ရေကြီးရေလျှံမှုကြောင့် တာလေ - ကျိုင်းလပ်လမ်းပေါ် ရေကျော်၍ ရေပြွန်တံတား ပျက်စီး

ရေကြီးရေလျှံမှုကြောင့် တာလေ - ကျိုင်းလပ်လမ်းပေါ် ရေကျော်၍ ရေပြွန်တံတား ပျက်စီး
ဇှနျ 30, 2017
By Tachileik News Agency

တာချီလိတ်ခရိုင် ၊ တာလေ - ကျိုင်းလပ်တို့တွင် မိုးရွာသွန်းမှုကြောင့် နမ့်ကိုင်းရွာ နှင့် ကျိုင်းလပ်လမ်းရှိ ရေပြွန်တံတားမှာ ရေကျော်မှုကြောင့် ပျက်စီးမှု ဇွန်လ(၃၀)ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ရာ ယာဉ်သွားလာနိုင်ရန် ယာယီတံတားထိုးနိုင်ရေးအတွက် ကျိုင်းလပ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာချီလိတ်လမ်းဦးစီးဌာန အပါအ၀င် တာဝန်ရှိသူများမှ သွားရောက် ကြည့်ရှုပြီး ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

နမ့်ဝမ်းချောင်း ရေကြီးရေလျှံဖြစ်မှုကြောင့် မိုင်တိုင်(၄၁) နှင့် (၄၂)အကြား တာလေ - ကျိုင်းလပ် သွားလမ်းပေါ် ရေကျော်မှုဖြစ်ပြီး ရေတိုက်စားမှုကြောင့် ရေပြွန်တံတားငယ်တစ်စီး ပျက်စီးသွားသည့် အတွက် လတ်တလောတွင် ယာဉ်များ ဖြတ်သန်းသွားလာနိုင်မှုရှိကြောင်း နှင့် ရေကျသွားပါက ယာယီတံတားထိုးနိုင်ရန် စီစဉ် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် နမ့်ကိုင်းရွာရှိ အိမ်(၂)အိမ်တွင် ရေများဝင်ရောက်ပြီးနောက် နံနက်(၉)နာရီကျော်တွင် ရေကျဆင်းသွားပြီဖြစ်၍ ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှု မရှိကြောင်း ကျိုင်းလပ်မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ထံမှ သိရသည်။

မိုးရာသီရောက်တိုင်းတွင် နမ့်ကိုင်းတွင် တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်တတ်လေ့ရှိကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ တာလေ - ကျိုင်းလပ်တို့တွင် မိုးရွာသွန်းမှုကြောင့် နမ့်ကိုင်းရွာ နှင့် ကျိုင်းလပ်လမ်းရှိ ရပြွေန်တံတားမှာ ရေကျော်မှုကြောင့် ပျက်စီးမှု ဇွန်လ(၃၀)ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ရာ ယာဉ်သွားလာနိုင်ရန် ယာယီတံတားထိုးနိုင်ရေးအတွက် ကျိုင်းလပ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာချီလိတ်လမ်းဦးစီးဌာန အပါအဝင် တာဝန်ရှိသူများမှ သွားရောက် ကြည့်ရှုပြီး ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

နမ့်ဝမ်းချောင်း ရကြေီးရေလျှံဖြစ်မှုကြောင့် မိုင်တိုင်(၄၁) နှင့် (၄၂)အကြား တာလေ - ကျိုင်းလပ် သွားလမ်းပေါ် ရေကျော်မှုဖြစ်ပြီး ရေတိုက်စားမှုကြောင့် ရပြွေန်တံတားငယ်တစ်စီး ပျက်စီးသွားသည့် အတွက် လတ်တလောတွင် ယာဉ်များ ဖြတ်သန်းသွားလာနိုင်မှုရှိကြောင်း နှင့် ရေကျသွားပါက ယာယီတံတားထိုးနိုင်ရန် စီစဉ် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

ရကြေီးရေလျှံမှုကြောင့် နမ့်ကိုင်းရွာရှိ အိမ်(၂)အိမ်တွင် ရေများဝင်ရောက်ပြီးနောက် နံနက်(၉)နာရီကျော်တွင် ရေကျဆင်းသွားပြီဖြစ်၍ ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှု မရှိကြောင်း ကျိုင်းလပ်မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ထံမှ သိရသည်။

မိုးရာသီရောက်တိုင်းတွင် နမ့်ကိုင်းတွင် တောင်ကျရေများကြောင့် ရကြေီးရေလျှံမှုများ ဖြစ်ပေါ်တတ်လေ့ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~