ေညာင္ေရႊၿမိဳ႕ အမ်ားျပည္သူသံုး ေရကူးကန္ႏွင့္ကစားကြင္း တင္ဒါပိတ္ရန္ ႏွစ္ရက္အလိုထိ ေလွ်ာက္ထားသူ တစ္ဦးသာရိွ

ေညာင္ေရႊၿမိဳ႕ အမ်ားျပည္သူသံုး ေရကူးကန္ႏွင့္ကစားကြင္း တင္ဒါပိတ္ရန္ ႏွစ္ရက္အလိုထိ ေလွ်ာက္ထားသူ တစ္ဦးသာရိွ
ဇွန် 5, 2017
By 🌸
ရွမ္းျပည္နယ္ေတာင္ပိုင္း ေညာင္ေရႊၿမိဳ႕ လြတ္လပ္ေရးေက်ာက္တိုင္ကြင္းအတြင္း အမ်ားျပည္သူ အပန္းေျဖ ေရကူးကန္ႏွင့္ အပန္းေျဖဖူဆယ္ကစားကြင္းတို႔ကို BOT စနစ္ျဖင့္ ေဆာင္႐ြက္ရန္ေခၚယူထားသည့္ တင္ဒါအား ဇြန္လ(၇)ရက္ေန႔တြင္ ပိတ္မည္ျဖစ္ေသာ္လည္း ယခုခ်ိန္ထိေလွ်ာက္ထားသူတစ္ဦးသာရိွေသးေၾကာင္း သိရသည္။

အဆိုပါတင္ဒါအား ေမလ (၂၈)ရက္ေန႔မွစ၍ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ံုး၊ ဌာနဆိုင္ရာမ်ား၊ ရပ္ကြက္ (၈) ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး႐ံုးမ်ား၊ ညေစ်းေကာ္မတီတို႔ထံ ျဖန္႔ေဝေၾကညာခဲ့ျခင္းျဖစ္ေၾကာင္း ေညာင္ေရႊၿမဳိ႕၊ လြတ္လပ္ေရး ေက်ာက္တိုင္ကြင္း သာယာလွပေရးေကာ္မတီထံမွ သိရသည္။

 “ႏွစ္မ်ဳိးလံုးကို တစ္တြဲတည္း တင္ဒါေခၚထားပါတယ္။ တစ္ခ်ဳိ႕ေဒသခံေတြကလည္း စိတ္၀င္စားတဲ့သူ ရွိပါတယ္။ တစ္ဦးကေတာ့ လာေမးထားပါတယ္။ အစကေတာ့ ေရကူးကန္တစ္ခုတည္းကိုပဲ လုပ္မလို႔ပါ။ ဖူဆယ္ အားကစားကြင္းက လူငယ္ေတြအတြက္ကို အားကစားအတြက္ ေျမေတာင္ေျမႇာက္ေပးခ်င္တယ္။ ဒါေၾကာင့္ ထပ္တိုးခ်ဲ႕ၿပီး ႏွစ္မ်ဳိးပူးတြဲလုပ္လိုက္တာပါ”ဟု လြတ္လပ္ေရးေက်ာက္တိုင္ကြင္း သာယာလွပေရး     ေကာ္မတီဝင္ ဦးေစာသူရျဖဴက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါတင္ဒါအတြက္ ျမန္မာႏိုင္ငံသား မည္သူမဆိုလာေရာက္ေလ်ွာက္ထားႏိုင္ေၾကာင္းႏွင့္ ေဒသတြင္း ျပည္သူမ်ားကို ဦးစားေပးေ႐ြးခ်ယ္မည္ျဖစ္ေၾကာင္း၊ တင္ဒါအား ဇြန္လ (၇) ရက္ေန႔အထိ ေနာက္ဆံုးထား၍ လူကိုယ္တိုင္ျဖစ္ေစ၊ စာတိုက္မွျဖစ္ေစ အိတ္ဖြင့္ေပးပို႔နိုင္ေၾကာင္း သိရသည္။

“တင္ဒါေခၚယူဖို႕ကို ကၽြန္ေတာ္တို႕ အင္းတိုင္းရင္းသားေရးရာဝန္ႀကီး၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္နဲ႕ တာ၀န္ရွိသူေတြနဲ႕ ညိွႏိႈင္းေဆြးေႏြးၿပီးမွ တင္ဒါေခၚယူတာျဖစ္ပါတယ္။ ေခၚယူတဲ့ေနရာမွာလည္း လာေလွ်ာက္သူေတြအတြက္ စည္းကမ္းေတြကို တစ္ခါတည္း ေပးထားၿပီးသားပါ။ တင္ဒါေရြးခ်ယ္ခံရတဲ့သူကေတာ့ ကၽြန္ေတာ္္တို႔ သတ္မွတ္ထားတဲ့စည္းကမ္းခ်က္နဲ႔ကိုက္ညီမွ စာခ်ဳပ္ခ်ုဳပ္ဆို လုပ္ကိုင္သြားရမွာျဖစ္ပါတယ္” ဟု ေညာင္ေရႊၿမဳိ႕ေတာ္ စည္ပင္အင္ဂ်င္နီယာမွဴး ဦးေက်ာ္သူရေဆြက ေျပာသည္။

နိုင္ငံျခားသားမ်ား ေန႕စဥ္လာေရာက္လည္ပတ္မႈမ်ားေသာ အဆိုပါေနရာတြင္ ကေလးမ်ား ကစားနိုင္ရန္ႏွင့္ ျပည္သူမ်ားအပန္းေျဖႏိုင္ရန္ ညေစ်းတန္းဆိုင္ခင္းမ်ား ေဆာက္လုပ္ထားေၾကာင္း သိရသည္။

သတင္း #ႏိုႏို
ဓါတ္ပံု #ဦးေက်ာ္သူရေဆြ

~~~~~~~~⊰❂ unicode ~~~~~~~~

ညောင်ရွှေမြို့ အများပြည်သူသုံး ရေကူးကန်နှင့်ကစားကွင်း တင်ဒါပိတ်ရန် နှစ်ရက်အလိုထိ လျှောက်ထားသူ တစ်ဦးသာရှိ
*************

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်းအတွင်း အများပြည်သူ အပန်းဖြေ ရေကူးကန်နှင့် အပန်းဖြေဖူဆယ်ကစားကွင်းတို့ကို BOT စနစ်ဖြင့် ဆောင်ရွက်ရန်ခေါ်ယူထားသည့် တင်ဒါအား ဇွန်လ(၇)ရက်နေ့တွင် ပိတ်မည်ဖြစ်သော်လည်း ယခုချိန်ထိလျှောက်ထားသူတစ်ဦးသာရှိသေးကြောင်း သိရသည်။

အဆိုပါတင်ဒါအား မေလ (၂၈)ရက်နေ့မှစ၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် (၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများ၊ ညစျေးကော်မတီတို့ထံ ဖြန့်ဝေကြေညာခဲ့ခြင်းဖြစ်ကြောင်း ညောင်ရွှေမြို့၊ လွတ်လပ်ရေး ကျောက်တိုင်ကွင်း သာယာလှပရေးကော်မတီထံမှ သိရသည်။

 “နှစ်မျိုးလုံးကို တစ်တွဲတည်း တင်ဒါခေါ်ထားပါတယ်။ တစ်ချို့ဒေသခံတွေကလည်း စိတ်ဝင်စားတဲ့သူ ရှိပါတယ်။ တစ်ဦးကတော့ လာမေးထားပါတယ်။ အစကတော့ ရေကူးကန်တစ်ခုတည်းကိုပဲ လုပ်မလို့ပါ။ ဖူဆယ် အားကစားကွင်းက လူငယ်တွေအတွက်ကို အားကစားအတွက် မြေတောင်မြှောက်ပေးချင်တယ်။ ဒါကြောင့် ထပ်တိုးချဲ့ပြီး နှစ်မျိုးပူးတွဲလုပ်လိုက်တာပါ”ဟု လွတ်လပ်ရေးကျောက်တိုင်ကွင်း သာယာလှပရေးကော်မတီဝင် ဦးစောသူရဖြူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါတင်ဒါအတွက် မြန်မာနိုင်ငံသား မည်သူမဆိုလာရောက်လျှောက်ထားနိုင်ကြောင်းနှင့် ဒေသတွင်း ပြည်သူများကို ဦးစားပေးရွေးချယ်မည်ဖြစ်ကြောင်း၊ တင်ဒါအား ဇွန်လ (၇) ရက်နေ့အထိ နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ အိတ်ဖွင့်ပေးပို့နိုင်ကြောင်း သိရသည်။

“တင်ဒါခေါ်ယူဖို့ကို ကျွန်တော်တို့ အင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နဲ့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီးမှ တင်ဒါခေါ်ယူတာဖြစ်ပါတယ်။ ခေါ်ယူတဲ့နေရာမှာလည်း လာလျှောက်သူတွေအတွက် စည်းကမ်းတွေကို တစ်ခါတည်း ပေးထားပြီးသားပါ။ တင်ဒါရွေးချယ်ခံရတဲ့သူကတော့ ကျွန်တော််တို့ သတ်မှတ်ထားတဲ့စည်းကမ်းချက်နဲ့ကိုက်ညီမှ စာချုပ်ချုုပ်ဆို လုပ်ကိုင်သွားရမှာဖြစ်ပါတယ်” ဟု ညောင်ရွှေမြို့တော်စည်ပင်အင်ဂျင်နီယာမှူး ဦးကျော်သူရဆွေက ပြောသည်။

နိုင်ငံခြားသားများ နေ့စဉ်လာရောက်လည်ပတ်မှုများသော အဆိုပါနေရာတွင် ကလေးများ ကစားနိုင်ရန်နှင့် ပြည်သူများအပန်းဖြေနိုင်ရန် ညစျေးတန်းဆိုင်ခင်းများ ဆောက်လုပ်ထားကြောင်း သိရသည်။

သတင်း #နိုနို
ဓါတ်ပုံ #ဦးကျော်သူရဆွေ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~