မူဆယ္တြင္ မိုးသည္းထန္မႈေၾကာင့္ေျမၿပိဳ၍ တစ္ဦးေသ၊ သံုးဦးဒဏ္ရာရ

မူဆယ္တြင္ မိုးသည္းထန္မႈေၾကာင့္ေျမၿပိဳ၍ တစ္ဦးေသ၊ သံုးဦးဒဏ္ရာရ
ဇွန် 2, 2017
By 🌸
မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ခရိုင္ မူဆယ္ၿမိဳ႕ ဟိုမြန္ရပ္ကြက္ (၄၅-ကုန္း) နယ္ေျမ (၁၇) ရွိ ေနအိမ္တစ္လံုး ဇြန္လ(၂) ရက္ေန႔ နံနက္အေစာပိုင္းတြင္ ၿပိဳက်ကာ လူတစ္ဦး ေသဆံုးၿပီး သံုးဦးဒဏ္ရာရသြားေၾကာင္း သိရသည္။
“ ဒီမနက္အေစာပိုင္းက မိုးအရမ္းရြာလို႔ လူေနရပ္ကြက္တစ္ခုထဲမွာ ေျမၿပိဳတယ္။ ေနအိမ္တစ္လံုးၿပိဳက်ခဲ့တယ္။ အသက္(၁၇)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦး ေသဆံုးသြားတယ္။ သံုးဦးဒဏ္ရာရ ထားတယ္။ ေနအိမ္ကေတာ့ အိမ္ခန္းႏွစ္ခန္းပါတဲ့ ေနအိမ္တစ္လံုးပဲ မိုးရြာလို႔ေျမစိုစြတ္ၿပီး ၿပိဳက်သြားတာ ျဖစ္ပါတယ္” ဟု မူဆယ္ၿမိဳ့ ဂရုဏာလူမႈကူညီေရးအသင္းမွ ဥကၠဌ ဦးေသာင္းထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
နံနက္(၇)နာရီခန္႔တြင္ ေနအိမ္ၿပိဳက်သြား၍ ေသဆံုးသြားသည့္ အမ်ိဳးသမီး တစ္ဦးႏွင့္ ဒဏ္ရာရရွိထားသူသံုးဦးအား မူဆယ္ၿမိဳ႕ ျပည္သူ႔ ေဆးရံုသို႔ ပို႔ေဆာင္ထားၿပီး ဒဏ္ရာရရွိထားသူမ်ားအတြက္ လိုအပ္သည့္ပစၥည္းမ်ား၊ အဝတ္အစားမ်ား အား မူဆယ္ၿမိဳ့ ဂရုဏာလူမႈကူညီေရးအသင္းမွ အကူအညီေပးေနေၾကာင္း သိရသည္။
“ဒဏ္ရာရထားတဲ့သူေတြကို ေဆးရံုကိုပို႔ေပးေနတယ္။ အခင္းျဖစ္တဲ့ေနရာကိုလည္း သြားၿပီးစစ္ေဆးေနပါတယ္။ အခုလည္းမိုးေတြအရမ္းရြာေနတယ္။ အျပည့္အစံုေတာင္မသိရေသးဘူး။ တစ္ဦးေသ၊ သံုးဦး ဒါဏ္ရာရထားတယ္။ ေနအိမ္တစ္လံုး ၿပိဳက်သြားတယ္။ အဲဒီေလာက္ပဲသိရေသးတယ္” ဟု မူဆယ္ၿမိဳ႕မရဲစခန္းမွ တာဝန္မွဴးရဲအရာရွိတစ္ဦးက ေျပာသည္။
ဇြန္လ(၁) ရက္ေန႔ ညပိုင္းမွစ၍ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္အတြင္း မိုးသည္းထန္စြာရြာသြန္းခဲ့ၿပီး ဇြန္လ(၂) ရက္ နံနက္ပိုင္းတြင္ လူေနရပ္ကြက္တစ္ခုအတြင္း ေျမၿပိဳမႈတစ္ခုျဖစ္ပြားခဲ့ရာမွ ေနအိမ္တစ္လံုး ၿပိဳက်ခ့ဲျခင္းျဖစ္ၿပီး ယခုကဲ့သို႔ျဖစ္ရပ္မ်ိဳး ယခင္က ျဖစ္ပြားခဲ့ဖူးျခင္းမရွိေၾကာင္း ရဲအရာရွိထံမွ သိရသည္။
သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ဦးေသာင္းထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~


မူဆယ်တွင် မိုးသည်းထန်မှုကြောင့်မြေပြို၍ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
*************
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် (၄၅-ကုန်း) နယ်မြေ (၁၇) ရှိ နေအိမ်တစ်လုံး ဇွန်လ(၂) ရက်နေ့ နံနက်အစောပိုင်းတွင် ပြိုကျကာ လူတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရသွားကြောင်း သိရသည်။
“ ဒီမနက်အစောပိုင်းက မိုးအရမ်းရွာလို့ လူနေရပ်ကွက်တစ်ခုထဲမှာ မြေပြိုတယ်။ နေအိမ်တစ်လုံးပြိုကျခဲ့တယ်။ အသက်(၁၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်။ သုံးဦးဒဏ်ရာရ ထားတယ်။ နေအိမ်ကတော့ အိမ်ခန်းနှစ်ခန်းပါတဲ့ နေအိမ်တစ်လုံးပဲ မိုးရွာလို့မြေစိုစွတ်ပြီး ပြိုကျသွားတာ ဖြစ်ပါတယ်” ဟု မူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးသောင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နံနက်(၇)နာရီခန့်တွင် နေအိမ်ပြိုကျသွား၍ သေဆုံးသွားသည့် အမျိုးသမီး တစ်ဦးနှင့် ဒဏ်ရာရရှိထားသူသုံးဦးအား မူဆယ်မြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားပြီး ဒဏ်ရာရရှိထားသူများအတွက် လိုအပ်သည့်ပစ္စည်းများ၊ အဝတ်အစားများ အား မူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်းမှ အကူအညီပေးနေကြောင်း သိရသည်။
“ဒဏ်ရာရထားတဲ့သူတွေကို ဆေးရုံကိုပို့ပေးနေတယ်။ အခင်းဖြစ်တဲ့နေရာကိုလည်း သွားပြီးစစ်ဆေးနေပါတယ်။ အခုလည်းမိုးတွေအရမ်းရွာနေတယ်။ အပြည့်အစုံတောင်မသိရသေးဘူး။ တစ်ဦးသေ၊ သုံးဦး ဒါဏ်ရာရထားတယ်။ နေအိမ်တစ်လုံး ပြိုကျသွားတယ်။ အဲဒီလောက်ပဲသိရသေးတယ်” ဟု မူဆယ်မြို့မရဲစခန်းမှ တာဝန်မှူးရဲအရာရှိတစ်ဦးက ပြောသည်။
ဇွန်လ(၁) ရက်နေ့ ညပိုင်းမှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဇွန်လ(၂) ရက် နံနက်ပိုင်းတွင် လူနေရပ်ကွက်တစ်ခုအတွင်း မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာမှ နေအိမ်တစ်လုံး ပြိုကျခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ဖြစ်ရပ်မျိုး ယခင်က ဖြစ်ပွားခဲ့ဖူးခြင်းမရှိကြောင်း ရဲအရာရှိထံမှ သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ဦးသောင်းထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~