တာချီလိတ်တွင် ကျင်းပမည့် Miss Universe Tachileik 2017 ပြိုင်ပွဲသို့ ရှမ်း(အရှေ့)မှ ၀င်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် ဇွန်လ(၂၅)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်

တာချီလိတ်တွင် ကျင်းပမည့် Miss Universe Tachileik 2017 ပြိုင်ပွဲသို့ ရှမ်း(အရှေ့)မှ ၀င်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် ဇွန်လ(၂၅)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်
ဇှနျ 21, 2017
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် တာချီလိတ်မြို့ တစ်ခုတည်းက မဟုတ်ဘဲ ရှမ်းပြည်နယ် အရှေ့ပိုင်း တစ်ခုလုံးကနေပြီး လာရောက် ပါဝင်ယှဉ်ပြိုင်နိုင်မည့် Miss Universe Tachileik 2017 ပြိုင်ပွဲအား ဇူလိုင်လ (၂)ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဇွန်လ(၂၁)ရက်နေ့အထိ စာရင်းပေးထားကြသူ ပြိုင်ပွဲဝင် စာရင်းမှာ စုစုပေါင်း (၂၀)ဦး ရှိနေပြီး ဇွန်လ(၂၅)ရက်နေ့ ညနေပိုင်း အချိန်အထိ စာရင်း လာရောက် ပေးနိုင်ကြောင်း သိရသည်။



ပြိုင်ပွဲအား တာချီလိတ်မြို့ရှိ ပါလျှံတရုတ်ဘုံကျောင်းတွင် ဇူလိုင်လ(၂)ရက်နေ့ ညနေ(၅)နာရီခွဲမှ စ၍ ကျင်းပပြုလုပ်မည် ဖြစ်သည့်အတွက် ပြိုင်ပွဲသို့ ၀င်ရောက်လိုသူများ အနေဖြင့် ဇွန်လ(၂၅)ရက်နေ့ နောက်ဆုံးထား၍ တာချီလိတ်မြို့ ရှိ ရွှေဘူးသီး ဟိုတယ် နှင့် ပလပ်တီနမ်စတားဟိုတယ်တို့တွင် လျှောက်လွှာများ ယူ၍ လျှောက်ထားနိုင်ပြီး 09-420759539၊ 09254965186၊ 09-0949333355 နှင့် 09428372198 သို့ ဖုန်းဖြင့် ဆက်သွယ်၍လည်း မေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။






~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် တာချီလိတ်မြို့ တစ်ခုတည်းက မဟုတ်ဘဲ ရှမ်းပြည်နယ် အရှေ့ပိုင်း တစ်ခုလုံးကနပြေီး လာရောက် ပါဝင်ယှဉ်ပြိုင်နိုင်မည့် Miss Universe Tachileik 2017 ပြိုင်ပွဲအား ဇူလိုင်လ (၂)ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဇွန်လ(၂၁)ရက်နေ့အထိ စာရင်းပေးထားကြသူ ပြိုင်ပွဲဝင် စာရင်းမှာ စုစုပေါင်း (၂၀)ဦး ရှိနပြေီး ဇွန်လ(၂၅)ရက်နေ့ ညနေပိုင်း အချိန်အထိ စာရင်း လာရောက် ပေးနိုင်ကြောင်း သိရသည်။

"လောလောဆယ်တော့ လာပြီး စာရင်းပေးထားတာ (၂၀)ဦး ရှိနေပါပြီ။ အခု ကျွန်တော်တို့ ကျိုင်းတုံမှာလည်း ပြိုင်ပွဲဝင်ချင်တဲ့သူတွေရှိတယ်သိရလို့ ကျိုင်းတုံမှာလည်း စာရင်းယူနေပါတယ်"ဟု Miss Universe Tachileik 2017 ပြိုင်ပွဲ ကျင်းပရေးမှ တာချီလိတ် တာဝန်ခံ ကိုအာကာ က ပြောသည်။

အဆိုပါ ပြိုင်ပွဲတွင် Miss Universe Tachileik 2017 အဖြစ် ရွေးချယ်ခံရသူအား ကျပ်(၁၀)သိန်း၊ 1st Runner Up ရရှိသူကို ကျပ်(၅)သိန်း နှင့် 2st Runner Upရရှိသူကို ကျပ်(၃)သိန်း အပြင် အခြား Title ဆုများစွာလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအား တာချီလိတ်မြို့ရှိ ပါလျှံတရုတ်ဘုံကျောင်းတွင် ဇူလိုင်လ(၂)ရက်နေ့ ညနေ(၅)နာရီခွဲမှ စ၍ ကျင်းပပြုလုပ်မည် ဖြစ်သည့်အတွက် ပြိုင်ပွဲသို့ ဝင်ရောက်လိုသူများ အနဖြေင့် ဇွန်လ(၂၅)ရက်နေ့ နောက်ဆုံးထား၍ တာချီလိတ်မြို့ ရှိ ရွှေဘူးသီး ဟိုတယ် နှင့် ပလပ်တီနမ်စတားဟိုတယ်တို့တွင် လျှောက်လွှာများ ယူ၍ လျှောက်ထားနိုင်ပြီး 09-420759539၊ 09254965186၊ 09-0949333355 နှင့် 09428372198 သို့ ဖုန်းဖြင့် ဆက်သွယ်၍လည်း မေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~