မင္းဘူးၿမိဳ႕တြင္ လမ္းေအာက္မွ ေရနံပိုက္လိုင္းေဟာင္းေပါက္၍ ေရနံမ်ားစိမ့္ထြက္ေန

မင္းဘူးၿမိဳ႕တြင္ လမ္းေအာက္မွ ေရနံပိုက္လိုင္းေဟာင္းေပါက္၍ ေရနံမ်ားစိမ့္ထြက္ေန
ဇွန် 4, 2017
By 🌸
မေကြးတုိင္းေဒသႀကီး မင္းဘူးၿမိဳ႕တြင္ ဇြန္ (၄)ရက္ နံနက္ပိုင္းက ေရနံမ်ားလွ်ံထြက္လာျခင္းမွာ မင္းဘူး/စကု ၿမိဳ႕နယ္ မန္းေရနံမွ ေထာက္ရွာပင္ ကၽြဲသုံးေျမာင္ေရနံကန္သုိ႔ ေပးပို႔ေနေသာ ေရနံပိုက္လုိင္းေဟာင္းမွ လက္က်န္ေရနံမ်ားကို ကြန္ပရက္ဆာျဖင္႔ ေမာင္းလိုက္၍ ပိုက္လိုင္းေပါက္ေနသည္႔ေနရာမွ ထြက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

“ေရနံပိုက္လိုင္းအေဟာင္းထဲမွာ က်န္ေနတဲ႔ေရနံေတြကို ကြန္ပရက္ဆာသံုးၿပီး ေမာင္းထုတ္တာမွာ ပိုက္လိုင္းေပါက္ေနတဲ႔ေနရာက ေျမေပၚကိုလွ်ံထြက္တာပါ။ ဒီပိုက္လိုင္းအေဟာင္းက ၁၉၇၀ ခုႏွစ္ေလာက္ကတည္း က သံုးခဲ႔တာျဖစ္ၿပီး လက္ရိွပိုက္လိုင္းအသစ္နဲ႔ အသံုးျပဳေနတာပါ”ဟု မန္းေရနံေျမ အေထြေထြမန္ေနဂ်ာ ဦးရဲနိင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာၾကားသည္။

စည္ပင္သာယာေရးဦးစီးဌာနႏွင္႔ညိွႏိွဳင္းကာ ကတၱရာလမ္းကိုေဖာက္၍ အဆိုပါေရနံပိုက္လုိင္းအား ဖာေထးၿပီး ေရနံစိုေနေသာေျမမ်ားကို သယ္ထုတ္ကာ ေျမနီျပန္ခင္းျခင္းကို အျမန္ဆံုးလုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

မင္းဘူးၿမိဳ႕ အမွတ္(၁) ရပ္ကြက္အုပ္ခ်ဳပ္ေရးရံုးအနီး၊ ေက်ာက္တန္းလမ္းမေအာက္မွ ေရနံမ်ားေျမေပၚသို႔ လွ်ံထြက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

“ေရနံထြက္ရိွတဲ႔ေဒသျဖစ္ေနတာေၾကာင္႔ ေျမေပၚကိုေရနံေတြလွ်ံထြက္ေနတာေတြ႔ရေတာ႔ စိတ္ဝင္ တစားျဖစ္ကုန္ၾကတယ္။ အခုေတာ႔ တာဝန္ရိွသူေတြေရာက္လာၿပီး ရွင္းျပလို႔ အျဖစ္မွန္ကို သိရပါၿပီ”ဟု မင္းဘူးၿမိဳ႕ အမွတ္(၂)ရပ္ကြက္ေန ဦးတင္ေရႊက ေျပာသည္။

မူလက အဆိုပါပိုက္လိုင္းမွာ ေျမေပၚတြင္သာရိွခဲ႔ေသာ္လည္း ကတၱရာလမ္းခင္းလိုက္သျဖင္႔ လမ္း ေအာက္သို႔ေရာက္ရိွသြားၿပီး လမ္း၏တုန္ခါမႈေၾကာင္႔ ပိုက္ေပါက္ျခင္းျဖစ္ႏုိင္ေၾကာင္း  မန္းေရနံေျမ အေထြေထြမန္ေနဂ်ာ ဦးရဲနိင္ထံမွ သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္္

~~~~~~~~⊰❂ unicode ~~~~~~~~

မင်းဘူးမြို့တွင် လမ်းအောက်မှ ရေနံပိုက်လိုင်းဟောင်းပေါက်၍ ရေနံများစိမ့်ထွက်နေ
*************

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် ဇွန် (၄)ရက် နံနက်ပိုင်းက ရေနံများလျှံထွက်လာခြင်းမှာ မင်းဘူး/စကုမြို့နယ် မန်းရေနံမှ ထောက်ရှာပင် ကျွဲသုံးမြောင်ရေနံကန်သို့ ပေးပို့နေသော ရေနံပိုက်လိုင်းဟောင်းမှ လက်ကျန်ရေနံများကို ကွန်ပရက်ဆာဖြင့် မောင်းလိုက်၍ ပိုက်လိုင်းပေါက်နေသည့်နေရာမှ ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ရေနံပိုက်လိုင်းအဟောင်းထဲမှာ ကျန်နေတဲ့ရေနံတွေကို ကွန်ပရက်ဆာသုံးပြီး မောင်းထုတ်တာမှာ ပိုက်လိုင်းပေါက်နေတဲ့နေရာက မြေပေါ်ကိုလျှံထွက်တာပါ။ ဒီပိုက်လိုင်းအဟောင်းက ၁၉၇၀ ခုနှစ်လောက်ကတည်း က သုံးခဲ့တာဖြစ်ပြီး လက်ရှိပိုက်လိုင်းအသစ်နဲ့ အသုံးပြုနေတာပါ”ဟု မန်းရေနံမြေ အထွေထွေမန်နေဂျာ ဦးရဲနိင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားသည်။

စည်ပင်သာယာရေးဦးစီးဌာနနှင့်ညှိနှိုင်းကာ ကတ္တရာလမ်းကိုဖောက်၍ အဆိုပါရေနံပိုက်လိုင်းအား ဖာထေးပြီး ရေနံစိုနေသောမြေများကို သယ်ထုတ်ကာ မြေနီပြန်ခင်းခြင်းကို အမြန်ဆုံးလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

မင်းဘူးမြို့ အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးရုံးအနီး၊ ကျောက်တန်းလမ်းမအောက်မှ ရေနံများမြေပေါ်သို့ လျှံထွက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ရေနံထွက်ရှိတဲ့ဒေသဖြစ်နေတာကြောင့် မြေပေါ်ကိုရေနံတွေလျှံထွက်နေတာတွေ့ရတော့ စိတ်ဝင် တစားဖြစ်ကုန်ကြတယ်။ အခုတော့ တာဝန်ရှိသူတွေရောက်လာပြီး ရှင်းပြလို့ အဖြစ်မှန်ကို သိရပါပြီ”ဟု မင်းဘူးမြို့ အမှတ်(၂)ရပ်ကွက်နေ ဦးတင်ရွှေက ပြောသည်။

မူလက အဆိုပါပိုက်လိုင်းမှာ မြေပေါ်တွင်သာရှိခဲ့သော်လည်း ကတ္တရာလမ်းခင်းလိုက်သဖြင့် လမ်း အောက်သို့ရောက်ရှိသွားပြီး လမ်း၏တုန်ခါမှုကြောင့် ပိုက်ပေါက်ခြင်းဖြစ်နိုင်ကြောင်း  မန်းရေနံမြေ အထွေထွေမန်နေဂျာ ဦးရဲနိင်ထံမှ သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ််

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~