TNLA နယ္ေျမသို႔ သြားေရာက္ သတင္းယူခဲ့သည့္ သတင္းေထာက္သံုးဦးအား မတရားအသင္းဆက္သြယ္မႈျဖင့္ အမႈဖြင့္ၿပီး သီေပါေထာင္သို႔ လႊဲေျပာင္း

TNLA နယ္ေျမသို႔ သြားေရာက္ သတင္းယူခဲ့သည့္ သတင္းေထာက္သံုးဦးအား မတရားအသင္းဆက္သြယ္မႈျဖင့္ အမႈဖြင့္ၿပီး သီေပါေထာင္သို႔ လႊဲေျပာင္း
ဇွန် 28, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ဆန္ၿမိဳ႕နယ္တြင္ တပ္မေတာ္က ဖမ္းဆီးထားသည့္ သတင္းေထာက္(၃)ဦးအား ဇြန္လ(၂၈)ရက္ ေန႔လယ္ပိုင္းက သီေပါၿမိဳ႕မရဲစခန္းသို႔ လႊဲေျပာင္း၍ မတရားအသင္း ဆက္သြယ္မႈဥပေဒပုဒ္မ ျဖင့္ အမႈဖြင့္လိုက္ၿပီး သီေပါအက်ဥ္းေထာင္သို႔ ပို႔ထားေၾကာင္း သိရသည္။

“ဒီေန႔ ေန႔လယ္ (၁၂)နာရီ(၃၀)မိနစ္မွာ သီေပါၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္လက္ခံလိုက္ပါတယ္။ ၿပီးတာနဲ႔ သီေပါ အက်ဥ္းေထာင္ကို ပို႔လိုက္တာျဖစ္ပါတယ္”ဟု သီေပါၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ ဒု-ရဲမွဴးသိန္းေဇာ္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

သတင္းေထာက္သံုးဦးအား သီေပါအက်ဥ္းေထာင္သို႔ ေန႔လယ္ (၂)နာရီ(၅၀)မိနစ္အခ်ိန္တြင္ ပို႔လုိက္ျခင္းျဖစ္ၿပီး အမႈရင္ဆိုင္ေနစဥ္ အဆိုပါအက်ဥ္းေထာင္တြင္သာ ခ်ဳပ္ေႏွာင္ထားဦးမည္ျဖစ္ေၾကာင္း သိရသည္။

တပ္မေတာ္က ဇြန္လ (၂၆)ရက္ေန႔ညေနတြင္ ဖမ္းဆီးလုိက္သည့္ သတင္းသမား (၃)ဦးအား လားရႈိးၿမိဳ႕သို႔ ပို႔ေဆာင္ထားေၾကာင္း တပ္မေတာ္၏ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားခဲ့ၿပီး ဇြန္လ(၂၈)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ သီေပါၿမိဳ႕မရဲစခန္းသို႔ ေရာက္ရွိလာျခင္းျဖစ္ေၾကာင္း သိရသည္။

TNLA နယ္ေျမ၌ မူးယစ္ေဆးဖ်က္ဆီးသည့္ အခမ္းအနား သတင္း သြားယူသည့္ DVB သတင္းေအဂ်င္စီမွ အႀကီးတန္း သတင္းေထာက္ ဦးေအးႏုိင္ႏွင့္ ဦးျပည့္ဘုန္းႏုိင္၊ ဧရာ၀တီ သတင္းေအဂ်င္စီမွ သတင္းေထာက္ ဦးသိန္းေဇာ္တုိ႔ႏွင့္အတူ အျခားအမ်ိဳးသား (၇) ဦး လုိက္ပါလာသည့္ ကားႏွစ္စီးသည္ ဇြန္လ ၂၆ ရက္ မြန္းလဲြ ၃ နာရီခြဲတြင္ နမ့္ဆန္ၿမိဳ႕နယ္၊ ဘုရားႀကီးေက်းရြာအနီး၌ နမ့္ဆန္ဘက္မွ သီေပါဘက္သုိ႔ ေမာင္းႏွင္လာစဥ္ တပ္မေတာ္က ဖမ္းဆီးထိန္းသိမ္းလုိက္ျခင္းျဖစ္သည္။

အဆိုပါ သတင္းသမား (၃)ဦးအား ျပန္လႊတ္ေပးေရးအတြက္ ႏုိင္ငံေတာ္သမၼတ၊ ႏုိင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္တို႔ထံ ေတာင္းဆိုထားေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နယ်တွင် တပ်မတော်က ဖမ်းဆီးထားသည့် သတင်းထောက်(၃)ဦးအား ဇွန်လ(၂၈)ရက် နေ့လယ်ပိုင်းက သီပေါမြို့မရဲစခန်းသို့ လွှဲပြောင်း၍ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ဖြင့် အမှုဖွင့်လိုက်ပြီး သီပေါအကျဉ်းထောင်သို့ ပို့ထားကြောင်း သိရသည်။

“ဒီနေ့ နေ့လယ် (၁၂)နာရီ(၃၀)မိနစ်မှာ သီပေါမြို့မရဲစခန်းမှာ အမှုဖွင့်လက်ခံလိုက်ပါတယ်။ ပြီးတာနဲ့ သီပေါ အကျဉ်းထောင်ကို ပို့လိုက်တာဖြစ်ပါတယ်”ဟု သီပေါမြို့နယ်ရဲတပ်ဖွဲ့မှ ဒု-ရဲမှူးသိန်းဇော်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

သတင်းထောက်သုံးဦးအား သီပေါအကျဉ်းထောင်သို့ နေ့လယ် (၂)နာရီ(၅၀)မိနစ်အချိန်တွင် ပို့လိုက်ခြင်းဖြစ်ပြီး အမှုရင်ဆိုင်နေစဉ် အဆိုပါအကျဉ်းထောင်တွင်သာ ချုပ်နှောင်ထားဦးမည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်က ဇွန်လ (၂၆)ရက်နေ့ညနေတွင် ဖမ်းဆီးလိုက်သည့် သတင်းသမား (၃)ဦးအား လားရှိုးမြို့သို့ ပို့ဆောင်ထားကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့ပြီး ဇွန်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းတွင် သီပေါမြို့မရဲစခန်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

TNLA နယ်မြေ၌ မူးယစ်ဆေးဖျက်ဆီးသည့် အခမ်းအနား သတင်း သွားယူသည့် DVB သတင်းအေဂျင်စီမှ အကြီးတန်း သတင်းထောက် ဦးအေးနိုင်နှင့် ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီ သတင်းအေဂျင်စီမှ သတင်းထောက် ဦးသိန်းဇော်တို့နှင့်အတူ အခြားအမျိုးသား (၇) ဦး လိုက်ပါလာသည့် ကားနှစ်စီးသည် ဇွန်လ ၂၆ ရက် မွန်းလွဲ ၃ နာရီခွဲတွင် နမ့်ဆန်မြို့နယ်၊ ဘုရားကြီးကျေးရွာအနီး၌ နမ့်ဆန်ဘက်မှ သီပေါဘက်သို့ မောင်းနှင်လာစဉ် တပ်မတော်က ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။

အဆိုပါ သတင်းသမား (၃)ဦးအား ပြန်လွှတ်ပေးရေးအတွက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ထံ တောင်းဆိုထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~