
ဇှနျ 6, 2017
By 🌸



~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးမှ သဘာဝစိမ်းအဖွဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်
*************
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် သဘာဝစိမ်း (မန္တလေး)နှင့် သဘာဝစိမ်း (တံတားဦး)တို့၏ ပူးပေါင်းအစီအစဉ်ဖြင့် ရွှေကျင်တိုက်မကြီးအတွင်း ဇွန်လ (၅)ရက်နေ့က သစ်ပင်စိုက်ပျိုးကြကြောင်း သိရသည်။
"သဘာဝစိမ်းအဖွဲ့အနေနဲ့ နှစ်စဉ်မိုးရာသီတိုင်းမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်မျိုးစုံကို စိုက်ပျိုးကြပါတယ်။ ဒီနေ့လုပ်တဲ့ပွဲဟာ ယခုနှစ်မိုးရာသီအတွက် စတင်ဆောင်ရွက်တဲ့ ဖွင့်ပွဲလည်းဖြစ်ပါတယ်။ နောက်ထပ် သစ်ပင်တွေအများကြီးစိုက်ပျိုးဖို့ စီစဉ်ထားပါတယ်။ ဒီနေ့ကတော့ နေရာအခက်အခဲကြောင့် ကျွန်းပင် (၁၀၀)ပဲ စိုက်ပျိုးဖြစ်ခဲ့ပါတယ်"ဟု သဘာဝစိမ်းအဖွဲ့ဝင် မခင်မျိုးနွယ်က ပြောသည်။
ရွှေကျင်တိုက်မကြီးအတွင်း လုမ္ဗိနီအင်ကြင်းပင်တစ်ပင်နှင့် ကျွန်းပင် (၁၀၀)အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #မောင်ယဉ်ကျေး
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~