ေက်ာက္မဲၿမိဳ႕ရွိ စက္သံုးဆီဆိုင္ႏွင့္ ခရီးသည္တင္ယာဥ္လိုင္းမ်ားအား TNLA အမည္ျဖင့္ ေငြေတာင္းခံစာမ်ား ေပးပို႔ထား

ေက်ာက္မဲၿမိဳ႕ရွိ စက္သံုးဆီဆိုင္ႏွင့္ ခရီးသည္တင္ယာဥ္လိုင္းမ်ားအား TNLA အမည္ျဖင့္ ေငြေတာင္းခံစာမ်ား ေပးပို႔ထား
ဇွန် 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေက်ာက္မဲၿမိဳ႕ရွိ စက္သံုးဆီဆိုင္(၃)ဆိုင္ႏွင့္ ခရီးသည္တင္အေဝးေျပး ယာဥ္လိုင္း(၃)ခုတို႔အား ဇြန္လ (၃၀)ရက္ေန႔ေနာက္ဆံုးထား၍ ဆက္ေၾကးေပးရန္ TNLA အဖြဲ႕အမည္ျဖင့္ အေၾကာင္းၾကားစာမ်ား ေပးပို႔ထားေၾကာင္း သိရသည္။

“ဆက္ေၾကးေတာင္းစာေတြ ပို႔ထားတာေတာ့ ဟုတ္တယ္။ ကြ်န္ေတာ္တို႔ယာဥ္ေတြ သြားလာႏိုင္ဖို႔အတြက္ ႏွစ္စဥ္ေၾကးအေနနဲ႔ တစ္ႏွစ္တစ္ခါေပးေဆာင္ေပးေနရဲ႕သားနဲ႔ အခုလို စာပို႔ၿပီး ေတာင္းခံလာတာ ျဖစ္ပါတယ္။ ဒီလ(၃၀) ရက္ေန႔ ေနာက္ဆံုးထားၿပီးေပးေဆာင္ရမယ္လို႔ ေျပာတယ္။ တျခား ယာဥ္လိုင္းေတြေတာ့ ဘယ္လိုေျဖရွင္းၾကမလဲ မသိဘူး။ ကြ်န္ေတာ္လည္း မေတြးတတ္ေသးဘူး” ဟု ေက်ာက္မဲမွ ခရီးသည္တင္အေဝးေျပးယာဥ္လိုင္းတစ္ခုမွ တာဝန္ရိွသူတစ္ဦးက ေျပာသည္။

ခရီးသည္တင္ ကားႀကီးတစ္စီးလ်ွင္ တစ္ႏွစ္စာ ႏွစ္စဥ္ေၾကးအျဖစ္ က်ပ္ႏွစ္သိန္းႏႈန္းျဖင့္ ပံုမွန္ ေပးေဆာင္ထားေသာ္လည္း ဇြန္လ (၂၄)ရက္ေန႔က ေငြေတာင္းခံစာ ထပ္မံေရာက္လာျခင္းျဖစ္သည္ဟု ၎ကဆိုသည္။

“အခု ပို႔ထားတဲ့စာေတြက အေရးအသားေတြ တံဆိပ္တံုးေတြ မတူဘူး”ဟု လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေက်ာက္မဲၿမိဳ႕မွ စက္သံုးဆီအေရာင္းဆိုင္ႏွင့္ ခရီးသည္တင္ယာဥ္လိုင္းမ်ားအား က်ပ္သိန္း ႏွစ္ဆယ္မွ က်ပ္သိန္း ငါးဆယ္အထိ ေတာင္းခံထားျခင္းျဖစ္ေၾကာင္းသိရၿပီး ယင္းကဲ့သို႔ ေတာင္းခံျခင္းမ်ားႏွင့္ ပတ္သက္၍ ရဲတပ္ဖြဲ႕သို႔ တိုင္ၾကားျခင္း မရိွေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ဆီကိုေတာ့ အဲဒီလို ဆက္ေၾကးေကာက္ခံတဲ့စာပို႔လာတာနဲ႔ ပတ္သက္ၿပီးေတာ့ လုပ္ငန္းရွင္ေတြဖက္က အေၾကာင္းၾကားလာတာ၊ တိုင္ၾကားလာတာမ်ိဳး မရွိပါဘူး”ဟု ေက်ာက္မဲခရိုင္ ရဲတပ္ဖြဲ႔မွဴးရံုးမွ ရဲအရာရွိ တစ္ဦးက ေျပာသည္။

အဆိုပါ ေငြေၾကးေတာင္းခံစာတြင္ အခြန္ေပးေဆာင္ရန္ အသိေပးျခင္းေခါင္းစဥ္ျဖင့္ တေအာင္းေဒသ တပ္မဟာ(၂)နယ္ေျမအတြင္း လာေရာက္၍ စီးပြားေရးလုပ္ငန္းမ်ားလုပ္ကိုင္ေနသည့္ လုပ္ငန္းရွင္မ်ားအား ႏွစ္စဥ္ေၾကးအျဖစ္ ေတာင္းခံျခင္းျဖစ္ၿပီး ဇြန္လ (၃၀) ရက္ေန႔ ေနာက္ဆံုးထား၍ ေပးသြင္းရမည္ျဖစ္ကာ ေတာင္းခံသည့္အဖြဲ႔မွ ဖုန္းျဖင့္ဆက္သြယ္လာမည္ဟု ေဖာ္ျပထားေၾကာင္း သိရသည္။

ေက်ာက္မဲရွိ စီးပြားေရးလုပ္ငန္းလုပ္ကိုင္သူမ်ားအေနျဖင့္ TNLA အဖြဲ႕အမည္ျဖင့္ ေငြေတာင္းခံစာမ်ား မၾကာခဏလက္ခံရရိွေသာ္လည္း မည္သည့္အဖြဲ႕ျဖစ္သည္ကို အတည္ျပဳႏိုင္ျခင္းမရိွဘဲ ယင္းကဲ့သို႔ ေငြေတာင္းခံစာမ်ားႏွင့္ပတ္သက္၍ ရဲတပ္ဖြဲ႕ထံ တုိင္ၾကားေလ့လည္းမရိွၾကေၾကာင္း သိရသည္။

သတင္း - ဇူးဇူးေနျခည္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့ရှိ စက်သုံးဆီဆိုင်(၃)ဆိုင်နှင့် ခရီးသည်တင်အဝေးပြေး ယာဉ်လိုင်း(၃)ခုတို့အား ဇွန်လ (၃၀)ရက်နေ့နောက်ဆုံးထား၍ ဆက်ကြေးပေးရန် TNLA အဖွဲ့အမည်ဖြင့် အကြောင်းကြားစာများ ပေးပို့ထားကြောင်း သိရသည်။

“ဆက်ကြေးတောင်းစာတွေ ပို့ထားတာတော့ ဟုတ်တယ်။ ကျွန်တော်တို့ယာဉ်တွေ သွားလာနိုင်ဖို့အတွက် နှစ်စဉ်ကြေးအနေနဲ့ တစ်နှစ်တစ်ခါပေးဆောင်ပေးနေရဲ့သားနဲ့ အခုလို စာပို့ပြီး တောင်းခံလာတာ ဖြစ်ပါတယ်။ ဒီလ(၃၀) ရက်နေ့ နောက်ဆုံးထားပြီးပေးဆောင်ရမယ်လို့ ပြောတယ်။ တခြား ယာဉ်လိုင်းတွေတော့ ဘယ်လိုဖြေရှင်းကြမလဲ မသိဘူး။ ကျွန်တော်လည်း မတွေးတတ်သေးဘူး” ဟု ကျောက်မဲမှ ခရီးသည်တင်အဝေးပြေးယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခရီးသည်တင် ကားကြီးတစ်စီးလျှင် တစ်နှစ်စာ နှစ်စဉ်ကြေးအဖြစ် ကျပ်နှစ်သိန်းနှုန်းဖြင့် ပုံမှန် ပေးဆောင်ထားသော်လည်း ဇွန်လ (၂၄)ရက်နေ့က ငွေတောင်းခံစာ ထပ်မံရောက်လာခြင်းဖြစ်သည်ဟု၎င်းကဆိုသည်။

“အခု ပို့ထားတဲ့စာတွေက အရေးအသားတွေ တံဆိပ်တုံးတွေ မတူဘူး”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့မှ စက်သုံးဆီအရောင်းဆိုင်နှင့် ခရီးသည်တင်ယာဉ်လိုင်းများအား ကျပ်သိန်း နှစ်ဆယ်မှ ကျပ်သိန်း ငါးဆယ်အထိ တောင်းခံထားခြင်းဖြစ်ကြောင်းသိရပြီး ယင်းကဲ့သို့ တောင်းခံခြင်းများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့သို့ တိုင်ကြားခြင်း မရှိကြောင်း သိရသည်။

“ကျွန်တော်တို့ဆီကိုတော့ အဲဒီလို ဆက်ကြေးကောက်ခံတဲ့စာပို့လာတာနဲ့ ပတ်သက်ပြီးတော့ လုပ်ငန်းရှင်တွေဖက်က အကြောင်းကြားလာတာ၊ တိုင်ကြားလာတာမျိုး မရှိပါဘူး”ဟု ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

အဆိုပါ ငွေကြေးတောင်းခံစာတွင် အခွန်ပေးဆောင်ရန် အသိပေးခြင်းခေါင်းစဉ်ဖြင့် တအောင်းဒေသ တပ်မဟာ(၂)နယ်မြေအတွင်း လာရောက်၍ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအား နှစ်စဉ်ကြေးအဖြစ် တောင်းခံခြင်းဖြစ်ပြီး ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထား၍ ပေးသွင်းရမည်ဖြစ်ကာ တောင်းခံသည့်အဖွဲ့မှ ဖုန်းဖြင့်ဆက်သွယ်လာမည်ဟု ဖော်ပြထားကြောင်း သိရသည်။

ကျောက်မဲရှိ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအနဖြေင့် TNLA အဖွဲ့အမည်ဖြင့် ငွေတောင်းခံစာများ မကြာခဏလက်ခံရရှိသော်လည်း မည်သည့်အဖွဲ့ဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ ယင်းကဲ့သို့ ငွေတောင်းခံစာများနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ထံ တိုင်ကြားလေ့လည်းမရှိကြကြောင်း သိရသည်။

သတင်း - ဇူးဇူးနခြေည် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~