ထိုင္းႏုိင္ငံလူသတ္မႈမွ တရားခံအမိ်ဳးသမီး (၃)ဦးအား တာခ်ီလိတ္တြင္ ဖမ္းဆီးရမိ

ထိုင္းႏုိင္ငံလူသတ္မႈမွ တရားခံအမိ်ဳးသမီး (၃)ဦးအား တာခ်ီလိတ္တြင္ ဖမ္းဆီးရမိ
ဇွန် 3, 2017
By 🌸
ထိုင္းႏိုင္ငံ ခြန္ကဲန္ၿမိဳ႕ လူသတ္မႈမွ ထြက္ေျပးလြတ္ေျမာက္ေနသည့္ အဓိကတရားခံအမ်ိဳးသမီး (၃)ဦးအား ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ဖမ္းဆီးရမိသျဖင့္ ျမန္မာႏိုင္ငံမွတာဝန္ရိွသူမ်ားက ဇြန္လ (၃)  ရက္ေန႔ ည(၈)နာရီခြဲခန္႔တြင္ ထုိင္းႏုိင္ငံသို႔ လႊဲေျပာင္းေပးလုိက္ေၾကာင္း သိရသည္။

ခြန္ကဲန္ၿမိဳ႕ ကာရာအိုေကဆုိင္မွ အမ်ိဳးသမီးတစ္ဦး ေမလ (၂၃)ရက္ေန႔တြင္ ႏွစ္ပိုင္းခုတ္ျဖတ္သတ္ခံရသည့္ အမႈမွ တရားခံ (၄)ဦးအနက္ အမ်ိဳးသမီး(၂)ဦးသည္ ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမိဳ႕သို႔ ထြက္ေျပးတိမ္းေရွာင္ သြားေၾကာင္း ေမလ(၂၉)ရက္ေန႔  ညေနပိုင္းတြင္ ထိုင္းႏိုင္ငံမွ တာဝန္ရိွသူမ်ားက ျမန္မာႏုိင္ငံဘက္မွ တာဝန္ရိွသူမ်ားထံ ဆက္သြယ္အကူအညီေတာင္းခံလာျခင္း ျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ အဆိုပါလူသတ္မႈမွ တရားခံမ်ားအား တာခ်ီလိတ္ၿမိဳ႕သို႔ ေခၚေဆာင္လာေပးသူဟု သံသျဖစ္ဖြယ္ရိွသျဖင့္ တာခ်ီလိတ္တြင္ အလုပ္လုပ္ကိုင္ေနသည့္ ထိုင္းႏိုင္ငံသားႏွစ္ဦးကို ဇြန္လ (၁)ရက္ေန႔တြင္ ျမန္မာႏုိင္ငံ တာဝန္ရိွသူမ်ားက ထုိင္းႏုိင္ငံသို႔ လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။

သတင္း #ေဇာင္းညီ၊ အင္မိုင္ခ
ဓါတ္ပံု #စည္သူေမာင္

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံလူသတ်မှုမှ တရားခံအမျိုးသမီး (၃)ဦးအား တာချီလိတ်တွင် ဖမ်းဆီးရမိ
*************
ထိုင်းနိုင်ငံ ခွန်ကဲန်မြို့ လူသတ်မှုမှ ထွက်ပြေးလွတ်မြောက်နေသည့် အဓိကတရားခံအမျိုးသမီး (၃)ဦးအား ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဖမ်းဆီးရမိသဖြင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများက ဇွန်လ (၃)ရက်နေ့ ည(၈)နာရီခွဲခန့်တွင် ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

ခွန်ကဲန်မြို့ ကာရာအိုကေဆိုင်မှ အမျိုးသမီးတစ်ဦး မေလ (၂၃)ရက်နေ့တွင် နှစ်ပိုင်းခုတ်ဖြတ်သတ်ခံရသည့် အမှုမှ တရားခံ (၄)ဦးအနက် အမျိုးသမီး(၂)ဦးသည် မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ထွက်ပြေးတိမ်းရှောင် သွားကြောင်း မေလ(၂၉)ရက်နေ့  ညနေပိုင်းတွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများထံ ဆက်သွယ်အကူအညီတောင်းခံလာခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနောက် အဆိုပါလူသတ်မှုမှ တရားခံများအား တာချီလိတ်မြို့သို့ ခေါ်ဆောင်လာပေးသူဟု သံသဖြစ်ဖွယ်ရှိသဖြင့် တာချီလိတ်တွင် အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားနှစ်ဦးကို ဇွန်လ (၁)ရက်နေ့တွင် မြန်မာနိုင်ငံ တာဝန်ရှိသူများက ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

သတင်း #ဇောင်းညီ၊ အင်မိုင်ခ
ဓါတ်ပုံ #စည်သူမောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~