တာခ်ီလိတ္သို႔တိမ္းေရွာင္လာသည့္ ထုိင္းလူသတ္တရားခံေျပးမ်ားအား ျမန္မာဘက္မွ ငါးရက္အတြင္း ဖမ္းဆီးလႊဲေျပာင္း

တာခ်ီလိတ္သို႔တိမ္းေရွာင္လာသည့္ ထုိင္းလူသတ္တရားခံေျပးမ်ားအား ျမန္မာဘက္မွ ငါးရက္အတြင္း ဖမ္းဆီးလႊဲေျပာင္း
ဇွန် 4, 2017
By 🌸
ထုိင္းႏုိင္ငံႏွင့္နယ္စပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕သို႔ တိမ္းေရွာင္လာသည့္ ထုိင္းႏုိင္ငံမွ လူသတ္မႈ တရားခံေျပးမ်ားအား ထုိင္းႏုိင္ငံမွ ျမန္မာႏုိင္ငံဘက္သို႔ အေၾကာင္းၾကားၿပီး (၅)ရက္ေျမာက္ေန႔တြင္ ဖမ္းဆီးလႊဲေျပာင္းေပးလုိက္ႏုိင္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ မေန႔ကဖမ္းမိတာနဲ႔ ခ်က္ခ်င္းလႊဲေပးလုိက္ပါတယ္။ ဒါကေတာ့ ဒီအမႈနဲ႔ပတ္သက္လို႔ ကၽြန္ေတာ္တို႔ ဘက္မွာ စြဲထားတာလည္း မရိွဘူး။ ကၽြန္ေတာ္တုိ႔ ရဲလုပ္ထံုးလုပ္နည္းအရ (၂၄) နာရီထက္ေက်ာ္၍ ဖမ္းဆီးထိန္းသိမ္းခြင့္လည္းမရိွတဲ့အတြက္ ဖမ္းမိတာနဲ႔တစ္ၿပိဳင္နက္ ႏွစ္ႏုိင္ငံပူးေပါင္းေဆာင္ရြက္မႈအရ ထုိင္းႏုိင္ငံကို ခ်က္ခ်င္းလႊဲလိုက္တာပါ”ဟု တာခ်ီလိတ္ ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီး ထိန္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထိုင္းႏိုင္ငံ ခြန္ကဲန္ၿမိဳ႕လူသတ္မႈမွ တရားခံအမ်ိဳးသမီး (၂)ဦးႏွင့္ ၎တို႔အားကူညီေနသည့္အမ်ိဳးသမီး (၁)ဦးတို႔အား တာခ်ီလိတ္ၿမိဳ႕တြင္ ရဲတပ္ဖြဲ႕က ဇြန္လ (၃)ရက္ေန႔၌ ဖမ္းဆီးရမိၿပီး (၂၄) နာရီအတြင္းမွာပင္ ထုိင္းႏုိင္ငံတာဝန္ရိွသူမ်ားထံ ျမန္မာႏုိင္ငံမွတာဝန္ရိွသူမ်ားက လႊဲေျပာင္းေပးလုိက္ျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴးရံုးမွ သိရသည္။

“ဒီလိုမိေစခ်င္ရင္ ထိုင္းဘက္က ဒီထက္ေစာေစာကတည္းက ပူးေပါင္းသင့္ပါတယ္။ အခုေတာ့ ထိုင္းဘက္က မီဒီယာေတြသိၿပီးမွ ကၽြန္ေတာ္တုိ႔ဘက္ကိုု လွမ္းအေၾကာင္းၾကားတယ္။ နည္းနည္းေတာ့ အခ်ိန္ပိုယူလိုက္ ရတာေပါ့။ အဲဒီအခ်ိန္မွာ ဒီဘက္က မီဒီယာေတြမွာလည္း ေဖၚျပေနပါၿပီ။ ေနာက္တစ္ခုကေတာ့ မီဒီယာေတြ ကေန ပ်ံ႕ႏွံ႔သြားၿပီး ဒီလူေတြ ဘယ္သူလဲသိသြားေတာ့ ျပည္သူေတြ သတင္းေပးႏုိင္တာေၾကာင့္လည္း အခုလို မိိသြားတာပါ”ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ခြန္ကဲန္ၿမိဳ႕ ကာရာအိုေကဆုိင္မွ အမ်ိဳးသမီးတစ္ဦး ေမလ (၂၃)ရက္ေန႔တြင္ ႏွစ္ပိုင္းခုတ္ျဖတ္သတ္ခံရသည့္ အမႈမွ တရားခံ(၄)ဦးအနက္ တရားခံအမ်ိဳးသမီး(၂)ဦးသည္ တာခ်ီလိတ္ၿမိဳ႕သို႔ ေမလ (၂၅)ရက္ေန႔တြင္ ထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း ထုိင္းႏုိင္ငံမွ သတင္းမီဒီယာမ်ားတြင္ ေဖၚျပခဲ့ၾကကာ အဆိုပါ တရားခံအမ်ိဳးသမီးမ်ားအား ပူးေပါင္းကူညီဖမ္းဆီးေပးရန္ ထုိင္းႏုိင္ငံရဲတပ္ဖြဲ႕က တာခ်ီလိတ္ၿမိဳ႕မွ တာဝန္ရိွသူမ်ားထံ ေမလ (၂၉)ရက္ေန႔တြင္ အခ်က္အလက္မ်ားေပးပို႔ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီသတင္းက တကယ္ေတာ့ သူတို႔ဘက္မွာေတာ့ ေမလ (၂၅) ရက္ေန႔ကတည္းက ၾကားေနရတာေပါ့။ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔ဆီီကို ေမလ (၂၉) ရက္ေန႔မွ အေၾကာင္းၾကားလာပါတယ္။ မီဒီယာကလည္း ေဖၚျပလာတာ ေတြ႔ရတယ္။ အဲဒီကတည္းကေန ခရိုင္ရဲတပ္ဖြဲ႕ကေန အဖြဲ႕ခြဲေဆာင္ရြက္ပါတယ္။ ၿမိိဳ႕ျပင္၊ ၿမိဳ႕တြင္း၊ ၿမိဳ႕စြန္ေပါ့။ ေနာက္ေဒသမွာရိွတဲ့ အဖြဲ႕အစည္းေတြ၊ သတင္းေပးေတြ၊ အစိုးရမဟုတ္တဲ့ အဖြဲ႕ေတြေပါ့ေနာ္ အဲဒါေတြ အားလံုးကို ဒီသတင္းကို ျဖန္႔လုိက္တယ္။ ေနာက္ျဖစ္ႏုိင္ေခ်ရိွတဲ့ေနရာအားလံုးကုိ ေန႔ေရာညေရာ ေစာင့္ၾကည့္ပါတယ္။ ဒါက ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ရဲ႕ တာဝန္ျဖစ္ေပမဲ့ အုပ္ခ်ဳပ္ေရးအဖြဲ႕နဲ႔လည္း ပူးေပါင္း ေဆာင္ရြက္ပါတယ္”ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက ေျပာသည္။
တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕၏ဦးေဆာင္မႈျဖင့္ အဆိုပါတရားခံမ်ားဖမ္းဆီးရမိေရး ေဆာင္ရြက္ခဲ့ရာ ဇြန္လ (၁)ရက္ေန႔တြင္ တရားခံေျပးမ်ားႏွင့္ ဆက္စပ္ႏုိင္သည္ဟု သံသယရိွသည့္ ထိုင္းႏုိင္ငံသားႏွစ္ဦးအား တာခ်ီလိတ္ၿမိဳ႕တြင္ ဖမ္းဆီးရမိသျဖင့္ ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားထံ လႊဲေျပာင္းေပးခဲ့ေၾကာင္း တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ယခုတရားခံမ်ားဖမ္းဆီးရမိျခင္းမွာ တာခ်ီလိတ္ရဲတပ္ဖြဲ႕က ဇန္နဝါရီလအတြင္း ေဆာင္ရြက္ခဲ့သည့္ မႈခင္းႀကိဳတင္ကာကြယ္ေရး အစီအစဥ္ျဖစ္သည့္ ႏိုင္ငံျခားသားမ်ားအား ဟိုတယ္မွလြဲ၍ ေနထိုင္ခြင့္မျပဳရန္ ႏိႈးေဆာ္ခ်က္ေၾကာင့္ ျပည္သူမ်ားပူးေပါင္းကူညီမႈေၾကာင့္ျဖစ္သည္ဟု တရားခံမ်ားဖမ္းဆီးေရးတြင္ ပါဝင္ခဲ့သည့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္တစ္ဦးက ေျပာသည္။

“ဒီအမႈမျဖစ္ခင္ကတည္းက ရဲတပ္ဖြဲ႕ကေနၿပီး တာခ်ီလိတ္မွာ အိမ္ခန္းငွားပိုင္ရွင္ေတြကို ႏိုင္ငံျခားသား ေနခြင့္မရွိေၾကာင္းေတြ အသိပညာေပးတယ္။ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးေတြကိုလည္း ပူးေပါင္းေဆာင္ရြက္ေရး အတြက္ အသိပညာေပးျခင္း၊ ရဲတပ္ဖြဲ႕ကိုဆက္သြယ္ရမယ့္ ဖုန္းနံပါတ္ေတြေပးျခင္္း လုပ္ေဆာင္ခဲ့တယ္။ ဒါေၾကာင့္ အခုထြက္ေျပးလာတဲဲ့ ထိုင္းအမ်ိဳးသမီးေတြ ပါလ်ံ(၁)က လူမေနတဲ့အိမ္မွာ ခိုေအာင္းေနတာကို သတင္းေပးလာတာေၾကာင့့္ တရားခံေတြကို သြားေရာက္ဖမ္းဆီးႏိုင္ခဲ့တယ္”ဟု တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအးလြင္က ေျပာသည္။

ထြက္ေျပးလြတ္ေျမာက္ေနသည့္ တရားခံအမ်ိဳးသမီး(၂)ဦးႏွင့္ ၎တို႔အား ကူညီေနသည့္အမ်ိဳးသမီးတို႔အား ျပည္သူသတင္းေပးခ်က္အရ တာခ်ီလိတ္ခရိုင္ႏွင့္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ တာဝန္ရိွသူမ်ားက ဇြန္လ (၃)ရက္ေန႔ ညေန (၇)နာရီ ဝန္းက်င္တြင္ ပါလ်ံ(၁)ရပ္ကြက္ရွိ လူမေနသည့္အိမ္တစ္လုံးတြင္ ဖမ္းဆီးႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕ထံမွ သိရသည္။

နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္တြင္ တစ္ဖက္ႏုိင္ငံမွ ျပစ္မႈက်ဴးလြန္သူမ်ား၏ ခိုေအာင္းရာမျဖစ္ေစေရးအတြက္ ထုိင္းႏုိင္ငံဘက္က သတင္းေပးပို႔လာသည့္ မႈခင္းမွတရားခံမ်ား အျမန္ဆံုးဖမ္းဆီးရမိေရးကို တာခ်ီလိတ္ၿမိဳ႕မွ တာဝန္ရိွသူမ်ားအေနျဖင့္ ခ်က္ခ်င္းအေရးယူေဆာင္ရြက္ေနျခင္းျဖစ္ေသာ္လည္း တာခ်ီလိတ္ၿမိဳ႕မွ ထုိင္းႏုိင္ငံ မယ္ဆိုိင္ဘက္သို႔ ထြက္ေျပးတရားခံမ်ား ဖမ္းဆီးရမိေရးမွာ ေႏွာင့္ေႏွးၾကန္႔ၾကာေလ့ရိွသည္ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ဆိုသည္။

“လြန္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္က တာခ်ီလိတ္မွာ မီးရိႈ႕သြားတဲ့သူဆိုရင္ မယ္ဆိုိင္မွွာ ဘယ္သူျဖစ္ပါတယ္။ ဘယ္မွာရိွပါတယ္ဆိုတာ သူတို႔ဘက္ကို သတင္းလွမ္းေပးဖူးပါတယ္။ ဒါက ကၽြန္ေတာ္သိသေလာက္ေပါ့ေလ။ တျခား ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ကေန ေဆာင္ရြက္တာေတြေတာ့ မသိပါဘူး။၂၀၁၆ ခုႏွစ္ကတည္းက ပို႔ထားတာေတြဆို အမႈတြဲမွာ က်န္ေနတာေတြရိွေနပါေသးတယ္။ သူတို႔ဘက္ကေတာ့ ဖမ္းမမိေသးဘူးပဲ အေၾကာင္းျပန္ပါတယ္။ ဒါကလည္း တကယ္ဖမ္းမမိတာလည္း ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။ ကၽြန္ေတာ္တို႔ ဘက္ကေတာ့ ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးကို ေရွးရႈၿပီးေဆာင္ရြက္ပါတယ္။ ဥပမာ ဒီလိုကိစၥမ်ိဳးဆိိုရင္ တစ္ဖက္ႏုိင္ငံမွာ ရက္စက္စြာ သတ္သြားတဲ့လူသတ္မႈကေန ျမန္မာႏုိင္ငံမွာ ဒီလိုမ်ိဳးလာၿပီး ခိုေအာင္းလို႔ ရတယ္ဆိုတာမ်ိဳး အျဖစ္မခံႏုိင္ဘူး။ ဒါေၾကာင့္မို႔ ဒါကိုခ်က္ခ်င္းေဆာင္ရြက္ရမယ့္ အေရးႀကီးကိစၥအျဖစ္ ခရိုင္ရဲတပ္ဖြဲ႕မွဴး ကိုယ္တုိင္လည္း ပါဝင္ေဆာင္ရြက္ပါတယ္။ သူကိုယ္တိုင္လည္း လုိက္တယ္”ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက ဆိုသည္။

ထိုင္းႏုိင္ငံ ခြန္ကဲန္ၿမိဳ႕ရိွ ကာရာအိုေကဆိုင္မွ အသက္ (၂၂)ႏွစ္အရြယ္ အမ်ိဳးသမီးအား ခႏၶာကိုယ္ ႏွစ္ပိုင္းျဖတ္ကာ သတ္ျဖတ္ေျမျမဳပ္ထားသည့္ လူသတ္မႈက်ဳးလြန္သူ အမ်ိဳးသား (၁)ဦးႏွင့္ အမ်ိဳးသမီး (၃)ဦးအနက္ အမ်ိဳးသမီးႏွစ္ဦးမွာ ထြက္ေျပးတိမ္းေရွာင္သြားျခင္းျဖစ္ေၾကာင္း ထုိင္းႏုိင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားခဲ့ျခင္း ျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ဖမ္းဆီးရမိသည့္ လူသတ္တရားခံအမ်ိဳးသမီး (၂)ဦးႏွင့္ ၎တို႔အား ကူညီေနသည့္ အမ်ိဳးသမီးတစ္ဦးတို႔အား တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး၊ ခရိုင္ရဲမင္းႀကီးႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊TBC အဖြဲ႕၀င္မ်ားက ဇြန္လ (၃)ရက္ေန႔ ညတြင္ ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရးတံတားအမွတ္(၁)တြင္ ထိုင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားထံ လႊဲေျပာင္းေပးလိုက္ျခင္းျဖစ္သည္။

ေမလအတြင္းကလည္း ထုိင္းႏုိင္ငံမူးယစ္တပ္ဖြဲ႕မွ အလိုရိွသည့္ မူးယစ္ေက်ာ္ေစာသတင္းရိွသူ ထုိင္းႏုိင္ငံသားအား ထုိင္းႏုိင္ငံမွ အေၾကာင္းၾကားခ်က္အရ တာခ်ီလိတ္ခရိုင္ႏွင့္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕က ဖမ္းဆီးၿပီး လႊဲအပ္ေပးႏုိင္ခဲ့ေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္၊ ေဇာင္းညီ

~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်သို့တိမ်းရှောင်လာသည့် ထိုင်းလူသတ်တရားခံပြေးများအား မြန်မာဘက်မှ ငါးရက်အတွင်း ဖမ်းဆီးလွှဲပြောင်း
*************

ထိုင်းနိုင်ငံနှင့်နယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့သို့ တိမ်းရှောင်လာသည့် ထိုင်းနိုင်ငံမှ လူသတ်မှု တရားခံပြေးများအား ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ အကြောင်းကြားပြီး (၅)ရက်မြောက်နေ့တွင် ဖမ်းဆီးလွှဲပြောင်းပေးလိုက်နိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့ မနေ့ကဖမ်းမိတာနဲ့ ချက်ချင်းလွှဲပေးလိုက်ပါတယ်။ ဒါကတော့ ဒီအမှုနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဘက်မှာ စွဲထားတာလည်း မရှိဘူး။ ကျွန်တော်တို့ ရဲလုပ်ထုံးလုပ်နည်းအရ (၂၄) နာရီထက်ကျော်၍ ဖမ်းဆီးထိန်းသိမ်းခွင့်လည်းမရှိတဲ့အတွက် ဖမ်းမိတာနဲ့တစ်ပြိုင်နက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအရ ထိုင်းနိုင်ငံကို ချက်ချင်းလွှဲလိုက်တာပါ”ဟု တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံ ခွန်ကဲန်မြို့လူသတ်မှုမှ တရားခံအမျိုးသမီး (၂)ဦးနှင့် ၎င်းတို့အားကူညီနေသည့်အမျိုးသမီး (၁)ဦးတို့အား တာချီလိတ်မြို့တွင် ရဲတပ်ဖွဲ့က ဇွန်လ (၃)ရက်နေ့၌ ဖမ်းဆီးရမိပြီး (၂၄) နာရီအတွင်းမှာပင် ထိုင်းနိုင်ငံတာဝန်ရှိသူများထံ မြန်မာနိုင်ငံမှတာဝန်ရှိသူများက လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“ဒီလိုမိစေချင်ရင် ထိုင်းဘက်က ဒီထက်စောစောကတည်းက ပူးပေါင်းသင့်ပါတယ်။ အခုတော့ ထိုင်းဘက်က မီဒီယာတွေသိပြီးမှ ကျွန်တော်တို့ဘက်ကိုု လှမ်းအကြောင်းကြားတယ်။ နည်းနည်းတော့ အချိန်ပိုယူလိုက် ရတာပေါ့။ အဲဒီအချိန်မှာ ဒီဘက်က မီဒီယာတွေမှာလည်း ဖေါ်ပြနေပါပြီ။ နောက်တစ်ခုကတော့ မီဒီယာတွေ ကနေ ပျံ့နှံ့သွားပြီး ဒီလူတွေ ဘယ်သူလဲသိသွားတော့ ပြည်သူတွေ သတင်းပေးနိုင်တာကြောင့်လည်း အခုလို မိိသွားတာပါ”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ခွန်ကဲန်မြို့ ကာရာအိုကေဆိုင်မှ အမျိုးသမီးတစ်ဦး မေလ (၂၃)ရက်နေ့တွင် နှစ်ပိုင်းခုတ်ဖြတ်သတ်ခံရသည့် အမှုမှ တရားခံ(၄)ဦးအနက် တရားခံအမျိုးသမီး(၂)ဦးသည် တာချီလိတ်မြို့သို့ မေလ (၂၅)ရက်နေ့တွင် ထွက်ပြေးတိမ်းရှောင်သွားကြောင်း ထိုင်းနိုင်ငံမှ သတင်းမီဒီယာများတွင် ဖေါ်ပြခဲ့ကြကာ အဆိုပါ တရားခံအမျိုးသမီးများအား ပူးပေါင်းကူညီဖမ်းဆီးပေးရန် ထိုင်းနိုင်ငံရဲတပ်ဖွဲ့က တာချီလိတ်မြို့မှ တာဝန်ရှိသူများထံ မေလ (၂၉)ရက်နေ့တွင် အချက်အလက်များပေးပို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီသတင်းက တကယ်တော့ သူတို့ဘက်မှာတော့ မေလ (၂၅) ရက်နေ့ကတည်းက ကြားနေရတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ဆီီကို မေလ (၂၉) ရက်နေ့မှ အကြောင်းကြားလာပါတယ်။ မီဒီယာကလည်း ဖေါ်ပြလာတာ တွေ့ရတယ်။ အဲဒီကတည်းကနေ ခရိုင်ရဲတပ်ဖွဲ့ကနေ အဖွဲ့ခွဲဆောင်ရွက်ပါတယ်။ မြိို့ပြင်၊ မြို့တွင်း၊ မြို့စွန်ပေါ့။ နောက်ဒေသမှာရှိတဲ့ အဖွဲ့အစည်းတွေ၊ သတင်းပေးတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့တွေပေါ့နော် အဲဒါတွေ အားလုံးကို ဒီသတင်းကို ဖြန့်လိုက်တယ်။ နောက်ဖြစ်နိုင်ချေရှိတဲ့နေရာအားလုံးကို နေ့ရောညရော စောင့်ကြည့်ပါတယ်။ ဒါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ တာဝန်ဖြစ်ပေမဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့လည်း ပူးပေါင်း ဆောင်ရွက်ပါတယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့၏ဦးဆောင်မှုဖြင့် အဆိုပါတရားခံများဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဇွန်လ (၁)ရက်နေ့တွင် တရားခံပြေးများနှင့် ဆက်စပ်နိုင်သည်ဟု သံသယရှိသည့် ထိုင်းနိုင်ငံသားနှစ်ဦးအား တာချီလိတ်မြို့တွင် ဖမ်းဆီးရမိသဖြင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယခုတရားခံများဖမ်းဆီးရမိခြင်းမှာ တာချီလိတ်ရဲတပ်ဖွဲ့က ဇန်နဝါရီလအတွင်း ဆောင်ရွက်ခဲ့သည့် မှုခင်းကြိုတင်ကာကွယ်ရေး အစီအစဉ်ဖြစ်သည့် နိုင်ငံခြားသားများအား ဟိုတယ်မှလွဲ၍ နေထိုင်ခွင့်မပြုရန် နှိုးဆော်ချက်ကြောင့် ပြည်သူများပူးပေါင်းကူညီမှုကြောင့်ဖြစ်သည်ဟု တရားခံများဖမ်းဆီးရေးတွင် ပါဝင်ခဲ့သည့် တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်တစ်ဦးက ပြောသည်။

“ဒီအမှုမဖြစ်ခင်ကတည်းက ရဲတပ်ဖွဲ့ကနေပြီး တာချီလိတ်မှာ အိမ်ခန်းငှားပိုင်ရှင်တွေကို နိုင်ငံခြားသား နေခွင့်မရှိကြောင်းတွေ အသိပညာပေးတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုလည်း ပူးပေါင်းဆောင်ရွက်ရေး အတွက် အသိပညာပေးခြင်း၊ ရဲတပ်ဖွဲ့ကိုဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေပေးခြင််း လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် အခုထွက်ပြေးလာတဲဲ့ ထိုင်းအမျိုးသမီးတွေ ပါလျံ(၁)က လူမနေတဲ့အိမ်မှာ ခိုအောင်းနေတာကို သတင်းပေးလာတာကြောင့့် တရားခံတွေကို သွားရောက်ဖမ်းဆီးနိုင်ခဲ့တယ်”ဟု တာချီလိတ်မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်က ပြောသည်။

ထွက်ပြေးလွတ်မြောက်နေသည့် တရားခံအမျိုးသမီး(၂)ဦးနှင့် ၎င်းတို့အား ကူညီနေသည့်အမျိုးသမီးတို့အား ပြည်သူသတင်းပေးချက်အရ တာချီလိတ်ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ဇွန်လ (၃)ရက်နေ့ ညနေ (၇)နာရီ ဝန်းကျင်တွင် ပါလျံ(၁)ရပ်ကွက်ရှိ လူမနေသည့်အိမ်တစ်လုံးတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် တစ်ဖက်နိုင်ငံမှ ပြစ်မှုကျူးလွန်သူများ၏ ခိုအောင်းရာမဖြစ်စေရေးအတွက် ထိုင်းနိုင်ငံဘက်က သတင်းပေးပို့လာသည့် မှုခင်းမှတရားခံများ အမြန်ဆုံးဖမ်းဆီးရမိရေးကို တာချီလိတ်မြို့မှ တာဝန်ရှိသူများအနေဖြင့် ချက်ချင်းအရေးယူဆောင်ရွက်နေခြင်းဖြစ်သော်လည်း တာချီလိတ်မြို့မှ ထိုင်းနိုင်ငံ မယ်ဆိိုင်ဘက်သို့ ထွက်ပြေးတရားခံများ ဖမ်းဆီးရမိရေးမှာ နှောင့်နှေးကြန့်ကြာလေ့ရှိသည်ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ဆိုသည်။

“လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က တာချီလိတ်မှာ မီးရှို့သွားတဲ့သူဆိုရင် မယ်ဆိိုင်မှှာ ဘယ်သူဖြစ်ပါတယ်။ ဘယ်မှာရှိပါတယ်ဆိုတာ သူတို့ဘက်ကို သတင်းလှမ်းပေးဖူးပါတယ်။ ဒါက ကျွန်တော်သိသလောက်ပေါ့လေ။ တခြား မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ ဆောင်ရွက်တာတွေတော့ မသိပါဘူး။၂၀၁၆ ခုနှစ်ကတည်းက ပို့ထားတာတွေဆို အမှုတွဲမှာ ကျန်နေတာတွေရှိနေပါသေးတယ်။ သူတို့ဘက်ကတော့ ဖမ်းမမိသေးဘူးပဲ အကြောင်းပြန်ပါတယ်။ ဒါကလည်း တကယ်ဖမ်းမမိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှုပြီးဆောင်ရွက်ပါတယ်။ ဥပမာ ဒီလိုကိစ္စမျိုးဆိိုရင် တစ်ဖက်နိုင်ငံမှာ ရက်စက်စွာ သတ်သွားတဲ့လူသတ်မှုကနေ မြန်မာနိုင်ငံမှာ ဒီလိုမျိုးလာပြီး ခိုအောင်းလို့ ရတယ်ဆိုတာမျိုး အဖြစ်မခံနိုင်ဘူး။ ဒါကြောင့်မို့ ဒါကိုချက်ချင်းဆောင်ရွက်ရမယ့် အရေးကြီးကိစ္စအဖြစ် ခရိုင်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင်လည်း ပါဝင်ဆောင်ရွက်ပါတယ်။ သူကိုယ်တိုင်လည်း လိုက်တယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဆိုသည်။

ထိုင်းနိုင်ငံ ခွန်ကဲန်မြို့ရှိ ကာရာအိုကေဆိုင်မှ အသက် (၂၂)နှစ်အရွယ် အမျိုးသမီးအား ခန္ဓာကိုယ် နှစ်ပိုင်းဖြတ်ကာ သတ်ဖြတ်မြေမြုပ်ထားသည့် လူသတ်မှုကျုးလွန်သူ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၃)ဦးအနက် အမျိုးသမီးနှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် ဖမ်းဆီးရမိသည့် လူသတ်တရားခံအမျိုးသမီး (၂)ဦးနှင့် ၎င်းတို့အား ကူညီနေသည့် အမျိုးသမီးတစ်ဦးတို့အား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမင်းကြီးနှင့် ရဲတပ်ဖွဲ့ဝင်များ၊TBC အဖွဲ့ဝင်များက ဇွန်လ (၃)ရက်နေ့ ညတွင် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၁)တွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။

မေလအတွင်းကလည်း ထိုင်းနိုင်ငံမူးယစ်တပ်ဖွဲ့မှ အလိုရှိသည့် မူးယစ်ကျော်စောသတင်းရှိသူ ထိုင်းနိုင်ငံသားအား ထိုင်းနိုင်ငံမှ အကြောင်းကြားချက်အရ တာချီလိတ်ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး လွှဲအပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်၊ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~