ရွမ္းျပည္နယ္လႊတ္ေတာ္ဝင္ေပါက္ေရွ႕ လမ္းလယ္ကၽြန္းမွ ထင္းရူးပင္ေပ်ာက္ဆံုးမႈ စည္ပင္အမႈဖြင့္ထား

ရွမ္းျပည္နယ္လႊတ္ေတာ္ဝင္ေပါက္ေရွ႕ လမ္းလယ္ကၽြန္းမွ ထင္းရူးပင္ေပ်ာက္ဆံုးမႈ စည္ပင္အမႈဖြင့္ထား
ဇွန် 5, 2017
By 🌸
ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ ျပည္နယ္လႊတ္ေတာ္ဝင္ေပါက္ေရွ႕ ဗိုလ္ခ်ဳပ္လမ္းမေပၚရွိ လမ္းလယ္ကၽြန္းမွ နဂါးထင္းရွဴးပင္ႏွစ္ပင္ ခိုးယူသြားသူအား ႏုိင္ငံေတာ္ပိုင္ ပစၥည္းဖ်က္ဆီးမႈျဖင့္ ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရး ဦးစီးဌာနက ေတာင္ႀကီးၿမိဳ႕ အမွတ္(၁)ရဲစခန္းတြင္ ဇြန္လ (၄)ရက္ေန႔၌ အမႈဖြင့္လိုက္ေၾကာင္း သိရသည္။

“ ဗိုလ္ခ်ဳပ္မင္းလမ္းမမွာရွိတဲ့ လမ္းလယ္ကၽြန္းတိုင္းမွာ တစ္ကြက္တစ္ပင္တစ္ပင္ စိုက္ထားတာပါ။ တကယ္ကို ထူးဆန္းပါတယ္။ ႏႈတ္သြားတဲ့ႏွစ္ပင္ကလည္း လႊတ္ေတာ္အေပါက္ေရွ႕တည့္တည့္က လမ္းလယ္ကၽြန္းထဲက အပင္ပါ။ အပင္ႏႈတ္ပစ္ထားတယ္လို႔ ပို႔စ္တစ္ခုမွာတင္ထားေတာ့ ကၽြန္ေတာ္တို႔သြားၾကည့္တယ္။ တကယ္ကို ႏႈတ္ထားၿပီးေတာ့ ေသေသခ်ာခ်ာေလးနဲ႕ အေျခရင္းက ေသေသသပ္သပ္ ခုတ္ထားတာေတြ႕ရပါတယ္။ ၿပီးေတာ့ အပင္ကို အစဥ္လိုက္မခုတ္ဘဲ ေနရာေရြးၿပီးခုတ္ထားပါတယ္။ ဒီအတြက္ ကၽြန္ေတာ္တို႔ ရဲစခန္းမွာ အမႈဖြင့္ထားပါတယ္” ဟု ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဦးစီးဌာနမွ အမႈေဆာင္အရာရွိ ဦးေအးကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယခင္က ဆိုင္းဘုတ္မ်ားဖ်က္ဆီးခံရမႈမ်ားသာရိွခဲ့ၿပီး လမ္းလယ္ကၽြန္းမွ သစ္ပင္မ်ား ခုတ္ယူခံရျခင္းမွာ ယခုပထမဆံုးအႀကိမ္ျဖစ္ပြားျခင္းျဖစ္ေၾကာင္း ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာနမွ သိရသည္။
အဆိုပါ နဂါးထင္းရႈးပင္ႏွစ္ပင္အား ခုတ္ယူသြားသူကို ရဲတပ္ဖြဲ႔က စံုစမ္းရွာေဖြမႈမ်ားလုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း #ႏိုႏို
ဓါတ္ပံု #ေတာင္ႀကီးၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်လွှတ်တော်ဝင်ပေါက်ရှေ့ လမ်းလယ်ကျွန်းမှ ထင်းရူးပင်ပျောက်ဆုံးမှု စည်ပင်အမှုဖွင့်ထား
*************

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ပြည်နယ်လွှတ်တော်ဝင်ပေါက်ရှေ့ ဗိုလ်ချုပ်လမ်းမပေါ်ရှိ လမ်းလယ်ကျွန်းမှ နဂါးထင်းရှူးပင်နှစ်ပင် ခိုးယူသွားသူအား နိုင်ငံတော်ပိုင် ပစ္စည်းဖျက်ဆီးမှုဖြင့် တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနက တောင်ကြီးမြို့ အမှတ်(၁)ရဲစခန်းတွင် ဇွန်လ (၄)ရက်နေ့၌ အမှုဖွင့်လိုက်ကြောင်း သိရသည်။

“ ဗိုလ်ချုပ်မင်းလမ်းမမှာရှိတဲ့ လမ်းလယ်ကျွန်းတိုင်းမှာ တစ်ကွက်တစ်ပင်တစ်ပင် စိုက်ထားတာပါ။ တကယ်ကို ထူးဆန်းပါတယ်။ နှုတ်သွားတဲ့နှစ်ပင်ကလည်း လွှတ်တော်အပေါက်ရှေ့တည့်တည့်က လမ်းလယ်ကျွန်းထဲက အပင်ပါ။ အပင်နှုတ်ပစ်ထားတယ်လို့ ပို့စ်တစ်ခုမှာတင်ထားတော့ ကျွန်တော်တို့သွားကြည့်တယ်။ တကယ်ကို နှုတ်ထားပြီးတော့ သေသေချာချာလေးနဲ့ အခြေရင်းက သေသေသပ်သပ် ခုတ်ထားတာတွေ့ရပါတယ်။ ပြီးတော့ အပင်ကို အစဉ်လိုက်မခုတ်ဘဲ နေရာရွေးပြီးခုတ်ထားပါတယ်။ ဒီအတွက် ကျွန်တော်တို့ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်” ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခင်က ဆိုင်းဘုတ်များဖျက်ဆီးခံရမှုများသာရှိခဲ့ပြီး လမ်းလယ်ကျွန်းမှ သစ်ပင်များ ခုတ်ယူခံရခြင်းမှာ ယခုပထမဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ နဂါးထင်းရှုးပင်နှစ်ပင်အား ခုတ်ယူသွားသူကို ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေမှုများလုပ်ဆောင်နေကြောင်း သိရသည်။

သတင်း #နိုနို
ဓါတ်ပုံ #တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~