်းလင်းပြီးပါပြီ”ဟု ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း အဖွဲ့ခေါင်းဆောင် ဦးတက်ထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့ဘက်မှ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းသို့ ဝင်ရောက်သည့်လမ်း၏ ညာဘက်နံဘေး ပေ(၂၀)ခန့်အကွာရှိ စစ်ဆေးရေးစခန်းအဖွဲ့သားများ လုပ်ငန်းလုပ်ဆောင်စဉ်အသုံးပြုသည့် တဲငယ်တစ်ခုရှေ့တွင် ဇွန်လ(၄) ရက် နံနက် (၈)နာရီ (၅၀)မိနစ်၌ မသင်္ကာဖွယ်ရာ အပြာရောင်ပလတ်စတစ်ပုံးတစ်ပုံးအား ထပ်မံတွေ့ရှိရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနက် (၉)နာရီ(၅)မိနစ်အချိန်မှာ BE တပ်က အဲဒီဗုံးကို ရှင်းလင်းပေးနိုင်လိုက်ပါတယ်။ အသက်မဲ့အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီဗုံးက ရေပူစစ်ဆေးရေးဂိတ်ဝန်ထမ်းတွေအတွက် ပိုပြီးနီးတဲ့နေရာမှာရှိနေတာ ဖြစ်ပါတယ်”ဟု သိန္နီမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

မန္တလေး - မူဆယ်ကုန်သွယ်မှုလမ်းမကြီးတွင် တရားမဝင်ကုန်စည်များအား စစ်ဆေးဖမ်းဆီးနေသည့် ရေပူစစ်အမြဲတမ်းစစ်ဆေးရေးစခန်းမှ တာဝန်ရှိသည့်အဖွဲ့အား ခြိမ်းခြောက်မှုအချို့နှင့်လည်း ကြုံခဲ့ရပြီး စစ်ဆေးရေးစခန်းအနီး ဗုံးထောင်မှုများကိုလည်း ကြံုတွေ့နေရကြောင်း စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးတက်ထွန်းအောင်ထံမှ သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~