ႏိုင္ငံေတာ္သမၼတ စစ္စံထြန္းေဆးရံုမွ ရုရွား-ျမန္မာခ်စ္ၾကည္ေရး ဓါတ္ေရာင္ျခည္ဌာနသို႔သြားေရာက္

ႏိုင္ငံေတာ္သမၼတ စစ္စံထြန္းေဆးရံုမွ ရုရွား-ျမန္မာခ်စ္ၾကည္ေရး ဓါတ္ေရာင္ျခည္ဌာနသို႔သြားေရာက္
ဇွန် 3, 2017
By 🌸
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိိဳ႕ ခရီးစဥ္အတြင္း ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္သည္ ရုရွား -ျမန္မာ ခ်စ္ၾကည္ေရးအျဖစ္ တည္ေဆာက္ထားသည့္ ဓါတ္ေရာင္ျခည္ဌာနရိွရာ စဝ္စံထြန္းျပည္သူ႔ေဆးရံုႀကီးသို႔ ဇြန္လ (၃)ရက္ေန႔က သြားေရာက္ၾကည့္ရႈေလ့လာေၾကာင္း သိရသည္။

“လူနာေတြကိုပိုၿပီးေတာ့ ၀န္ေဆာင္မႈေပးနိုင္ဖို႔ တိုက္တြန္းသြားပါတယ္။ သူစိတ္၀င္စားတာက ကၽြန္ေတာ္တို႔ ေဆးရံုေဆာက္ထားတာက ရွရွား - ျမန္မာခ်စ္ၾကည္ေရးအတြက္ ေဆာက္ခဲ့တာျဖစ္တဲ့အတြက္ ရုရွားက ေဆာင္ရြက္ေပးခဲ့တဲ့ ဓာတ္ေရာက္ျခည္နဲ႔ ေဆးကုတဲ့ဌာနကိုလာၾကည့္တာပါ” ဟု စဝ္စံထြန္းေဆးရံုႀကီး ေဆးရံုအုပ္ႀကီး၊ ျပည္နယ္ကုသေရးဦးစီးဌာနမႈး ေဒါက္တာစိုးထြန္းေအာင္က ေျပာသည္။

ဓာတ္ေရာင္ျခည္ဌာနမွ ျပင္ပဓာတ္ေရာင္ျခည္ကုသေရးဌာန၊ ဓာတ္အပ္စိုက္ကုသေရးဌာနႏွင့္ ျပင္ပဓာတ္ေရာင္ျခည္ဌာနတို႔အား ၾကည့္ရႈၿပီး လိုအပ္ေသာ နည္းပညာ၊ စက္အင္အား၊ ဝန္ထမ္းအင္အားမ်ား ျဖည့္ဆည္းရန္ ညႊန္ၾကားခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္သမၼတ၏ ေဆးရံုသို႔သြားေရာက္ၾကည့္ရႈေလ့လာသည့္ခရီးစဥ္အတြင္း ျပည္ေထာင္စု၀န္ႀကီးမ်ား၊ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ ျပန္ၾကားေရးဝန္ႀကီးဌာနမွ တာဝန္ရိွသူမ်ား၊ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနႏွင့္ သက္ဆိုင္ရာ ဌာနမ်ားမွ တာဝန္ရိွသူမ်ားလည္း လုိက္ပါလာေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~


နိုင်ငံတော်သမ္မတ စစ်စံထွန်းဆေးရုံမှ ရုရှား-မြန်မာချစ်ကြည်ရေး ဓါတ်ရောင်ခြည်ဌာနသို့သွားရောက်
*************
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြိို့ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ရုရှား -မြန်မာ ချစ်ကြည်ရေးအဖြစ် တည်ဆောက်ထားသည့် ဓါတ်ရောင်ခြည်ဌာနရှိရာ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ ဇွန်လ (၃)ရက်နေ့က သွားရောက်ကြည့်ရှုလေ့လာကြောင်း သိရသည်။

“လူနာတွေကိုပိုပြီးတော့ ၀န်ဆောင်မှုပေးနိုင်ဖို့ တိုက်တွန်းသွားပါတယ်။ သူစိတ်ဝင်စားတာက ကျွန်တော်တို့ ဆေးရုံဆောက်ထားတာက ရှရှား - မြန်မာချစ်ကြည်ရေးအတွက် ဆောက်ခဲ့တာဖြစ်တဲ့အတွက် ရုရှားက ဆောင်ရွက်ပေးခဲ့တဲ့ ဓာတ်ရောက်ခြည်နဲ့ ဆေးကုတဲ့ဌာနကိုလာကြည့်တာပါ” ဟု စဝ်စံထွန်းဆေးရုံကြီး ဆေးရုံအုပ်ကြီး၊ ပြည်နယ်ကုသရေးဦးစီးဌာနမှုး ဒေါက်တာစိုးထွန်းအောင်က ပြောသည်။

ဓာတ်ရောင်ခြည်ဌာနမှ ပြင်ပဓာတ်ရောင်ခြည်ကုသရေးဌာန၊ ဓာတ်အပ်စိုက်ကုသရေးဌာနနှင့် ပြင်ပဓာတ်ရောင်ခြည်ဌာနတို့အား ကြည့်ရှုပြီး လိုအပ်သော နည်းပညာ၊ စက်အင်အား၊ ဝန်ထမ်းအင်အားများ ဖြည့်ဆည်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ ဆေးရုံသို့သွားရောက်ကြည့်ရှုလေ့လာသည့်ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများလည်း လိုက်ပါလာကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~