ႏုိင္ငံတကာအဆင့္မီ အေရးေပၚ ကယ္ဆယ္ေရးသင္တန္း မူဆယ္တြင္ ဇြန္လ ၇ ရက္ေန႔၌ ဖြင့္မည္

ႏုိင္ငံတကာအဆင့္မီ အေရးေပၚ ကယ္ဆယ္ေရးသင္တန္း မူဆယ္တြင္ ဇြန္လ ၇ ရက္ေန႔၌ ဖြင့္မည္
ဇွန် 1, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕တြင္ ဇြန္လ(၇) ရက္ေန႔မွ(၁၃) ရက္ေန႔အထိ ႏိုင္ငံတကာအဆင့္မီ အေရးေပၚ အသက္ကယ္ဆယ္နည္း သင္တန္း အမွတ္စဥ္( ၁၄ )အား ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရး အဖြဲ႔ခ်ဳပ္မွ ဦးစီးက်င္းပ သြားမည္ျဖစ္ရာ တက္ေရာက္လိုသူမ်ား စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရသည္။

“လာမယ့္ဇြန္လ(၇)ရက္ေန႔မွာ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕မွာ ႏိုင္ငံတကာအဆင့္မီ လူမႈကယ္ဆယ္ ေရးသင္တန္းကို ဖြင့္လွစ္သင္ၾကားေပးသြားမွာ ျဖစ္ပါတယ္။ သင္တန္းအတြက္ကေတာ့ ပရဟိတ အဖြဲ႔ခ်ည္းပဲ မဟုတ္ဘူး။ အရပ္ဖက္က လူေတြလည္း လာတက္လို႔ရပါတယ္။ ႏိုင္ငံတကာမွာ အသံုးျပဳေနတဲ့ အေရးေပၚ ကယ္ဆယ္ေရး နည္းပညာေတြကို စာေတြ႔မဟုတ္ဘဲ လက္ေတြ႔ သင္ၾကားေပးမွာျဖစ္ပါတယ္”ဟု ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႔ခ်ဳပ္မွ အဖြဲ႔ခ်ဳပ္ ဥကၠဌ ဦးလွထြန္း က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ သင္တန္းသို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ ႏွင့္ ဌာနဆိုင္ရာမ်ားမွ သင္တန္းသားဦးေရ(၅၀)ခန္႔ စာရင္းေပးသြင္းထားၿပီး ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ ပရဟိတအသင္းမ်ားႏွင့္ သင္တန္း တက္ေရာက္ လိုသူမ်ား ရွမ္းျပည္နယ္ေျမာက္ပိုင္း Myanmar Rescue အသင္းသို႔ ဆက္သြယ္စာရင္း ေပးသြင္းႏိုင္ေၾကာင္း သိရသည္။

“၂၀၁၇ ခုႏွစ္အတြင္းမွာ (၁၄) ႀကိမ္ေျမာက္ အသက္ကယ္နည္း သင္တန္းပို႔ခ်ေပးမွာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႔ခ်ဳပ္ကေန လာၿပီးသင္ေပးမွာပါ။ သင္တန္းသားဦးေရ(၁၅၀) သတ္မွတ္ထားတယ္။ သတ္မွတ္ဦးေရေတာ့ စာရင္းေပးသြင္းထားတာ ျပည့္ေနပါၿပီ။ ဒါေပမယ့္ လာၿပီး သင္ၾကားခ်င္တဲ့သူရွိတယ္ ဆိုရင္ စာရင္းေပးသြင္းႏိုင္ပါေသးတယ္။ အဆင္ေျပေအာင္ စီစဥ္ေပးသြားမွာပါ”ဟု သင္တန္းျဖစ္ေျမာက္ေရးေဆာင္ရြက္ ေနသည့္ Myanmar Rescue - ရွမ္းျပည္နယ္ ေျမာက္ပိုင္း တာဝန္ခံ ဦးစိုင္းညီညီဟန္ ( ေရႊေၾကးစည္ လူမႈ ကူညီေရး အသင္း) က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

တိုင္းႏွင့္ျပည္နယ္အသီးသီးတြင္ အဆိုပါသင္တန္းမ်ားအား ဖြင့္လွစ္မည္ျဖစ္ၿပီး ကယ္ဆယ္ေရးလုပ္ေဆာင္မႈ အေျခခံသင္ခန္းစာမ်ားျဖစ္သည့္ ေျမျပင္ကုသမႈ၊ သယ္ယူမႈ၊ ပုိ႔ေဆာင္မႈႏွင့္ တု႔ံျပန္မႈစသည့္ အဓိက အေျခခံ အခ်က္(၄)ခုအား လက္ေတြ႔သရုပ္ျပသင္တန္းအျဖစ္ သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါသင္တန္းအား ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႔ခ်ဳပ္မွႀကီးမွဴး၍ မူဆယ္ၿမိဳ႕ရွိ ပရဟိတ အဖြဲ႔ေပါင္းစံုမွ ပူးေပါင္းေဆာင္ရြက္ မည္ျဖစ္ေၾကာင္း သိရၿပီး ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရး အဖြဲ႔ခ်ဳပ္ မွ ၂၀၁၇ ခုႏွစ္အတြင္း ျပည္နယ္ႏွင့္တိုင္းအသီးသီးတြင္ ႏိုင္ငံတကာ အဆင့္မီ အေရးေပၚ အသက္ ကယ္ဆယ္ေရး သင္တန္းမ်ားအား ပို႔ခ်ေပးႏိုင္ရန္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သင္တန္းအတြက္ ဆက္သြယ္လိုပါက ဂရုဏာလူမႈကူညီေရးအသင္း(မူဆယ္) ၀၉ ၇၈၅၂၃၀၂၃၄ ႏွင့္ ျမင့္ျမတ္ပါရမီ ေသြးလွဴရွင္မ်ားအသင္း (မူဆယ္) ၀၉ ၂၆၃၈၅၉၅၃၅ တို႔သို႔ ဆက္သြယ္ စာရင္းေပးသြင္းႏုိင္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ဇွန်လ(၇) ရက်နေ့မှ(၁၃) ရက်နေ့အထိ နိုင်ငံတကာအဆင့်မီ အရေးပေါ် အသက်ကယ်ဆယ်နည်း သင်တန်း အမှတ်စဉ်( ၁၄ )အား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ချုပ်မှ ဦးစီးကျင်းပ သွားမည်ဖြစ်ရာ တက်ရောက်လိုသူများ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

“လာမယ့်ဇွန်လ(၇)ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ နိုင်ငံတကာအဆင့်မီ လူမှုကယ်ဆယ် ရေးသင်တန်းကို ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းအတွက်ကတော့ ပရဟိတ အဖွဲ့ချည်းပဲ မဟုတ်ဘူး။ အရပ်ဖက်က လူတွေလည်း လာတက်လို့ရပါတယ်။ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ အရေးပေါ် ကယ်ဆယ်ရေး နည်းပညာတွေကို စာတွေ့မဟုတ်ဘဲ လက်တွေ့ သင်ကြားပေးမှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်မှ အဖွဲ့ချုပ် ဥက္ကဌ ဦးလှထွန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ သင်တန်းသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် ဌာနဆိုင်ရာများမှ သင်တန်းသားဦးရေ(၅၀)ခန့် စာရင်းပေးသွင်းထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပရဟိတအသင်းများနှင့် သင်တန်း တက်ရောက် လိုသူများ ရှမ်းပြည်နယ်မြောက်ပိုင်း Myanmar Rescue အသင်းသို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။

“၂၀၁၇ ခုနှစ်အတွင်းမှာ (၁၄) ကြိမ်မြောက် အသက်ကယ်နည်း သင်တန်းပို့ချပေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်ကနေ လာပြီးသင်ပေးမှာပါ။ သင်တန်းသားဦးရေ(၁၅၀) သတ်မှတ်ထားတယ်။ သတ်မှတ်ဦးရေတော့ စာရင်းပေးသွင်းထားတာ ပြည့်နေပါပြီ။ ဒါပေမယ့် လာပြီး သင်ကြားချင်တဲ့သူရှိတယ် ဆိုရင် စာရင်းပေးသွင်းနိုင်ပါသေးတယ်။ အဆင်ပြေအောင် စီစဉ်ပေးသွားမှာပါ”ဟု သင်တန်းဖြစ်မြောက်ရေးဆောင်ရွက် နေသည့် Myanmar Rescue - ရှမ်းပြည်နယ် မြောက်ပိုင်း တာဝန်ခံ ဦးစိုင်းညီညီဟန် ( ရွှေကြေးစည် လူမှု ကူညီရေး အသင်း) က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

တိုင်းနှင့်ပြည်နယ်အသီးသီးတွင် အဆိုပါသင်တန်းများအား ဖွင့်လှစ်မည်ဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ဆောင်မှု အခြေခံသင်ခန်းစာများဖြစ်သည့် မြပြေင်ကုသမှု၊ သယ်ယူမှု၊ ပို့ဆောင်မှုနှင့် တုံ့ပြန်မှုစသည့် အဓိက အခြေခံ အချက်(၄)ခုအား လက်တွေ့သရုပ်ပြသင်တန်းအဖြစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်မှကြီးမှူး၍ မူဆယ်မြို့ရှိ ပရဟိတ အဖွဲ့ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း သိရပြီး မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ချုပ် မှ ၂၀၁၇ ခုနှစ်အတွင်း ပြည်နယ်နှင့်တိုင်းအသီးသီးတွင် နိုင်ငံတကာ အဆင့်မီ အရေးပေါ် အသက် ကယ်ဆယ်ရေး သင်တန်းများအား ပို့ချပေးနိုင်ရန် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

သင်တန်းအတွက် ဆက်သွယ်လိုပါက ဂရုဏာလူမှုကူညီရေးအသင်း(မူဆယ်) ဝ၉ ၇၈၅၂၃၀၂၃၄ နှင့် မြင့်မြတ်ပါရမီ သွေးလှူရှင်များအသင်း (မူဆယ်) ဝ၉ ၂၆၃၈၅၉၅၃၅ တို့သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~