ေက်ာက္မဲၿမိဳ႕စတိုးဆိုင္သို႔ ေပးပို႔သည့္ပါဆယ္ထုပ္တြင္ ဗံုးတစ္လံုးေတြ႔ရိွ

ေက်ာက္မဲၿမိဳ႕စတိုးဆိုင္သို႔ ေပးပို႔သည့္ပါဆယ္ထုပ္တြင္ ဗံုးတစ္လံုးေတြ႔ရိွ
ဇွန် 3, 2017
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ ပင္လံုလမ္းမရိွ စတိုးဆုိင္သို႔ ဇြန္လ (၃)ရက္ေန႔ ည(၇)နာရီခြဲခန္႔တြင္ လူတစ္ဦးက ေပးပို႔လာသည့္ ပါဆယ္ထုပ္တြင္ ဗံုးတစ္လံုးေတြ႔ရိွရသျဖင့္ သက္ဆုိင္ရာက စံုစမ္းစစ္ေဆးမႈ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ညေန(၇)နာရီခြဲေလာက္မွာ ဆိုင္ကမိန္းကေလးဝန္ထမ္းတစ္ဦးကို လူတစ္ေယာက္က ပါဆယ္တစ္ထုပ္ လာေပးသြားတာ။ ဆိုင္ကယ္စီးလာတဲ့အမ်ိဳးသားငယ္တစ္ဦး၊ သနပ္ခါးပါးကြက္ၾကား လိမ္းထားတယ္ ဆိုတာပဲ သိလိုက္တယ္။ ပါဆယ္ထဲမွာက ဖန္ခြက္သံုးလုံးနဲ႔ လက္ပစ္ဗံုးတစ္လံုးပါလာတာကို ေတြ႔ရတာနဲ႔ သက္ဆိုင္ရာကို အေၾကာင္းၾကားလိုက္တာ ျဖစ္ပါတယ္”ဟု စတိုးဆိုင္ပိုင္ရွင္ ဦးထြန္းထြန္းျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေအာင္ စတိုးဆိုင္သည္ အဝတ္အထည္ႏွင့္ေရႊထည္ပစၥည္းမ်ားေရာင္းခ်ျခင္းျဖစ္ၿပီး အဆိုပါဆိုင္အား ယခင္ကလည္း လက္နက္ကိုင္အဖြဲ႔မွ ဆက္ေၾကးေတာင္းခံစာေပးပို႔ျခင္း၊ ေငြေၾကးေပးေဆာင္ရျခင္းမ်ားရိွသျဖင့္ လက္နက္ကိုင္အဖြဲ႕တစ္ခုမွ လာေရာက္ ပို႔ေဆာင္သြားျခင္းျဖစ္ႏုိင္သည္ ဆုိင္ပိုင္ရွင္ကခန္႔မွန္းသည္။

“ပါဆယ္ထဲမွာကေတာ့ ဖန္ခြက္သံုးလံုးရယ္၊ လက္ပစ္ဗံုးတစ္လံုးရယ္ပါတယ္။ ဆိုင္ရွင္က ပါဆယ္ထုပ္ကိုဖြင့္ ေဖါက္ထားၿပီးမွ ဗံုးကိုေတြ႔လို႔ သက္ဆိုင္ရာကိုအေၾကာင္းၾကားခဲ့တာ။ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔ရယ္၊ နယ္ေျမခံတပ္ရင္းရယ္ စစ္ေဆးမႈေတြ လုပ္ထားပါတယ္။ ဗံုးကိုေတာ့အသက္မဲ့ေအာင္ လုပ္ထားတယ္။ ဗံုးမွာပါတဲ့ ပင္ကို ဆြဲမျဖဳတ္မိလို႔ ဘာမွအပ်က္အစီးမရွိခဲ့ပါဘူး။ ဒီအတိုင္းပဲ စစ္ေဆးေတြ႔ရွိရပါတယ္”ဟု အခင္းျဖစ္ပြားရာေနရာသို႔ လာေရာက္ စစ္ေဆးေနသည့္ ေက်ာက္မဲၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ ရဲအုပ္တစ္ဦးက ေျပာသည္။

ပါဆယ္ထုပ္ပို႔ေဆာင္သူ၏ပံုရိပ္အား စီစီတီဗီတြင္ ဖမ္းထားႏုိင္ေၾကာင္း သိရၿပီး သက္ဆိုင္ရာက လိုအပ္သည့္စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~

ကျောက်မဲမြို့စတိုးဆိုင်သို့ ပေးပို့သည့်ပါဆယ်ထုပ်တွင် ဗုံးတစ်လုံးတွေ့ရှိ
*************
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ ပင်လုံလမ်းမရှိ စတိုးဆိုင်သို့ ဇွန်လ (၃)ရက်နေ့ ည(၇)နာရီခွဲခန့်တွင် လူတစ်ဦးက ပေးပို့လာသည့် ပါဆယ်ထုပ်တွင် ဗုံးတစ်လုံးတွေ့ရှိရသဖြင့် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း သိရသည်။

“ညနေ(၇)နာရီခွဲလောက်မှာ ဆိုင်ကမိန်းကလေးဝန်ထမ်းတစ်ဦးကို လူတစ်ယောက်က ပါဆယ်တစ်ထုပ် လာပေးသွားတာ။ ဆိုင်ကယ်စီးလာတဲ့အမျိုးသားငယ်တစ်ဦး၊ သနပ်ခါးပါးကွက်ကြား လိမ်းထားတယ် ဆိုတာပဲ သိလိုက်တယ်။ ပါဆယ်ထဲမှာက ဖန်ခွက်သုံးလုံးနဲ့ လက်ပစ်ဗုံးတစ်လုံးပါလာတာကို တွေ့ရတာနဲ့ သက်ဆိုင်ရာကို အကြောင်းကြားလိုက်တာ ဖြစ်ပါတယ်”ဟု စတိုးဆိုင်ပိုင်ရှင် ဦးထွန်းထွန်းမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အောင် စတိုးဆိုင်သည် အဝတ်အထည်နှင့်ရွှေထည်ပစ္စည်းများရောင်းချခြင်းဖြစ်ပြီး အဆိုပါဆိုင်အား ယခင်ကလည်း လက်နက်ကိုင်အဖွဲ့မှ ဆက်ကြေးတောင်းခံစာပေးပို့ခြင်း၊ ငွေကြေးပေးဆောင်ရခြင်းများရှိသဖြင့် လက်နက်ကိုင်အဖွဲ့တစ်ခုမှ လာရောက် ပို့ဆောင်သွားခြင်းဖြစ်နိုင်သည် ဆိုင်ပိုင်ရှင်ကခန့်မှန်းသည်။

“ပါဆယ်ထဲမှာကတော့ ဖန်ခွက်သုံးလုံးရယ်၊ လက်ပစ်ဗုံးတစ်လုံးရယ်ပါတယ်။ ဆိုင်ရှင်က ပါဆယ်ထုပ်ကိုဖွင့် ဖေါက်ထားပြီးမှ ဗုံးကိုတွေ့လို့ သက်ဆိုင်ရာကိုအကြောင်းကြားခဲ့တာ။ မြို့နယ်ရဲတပ်ဖွဲ့ရယ်၊ နယ်မြေခံတပ်ရင်းရယ် စစ်ဆေးမှုတွေ လုပ်ထားပါတယ်။ ဗုံးကိုတော့အသက်မဲ့အောင် လုပ်ထားတယ်။ ဗုံးမှာပါတဲ့ ပင်ကို ဆွဲမဖြုတ်မိလို့ ဘာမှအပျက်အစီးမရှိခဲ့ပါဘူး။ ဒီအတိုင်းပဲ စစ်ဆေးတွေ့ရှိရပါတယ်”ဟု အခင်းဖြစ်ပွားရာနေရာသို့ လာရောက် စစ်ဆေးနေသည့် ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးက ပြောသည်။

ပါဆယ်ထုပ်ပို့ဆောင်သူ၏ပုံရိပ်အား စီစီတီဗီတွင် ဖမ်းထားနိုင်ကြောင်း သိရပြီး သက်ဆိုင်ရာက လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~